အေဖဖုန္းဆက္ရင္​ေတာ့ သားဖုန္းကိုင္ေစခ်င္တယ္လို႔ ရင္​ဖြင္​့ေျပာျပလာ​ေသာ သ႐ုပ္ေဆာင္ျမင့္ျမတ္ရဲ႕ ဖခင္ ဦးျမင့္ေက်ာ္ (႐ုပ္​သံ)

ပရိသတ္ႀကီးေရ သဘာဝမင္းသားလို႔ပရိသတ္ေတြ တင္စားေခၚေဝၚၾကတဲ့ မင္းသားေခ်ာျမင့္ျမတ္ကေတာ့ သာယာေပ်ာ္႐ႊင္စရာမိသားစုဘဝေလးကို တည္ေထာင္ထားတာျဖစ္ၿပီး ပရိသတ္ေတြ အားက်ခ်စ္ခင္ရတဲ့ သူေလးျဖစ္ပါတယ္။ သူဟာက်ရာဇာတ္႐ုပ္ကိုလည္းအပီအျပင္

သ႐ုပ္ေဆာင္ႏိုင္တဲ့သူေလးျဖစ္ၿပီး အကယ္ဒမီထူးခြၽန္ဆုႀကီးကိုလည္းရရွိထားသူတစ္ေယာက္ပါေနာ္။ ျမင့္ျမတ္ဟာ အႏုပညာေလာကမွာလည္း ႏွစ္ေပါင္းအေတာ္ၾကာ ရပ္တည္ေအာင္ျမင္ေနတာလည္းျဖစ္ၿပီး ဒိတ္ဒိတ္ႀကဲမင္းသားတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ျမင့္ျမတ္ကေတာ့

မိသားစုေတြကို ပရိတ္ေရွ႕ခ်ျပတာနဲလွပါတယ္။ ျမင့္ျမတ္ရဲ႕ ဖခင္ ယခုအခ်ိန္မွာ Taxi ေမာင္းေနရၿပီး ဖုန္းဆက္တဲ့အခ်ိန္မွာ သားကိုဖုန္းကိုင္ေစခ်င္တဲ့အေၾကာင္းေလးေျပာျပလာပါတယ္။ ျမင့္ျမတ္ရဲ႕ အေဖ ဦးျမင့္ေက်ာ္က “အခုေလာေလာဆယ္ စားဖို႔အတြက္နဲ႔လစဥ္သြင္းရမယ့္

ေငြေလးေတြရွိေနတာေၾကာင့္ လိုအပ္ခ်က္ အရ မျဖစ္မေန Taxi ကားေမာင္းျဖစ္ေနတာပါ။ ကိုယ့္ဘ၀ ကို႐ုန္းကန္ေနတာပါ။ သားလုပ္တဲ့သူက မိသားစု အေပၚမွာ သိတတ္ပါတယ္။ အင္မတန္လည္း ေတာ္တယ္။ Taxi ေမာင္းတယ္ဆိုေပမယ့္ ကိုယ့္သားရဲ႕ဂုဏ္သိကၡာကိုမထိခိုက္ေစခ်င္လို႔

သပ္သပ္ရပ္ရပ္ဝတ္စားၿပီး ေမာင္းပါတယ္။ ဦးေၾကာင့္သားစိတ္အေႏွာက္အယွက္ ျဖစ္ေစမယ့္ အလုပ္မ်ိဳးေတြကိုေရွာင္တယ္။ သားကို မ်ားမ်ားေတာ့ မေျပာခ်င္ပါဘူး အေဖ ဖုန္းဆက္ရင္ သား ကိုင္ေစခ်င္တယ္” လို႔ ေျပာလာခဲ့ပါတယ္။ ပရိသတ္ႀကီးအတြက္ သ႐ုပ္ေဆာင္ျမင့္ျမတ္ရဲ႕အေဖ

ဦးျမင့္ေက်ာ္ရဲ႕ interview ဗီဒီယိုဖိုင္ေလးကိုေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ပရိသတ်ကြီးရေ သဘာဝမင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်းအပီအပြင်

သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်းရရှိထားသူတစ်ယောက်ပါနော်။ မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။ မြင့်မြတ်ကတော့

မိသားစုတွေကို ပရိတ်ရှေ့ချပြတာနဲလှပါတယ်။ မြင့်မြတ်ရဲ့ ဖခင် ယခုအချိန်မှာ Taxi မောင်းနေရပြီး ဖုန်းဆက်တဲ့အချိန်မှာ သားကိုဖုန်းကိုင်စေချင်တဲ့အကြောင်းလေးပြောပြလာပါတယ်။ မြင့်မြတ်ရဲ့ အဖေ ဦးမြင့်ကျော်က “အခုလောလောဆယ် စားဖို့အတွက်နဲ့လစဉ်သွင်းရမယ့်

ငွေလေးတွေရှိနေတာကြောင့် လိုအပ်ချက် အရ မဖြစ်မနေ Taxi ကားမောင်းဖြစ်နေတာပါ။ ကိုယ့်ဘ၀ ကိုရုန်းကန်နေတာပါ။ သားလုပ်တဲ့သူက မိသားစု အပေါ်မှာ သိတတ်ပါတယ်။ အင်မတန်လည်း တော်တယ်။ Taxi မောင်းတယ်ဆိုပေမယ့် ကိုယ့်သားရဲ့ဂုဏ်သိက္ခာကိုမထိခိုက်စေချင်လို့

သပ်သပ်ရပ်ရပ်ဝတ်စားပြီး မောင်းပါတယ်။ ဦးကြောင့်သားစိတ်အနှောက်အယှက် ဖြစ်စေမယ့် အလုပ်မျိုးတွေကိုရှောင်တယ်။ သားကို များများတော့ မပြောချင်ပါဘူး အဖေ ဖုန်းဆက်ရင် သား ကိုင်စေချင်တယ်” လို့ ပြောလာခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် သရုပ်ဆောင်မြင့်မြတ်ရဲ့အဖေ

ဦးမြင့်ကျော်ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်