ေပါင္(၁.၄)သန္းတန္ရတနာသိုက္ႀကီးကုိ​ေတြ႔ရွိခဲ့သူအား ဆုလာဘ္အျဖစ္ေထာင္(၅)ႏွစ္ခ်ခံခဲ့ရ

အေမရိကန္နာမည္ေက်ာ္ရတနာမုဆိုးတစ္ဦးျဖစ္တဲ့Tommy Thompson ကေတာ့​ေပါင္(၁.၄)သန္းတန္ရေအာက္ရတနာသိုက္ႀကီးေတြရွိခဲ့တယ္လို႔ သတင္းႀကီးခဲ့သူပါ။ အခုေတာ့ သူ႔ကို အေမရိကန္အာဏာပိုင္ေတြက ရတနာေတြကို ဝွက္ထားလို႔ဆိုၿပီးေထာင္ဒဏ္(၅)ႏွစ္ခ်မွတ္လိုက္ၿပီလို႔

သိရပါတယ္။Tommy ကေတာ့ရတနာေတြရွိတဲ့ေနရာကိုသူလုံးဝသတိမရေတာဘူးလို႔ဆိုပါတယ္။Tommy ဟာaရွးေဟာင္းေ႐ႊဒဂၤါး အျပား(၅၀၀)ေလာက္ကို ရရွိထားသူလို႔ သိရၿပီး၊ တန္ဖိုးအားျဖင့္ ေပါင္တစ္သန္းခြဲေလာက္ရွိေနပါတယ္။ ဒီရတနာေတြကို သူဘယ္မွာဝွက္ထားတယ္ဆိုတာ

သူကလြဲၿပီးဘယ္သူမွမသိႏိုင္ပါဘူး။ ရင္းနီးျမႇဳပ္ႏွံသူေတြက သူတို႔ကိုမလိမ့္တစ္ပတ္လုပ္ထားတယ္လို႔ သိၿပီးေနာက္လုံးဝမေက်နပ္ဘဲ တရားစြဲဆိုေတာ့ သူဟာထြက္ေျပးတိမ္းေရွာင္ေနရင္းထိပ္တိုက္ရင္ဆိုင္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။ အကယ္၍ Tommyအေနနဲ႔ရတနာေတြဝွက္ထားတဲ့

​ေနရာကိုေျပာမယ္ဆိုရင္ေထာင္(၁၈)လသာက်မွာျဖစ္ၿပီး၊ သူ႔အေနနဲ႔ကလည္းေထာင္က်မွေတာ့မထူးဘူးဆိုၿပီး ရတနာေတြရွိတဲ့ေနရာကိုၫႊန္ျပဖို႔ ျငင္းဆန္ခဲ့ဟန္တူပါတယ္။ (၁၈၅၇)ခုႏွစ္က ေတာင္ကယ္႐ိုလိုင္းနားကမ္း႐ိုးတန္းနဲ႔ အေတာ္လွမ္းလွမ္း ပင္လယ္ျပင္မွာနစ္ျမဳပ္ခဲ့တဲ့

S.S Central America သေဘၤာကို Tommy ကႏွစ္ေပါင္းေတာ္ေတာ္ၾကာေအာင္ေထာက္လွမ္းရင္းရွာေဖြေတြ႕ရွိခဲ့တယ္လို႔ဆိုပါတယ္။ အဆိုပါသေဘၤာမွာရတနာေတြ၊ေ႐ႊဒဂၤါးေတြသယ္ေဆာင္သြားခဲ့တာျဖစ္ၿပီး၊ (၁၉၈၈)ခုႏွစ္မွာ Tommy ကရတနာေတြထည့္ထားတဲ့ေသတၱာႀကီးကို

ေတြ႔ရွိခဲ့သလို၊ အထဲမွာလည္းေ႐ႊဒဂၤါးေတြ အျပည့္ပါတယ္လို႔ ဆိုပါတယ္။ အဲဒီသေဘၤာေတြ႔ရွိမႈမွာ ေတြ႔သူကို ခ်ီးက်ဴးဂုဏ္ျပဳျခင္း မျပဳတဲ့အျပင္ စီးပြားေရးအၾကပ္အတည္းျဖစ္ေစခဲ့တယ္လို႔ဆိုပါတယ္။ဘာေၾကာင့္ စီးပြားေရးအၾကပ္အတည္း ျဖစ္ခဲ့ရသလဲဆိုရင္ဒီရတနာသေဘၤာကိုရရွိဖို႔

ရင္းနီးျမႇဳပ္ႏွံသူ(၁၆၁)ေယာက္ကေငြေၾကးေဒၚလာ (၁၂.၇)သန္းအထိစိုက္ထုတ္ခဲ့ရၿပီး၊ တကယ္တမ္းအက်ိဳးအျမတ္လုံးဝမရတဲ့အခ်ိန္မွာစုေပါင္းၿပီးTommy ကိုတရားစြဲဆိုခဲ့တာပါ။ (၂၀၁၂)ခုႏွစ္မွာတရား႐ုံးကတစ္ခ်က္လႊတ္အာဏာနဲ႔ Tommy အေနနဲ႔ရတနာေတြဝွက္ထားတဲ့ေနရာကို

မျဖစ္မေနျပရမယ္လို႔ အမိန႔္ထုတ္ခဲ့ပါတယ္။ သို႔ေသာ္လည္း Tommy ဟာဖေလာ္ရီဒါကို ထြက္ေျပးတိမ္းေရွာင္ၿပီးငယ္ခ်စ္နဲ႔အတူဟိုတယ္အခန္းငွားၿပီးႏွပ္ေနခဲ့ပါတယ္။ သူ႔ကို (၂၀၁၅)မွာဖမ္းမိခဲ့ၿပီး၊ အမိန႔္ဖီဆန္မႈ၊ တရားရင္ဆိုင္ရန္ပ်က္ကြက္မႈအတြက္ ေထာင္ဒဏ္(၂)ႏွစ္အျပင္

ကန္ေဒၚလာ (၂)သိန္းခြဲခ်မွတ္ခဲ့ပါတယ္။ ရတနာေတြရွိတဲ့ေနရာကို လုံးဝမေျပာတာေၾကာင့္ သူ႔အမႈကို အၿပီးတိုင္စစ္ေဆးႏိုင္ျခင္းမရွိခဲ့ပါဘူး။ လက္ရွိမွာေတာ့သူဟာစုေပါင္းေထာင္ဒဏ္ (၇)ႏွစ္ ျဖစ္ပါတယ္။ အခုအခါမွာေတာ့တရား႐ုံးက သူ႔ကိုတရား႐ုံးကိုမထီမဲ့ျမင္ျပဳမႈအတြက္

​ေထာင္ဒဏ္အျပင္၊ ရတနာေတြဘယ္ေနရာမွာရွိတယ္ဆိုတာထုတ္မေျပာေသးသေ႐ြ႕တစ္ရက္လွ်င္အေမရိကန္ေဒၚလာ(၁၀၀၀)အထိ ဒဏ္ေငြေဆာင္ဖို႔အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရပါတယ္။ ဒီအမိန႔္ကိုေတာ့ Tommy ရဲ႕ေရွ႕ေနက ျပင္းထန္လြန္းေၾကာင္း၊ ဥပေဒကိုေဘာင္ေက်ာ္ျပီး

လုပ္ေဆာင္ထားတာျဖစ္ေၾကာင္း ကန႔္ကြက္ခဲ့ေပမယ့္ အတည္ျဖစ္သြားခဲ့ပါတယ္။ ဒါေပမယ့္ေခါင္းမာလြန္းတဲ့ Tommy ကေတာ့အဲဒီဒဏ္ေငြကိုလည္း ေပးေဆာင္ဖို႔မရွိဘဲ၊ တရား႐ုံးကဒီအတြက္ ျပစ္ဒဏ္ထပ္တိုးသြားရင္ေတာင္ေက်နပ္စြာ လက္ ခံေတာ့မယ္လို႔သူရဲ႕ေရွ႕ေနကေျကပါတယ္။

သူရဲ႕စုစုေပါင္းဒဏ္ေၾကးဟာေဒၚလာ (၁.၈)သန္းအထိ ရွိေၾကာင္း၊ အခုဆိုသူဟာ အသက္(၆၈)ႏွစ္ ရွိေနၿပီျဖစ္သလို၊ ပန္းနာေရာဂါနဲ႔အတူ မွတ္ဉာဏ္လည္း ခ်ိဳ႕ယြင္းစျပဳေနၿပီလို႔ သိရပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

အမေရိကန်နာမည်ကျော်ရတနာမုဆိုးတစ်ဦးဖြစ်တဲ့Tommy Thompson ကတော့ပေါင်(၁.၄)သန်းတန်ရအောက်ရတနာသိုက်ကြီးတွေရှိခဲ့တယ်လို့ သတင်းကြီးခဲ့သူပါ။ အခုတော့ သူ့ကို အမေရိကန်အာဏာပိုင်တွေက ရတနာတွေကို ဝှက်ထားလို့ဆိုပြီးထောင်ဒဏ်(၅)နှစ်ချမှတ်လိုက်ပြီလို့

သိရပါတယ်။Tommy ကတော့ရတနာတွေရှိတဲ့နေရာကိုသူလုံးဝသတိမရတောဘူးလို့ဆိုပါတယ်။Tommy ဟာaရှးဟောင်းရွှေဒင်္ဂါး အပြား(၅၀၀)လောက်ကို ရရှိထားသူလို့ သိရပြီး၊ တန်ဖိုးအားဖြင့် ပေါင်တစ်သန်းခွဲလောက်ရှိနေပါတယ်။ ဒီရတနာတွေကို သူဘယ်မှာဝှက်ထားတယ်ဆိုတာ

သူကလွဲပြီးဘယ်သူမှမသိနိုင်ပါဘူး။ ရင်းနီးမြှုပ်နှံသူတွေက သူတို့ကိုမလိမ့်တစ်ပတ်လုပ်ထားတယ်လို့ သိပြီးနောက်လုံးဝမကျေနပ်ဘဲ တရားစွဲဆိုတော့ သူဟာထွက်ပြေးတိမ်းရှောင်နေရင်းထိပ်တိုက်ရင်ဆိုင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ အကယ်၍ Tommyအနေနဲ့ရတနာတွေဝှက်ထားတဲ့

နေရာကိုပြောမယ်ဆိုရင်ထောင်(၁၈)လသာကျမှာဖြစ်ပြီး၊ သူ့အနေနဲ့ကလည်းထောင်ကျမှတော့မထူးဘူးဆိုပြီး ရတနာတွေရှိတဲ့နေရာကိုညွှန်ပြဖို့ ငြင်းဆန်ခဲ့ဟန်တူပါတယ်။ (၁၈၅၇)ခုနှစ်က တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းနဲ့ အတော်လှမ်းလှမ်း ပင်လယ်ပြင်မှာနစ်မြုပ်ခဲ့တဲ့

S.S Central America သင်္ဘောကို Tommy ကနှစ်ပေါင်းတော်တော်ကြာအောင်ထောက်လှမ်းရင်းရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါသင်္ဘောမှာရတနာတွေ၊ရွှေဒင်္ဂါးတွေသယ်ဆောင်သွားခဲ့တာဖြစ်ပြီး၊ (၁၉၈၈)ခုနှစ်မှာ Tommy ကရတနာတွေထည့်ထားတဲ့သေတ္တာကြီးကို

တွေ့ရှိခဲ့သလို၊ အထဲမှာလည်းရွှေဒင်္ဂါးတွေ အပြည့်ပါတယ်လို့ ဆိုပါတယ်။ အဲဒီသင်္ဘောတွေ့ရှိမှုမှာ တွေ့သူကို ချီးကျူးဂုဏ်ပြုခြင်း မပြုတဲ့အပြင် စီးပွားရေးအကြပ်အတည်းဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။ဘာကြောင့် စီးပွားရေးအကြပ်အတည်း ဖြစ်ခဲ့ရသလဲဆိုရင်ဒီရတနာသင်္ဘောကိုရရှိဖို့

ရင်းနီးမြှုပ်နှံသူ(၁၆၁)ယောက်ကငွေကြေးဒေါ်လာ (၁၂.၇)သန်းအထိစိုက်ထုတ်ခဲ့ရပြီး၊ တကယ်တမ်းအကျိုးအမြတ်လုံးဝမရတဲ့အချိန်မှာစုပေါင်းပြီးTommy ကိုတရားစွဲဆိုခဲ့တာပါ။ (၂၀၁၂)ခုနှစ်မှာတရားရုံးကတစ်ချက်လွှတ်အာဏာနဲ့ Tommy အနေနဲ့ရတနာတွေဝှက်ထားတဲ့နေရာကို

မဖြစ်မနေပြရမယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။ သို့သော်လည်း Tommy ဟာဖလော်ရီဒါကို ထွက်ပြေးတိမ်းရှောင်ပြီးငယ်ချစ်နဲ့အတူဟိုတယ်အခန်းငှားပြီးနှပ်နေခဲ့ပါတယ်။ သူ့ကို (၂၀၁၅)မှာဖမ်းမိခဲ့ပြီး၊ အမိန့်ဖီဆန်မှု၊ တရားရင်ဆိုင်ရန်ပျက်ကွက်မှုအတွက် ထောင်ဒဏ်(၂)နှစ်အပြင်

ကန်ဒေါ်လာ (၂)သိန်းခွဲချမှတ်ခဲ့ပါတယ်။ ရတနာတွေရှိတဲ့နေရာကို လုံးဝမပြောတာကြောင့် သူ့အမှုကို အပြီးတိုင်စစ်ဆေးနိုင်ခြင်းမရှိခဲ့ပါဘူး။ လက်ရှိမှာတော့သူဟာစုပေါင်းထောင်ဒဏ် (၇)နှစ် ဖြစ်ပါတယ်။ အခုအခါမှာတော့တရားရုံးက သူ့ကိုတရားရုံးကိုမထီမဲ့မြင်ပြုမှုအတွက်

ထောင်ဒဏ်အပြင်၊ ရတနာတွေဘယ်နေရာမှာရှိတယ်ဆိုတာထုတ်မပြောသေးသရွေ့တစ်ရက်လျှင်အမေရိကန်ဒေါ်လာ(၁၀၀၀)အထိ ဒဏ်ငွေဆောင်ဖို့အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ဒီအမိန့်ကိုတော့ Tommy ရဲ့ရှေ့နေက ပြင်းထန်လွန်းကြောင်း၊ ဥပဒေကိုဘောင်ကျော်ပြီး

လုပ်ဆောင်ထားတာဖြစ်ကြောင်း ကန့်ကွက်ခဲ့ပေမယ့် အတည်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်ခေါင်းမာလွန်းတဲ့ Tommy ကတော့အဲဒီဒဏ်ငွေကိုလည်း ပေးဆောင်ဖို့မရှိဘဲ၊ တရားရုံးကဒီအတွက် ပြစ်ဒဏ်ထပ်တိုးသွားရင်တောင်ကျေနပ်စွာ လက် ခံတော့မယ်လို့သူရဲ့ရှေ့နေကကြေပါတယ်။

သူရဲ့စုစုပေါင်းဒဏ်ကြေးဟာဒေါ်လာ (၁.၈)သန်းအထိ ရှိကြောင်း၊ အခုဆိုသူဟာ အသက်(၆၈)နှစ် ရှိနေပြီဖြစ်သလို၊ ပန်းနာရောဂါနဲ့အတူ မှတ်ဉာဏ်လည်း ချို့ယွင်းစပြုနေပြီလို့ သိရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်