ဂျပန်နိုင်ငံခြားသားထံမှ ပိုက်ဆံအိတ်ကို လုယူထွက်ပြေးခဲ့သူများအားဖမ်းဆီးရမိ
သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဂျပန်နိုင်ငံ​ခြားသားသည် နိုဝင်ဘာ၂၈ ရက်နေ့လယ် ၃ နာရီက ၄င်းတည်းခိုသည့်ဟိုတယ်မှ စက်ဘီးစီး ထွက်လာခဲ့စဉ် ဆိုင်ကယ်(၁)စီးဖြင့် အမည်မသိအမျိုးသား ၃ ဦးက ပိုက်ဆံအိတ် လုယူခံရခြင်း ဖြစ်သည်။
ယူနီကုဒ်ဖြင့် ဖတ်ရန်
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ လမ်း ၃၀)၊ ၆၈-၇၀ လမ်းကြားတွင် စက်ဘီးစီးနေသူ ဂျပန်နိုင်ငံခြားသားတစ်ဦးထံမှ ပိုက်ဆံအိတ် လုယူထွက်ပြေးသူများကို ဒီဇင်ဘာ ၁၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း
သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဂျပန်နိုင်ငံခြားသားသည် နိုဝင်ဘာ၂၈ ရက်နေ့လယ် ၃ နာရီက ၎င်းတည်းခိုသည့်ဟိုတယ်မှ စက်ဘီးစီး ထွက်လာခဲ့စဉ် ဆိုင်ကယ်(၁)စီးဖြင့် အမည်မသိအမျိုးသား ၃ ဦးက ပိုက်ဆံအိတ် လုယူခံရခြင်း ဖြစ်သည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ခရိုင်မှု့ခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊အမှတ်(၉)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များအမှတ်(၃)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် စုံစမ်းစဉ်ပြစ်မှုကျူးလွန်သူများအား နိုင်ငံခြားငွေများ လာရောက်လဲလှယ်စဉ်
ဖမ်းဆီးရမိခဲ့ရာ ၎င်းတို့အား အမှတ်(၃)နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂ဖြင့် အရေးယူထားသည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်