ဘယ္​လုိနည္းပညာအကူအညီမွမပါပဲ ေက်ာက္ေတာင္ႀကီးတစ္ခုလုံးကုိ လက္ျဖင့္​သာထြင္းထုပုံေဖာ္ထား​ေသာ ေရႊဘေတာင္အ​ေၾကာင္​း (႐ုပ္​သံ)

ဘာနည္းပညာအကူအညီမွမပါပဲ ေက်ာက္ေတာင္ႀကီးတစ္ခုလုံးကိုလက္နဲ႔သာထြင္းထုပုံေဖာ္ထားတဲ့ ေရႊဘေတာင္၊ ႏွစ္ေပါင္း ၉၀၀ တိုင္ေအာင္ ခမ္းခမ္းနားနားရွိေနဆဲျဖစ္တဲ့မုံရြာၿမိဳ့ရဲ့ ေရႊဘေတာင္၊ ေက်ာက္ေစတီေတြ၊ ေက်ာက္လွိုင္ဂူေတြ၊ ေက်ာက္ေလွကားေတြ၊ ေက်ာက္ဆင္႐ုပ္ေတြႏွင့္

ေက်ာက္ပန္ပုေတြႏွင့္ခမ္းနားစြာတည္ရွိေနတဲ့ ေရႊဘေတာင္၊ ေနာင္တခ်ိန္ သြားေရာက္ ေလ့လာ လည္ပတ္ဖို႔ႏွလုံးသားထဲ ေတးမွတ္ထားရမယ့္ ေရႊဘေတာင္၊ မုံရြာတစ္ဘက္ကမ္းဆားလင္းႀကီးၿမိဳ့နယ္ ယင္းမာပင္ခရိုင္ စစ္ကိုင္းတိုင္း ဖိုလ္ဝင္ေတာင္ဘက္ကိုသြားတဲ့လမ္းေတြေက်ာ္ၿပီးမွ

ေရာက္တဲ့ေနရာေလးေတာ္ေတာ္သြားရတယ္။ အံၾသရပါေပတယ္။ ကၽြန္ေတာ္တို့ ျမန္မာနိုင္ငံမွာ ဒီလိုေနရာရွိေနတယ္ဆိုတာသိရေတာ့ အလြန႔္အလြန္ကိုလည္းဂုဏ္ယူမိပါတယ္။ ဖိုလ္ဝင္ေတာင္နဲ႔ ေတာင္ေၾကာတစ္ဆက္တည္း ျဖစ္ၿပီး အျခားေသာ ႏြားသိုးေတာင္၊ ဖန္ခါးေတာင္၊

လင္းနို့ေတာင္၊ ေက်ာက္တစ္လုံးေတာင္တို့ႏွင့္လဲ တစ္ဆက္တည္းရွိေနပါတယ္။ ေရွးေဟာင္းေက်ာက္ထြင္း ေက်ာက္ေတာင္ႀကီးေတြ ဝန္းရံထားတဲ့ ေရႊဘေတာင္ဟာထူးျခားေနပါတယ္။ ျမန္မာတို့ရဲ့ေစတီဘုရားေတြဟာပုံမွန္ေတာ့အုတ္ေတြသဲေတြနဲ႔သာတည္ထားကိုးကြယ္ၾကေသာ္လည္း

ေရႊဘေတာင္မွာရွိတဲ့ဘုရားေတြကေတာ့ ေက်ာက္ေတြနဲ႔သာထြင္းထုထားပါတယ္။ ေက်ာက္သားနံရံမ်ားကို အဂၤေတလုံးဝမပါပဲ ျမန္မာမွုလက္ရာ ေက်ာက္ပန္းတေမာ့ႏွင့္ေက်ာက္လက္မွုပညာ စစ္စစ္ေတြနဲ႔သာထြင္းထုထားပါတယ္။ ေရႊဘေတာင္မွာနာမည္ႀကီးေက်ာက္ေလွကားကေတာ့

နာမည္ႀကီးေနရာျဖစ္ၿပီး ေက်ာက္နံရံကို ေက်ာက္ေရအိုးစဥ္ အျဖစ္ အသက္သြင္းထားမွုေတြ၊ ေက်ာက္ေတာင္ႀကီးကို ေက်ာက္လွိုဏ္ဂူအျဖစ္ေဆာက္လုပ္ထားၿပီး အတြင္းမွာေစတီမ်ား ဘုရားမ်ား တည္ထားပါသည္။ ေနာက္ထပ္ အထင္ကရေနရာကေတာ့ေက်ာက္ဆင္႐ုပ္ႀကီးပါ။

ေက်ာက္ဆင္႐ုပ္ႀကီးဟာေက်ာက္တုံးအႀကီးႀကီးကို ထြင္းထုထားၿပီးဆင္ႀကီးရဲ့အတြင္းဂူထဲမွာေတာ့ ဘုရားမ်ားကိုပူေဇာ္ထားပါတယ္။ ေရႊဘေတာင္ဟူ၍ အမည္တြင္ရျခင္းမွာေတာ့ ပုဂံေခတ္ အေလာင္းစည္သူမင္းလက္ထက္တြင္ ေက်ာက္ထြင္းအႏုပညာဆရာႀကီးသူေဌးမင္း

ဦးေရႊဘမွ ထိုေက်ာက္ေတာင္အႀကီးႀကီးတြင္ ေက်ာက္နံရံမ်ား၊ ေက်ာက္႐ုပ္ထုမ်ား၊ ေက်ာက္ဂူမ်ား၊ ေက်ာက္ဘုရားမ်ားႏွင့္ေက်ာက္ပန္းပုလက္ရာမ်ားကိုထြင္းထုၿပီးေက်ာက္လူသြားလမ္း ေဖာက္လုပ္ရာမွ ေရႊဘေတာင္ဟူ၍ အမည္တြင္ရျခင္းပါ။ ေက်ာက္ထြင္းအႏုပညာရွင္ဦးေရႊဘႏွင့္

တပည့္မ်ားမွထိုေက်ာက္ေတာင္ႀကီးကို ပုံေဖာ္ရာတြင္လည္းမည္သည့္နည္းပညာမွမပါဝင္ပဲလက္ႏွင့္ေဆာက္ကိုသာသုံး၍ေက်ာက္သားမ်ားကို ထြင္းထုခဲ့ၾကပါတယ္။ ထိုသို႔ေက်ာက္သားမ်ားကို ထြင္းထုရာတြင္ဂဝံေျမသာကိုအသုံးျပဳခဲ့ၾကပါသည္။ ဂဝံေျမသားဆိုသည္မွာ

ေက်ာက္ေပ်ာ့အမ်ိဳးအစားျဖစ္ၿပီးေအးေသာဓာတ္ရွိပါတယ္။ လိုသလို ပုံသြင္းနိုင္ၿပီးေနာက္မွ အလိုလိုမာသြားကာ ျဖတ္သုံး၍ရေသာေက်ာက္ ျဖစ္ပါတယ္။ လူသြားလမ္းမ်ား၊ သာသနာ ေက်ာင္းေဆာင္မ်ား၊ ဘုရားမ်ားေစတီမ်ား၊ ေက်ာက္ပန္းပု႐ုပ္ အစုံ၊ ျမန္မာမွုလက္ရာမ်ားႏွင့္

ခမ္းနားေနတဲ့ ေရႊဘေတာင္ဟာထိန္းသိမ္းေစာင့္ေရွာက္မွုမ်ားအားနည္းေနေသးတာေတာ့ ေတြ႔ရပါတယ္။ ဥပမာေျပာရရင္ အေဆာက္အဦးေတြနား အမွိုက္ပြေနျခင္းေတြ၊ ေရွးေဟာင္းလက္ရာ ေက်ာင္းေဆာင္မ်ားအား ေခတ္လက္ရာေဆးမ်ား သုတ္ပစ္ျခင္းတို႔ျဖစ္ပါတယ္။ စစ္ကိုင္းဘက္ကို

ေရာက္ျဖစ္ခဲ့ရင္ေတာ့ေရႊဘေတာင္ကိုဝင္ၿပီး ျမန္မာေက်ာက္ပန္းပုလက္ရာေတြကို အဝေငးေမာရန္ ႏွလုံးသားထဲေတးမွတ္ထားသင့္ပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဘာနည်းပညာအကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကိုလက်နဲ့သာထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင်၊ နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနားရှိနေဆဲဖြစ်တဲ့မုံရွာမြို့ရဲ့ ရွှေဘတောင်၊ ကျောက်စေတီတွေ၊ ကျောက်လှိုင်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနှင့်

ကျောက်ပန်ပုတွေနှင့်ခမ်းနားစွာတည်ရှိနေတဲ့ ရွှေဘတောင်၊ နောင်တချိန် သွားရောက် လေ့လာ လည်ပတ်ဖို့နှလုံးသားထဲ တေးမှတ်ထားရမယ့် ရွှေဘတောင်၊ မုံရွာတစ်ဘက်ကမ်းဆားလင်းကြီးမြို့နယ် ယင်းမာပင်ခရိုင် စစ်ကိုင်းတိုင်း ဖိုလ်ဝင်တောင်ဘက်ကိုသွားတဲ့လမ်းတွေကျော်ပြီးမှ

ရောက်တဲ့နေရာလေးတော်တော်သွားရတယ်။ အံသြရပါပေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုနေရာရှိနေတယ်ဆိုတာသိရတော့ အလွန့်အလွန်ကိုလည်းဂုဏ်ယူမိပါတယ်။ ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်း ဖြစ်ပြီး အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊

လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေပါတယ်။ ရှေးဟောင်းကျောက်ထွင်း ကျောက်တောင်ကြီးတွေ ဝန်းရံထားတဲ့ ရွှေဘတောင်ဟာထူးခြားနေပါတယ်။ မြန်မာတို့ရဲ့စေတီဘုရားတွေဟာပုံမှန်တော့အုတ်တွေသဲတွေနဲ့သာတည်ထားကိုးကွယ်ကြသော်လည်း

ရွှေဘတောင်မှာရှိတဲ့ဘုရားတွေကတော့ ကျောက်တွေနဲ့သာထွင်းထုထားပါတယ်။ ကျောက်သားနံရံများကို အင်္ဂတေလုံးဝမပါပဲ မြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့်ကျောက်လက်မှုပညာ စစ်စစ်တွေနဲ့သာထွင်းထုထားပါတယ်။ ရွှေဘတောင်မှာနာမည်ကြီးကျောက်လှေကားကတော့

နာမည်ကြီးနေရာဖြစ်ပြီး ကျောက်နံရံကို ကျောက်ရေအိုးစဉ် အဖြစ် အသက်သွင်းထားမှုတွေ၊ ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီး အတွင်းမှာစေတီများ ဘုရားများ တည်ထားပါသည်။ နောက်ထပ် အထင်ကရနေရာကတော့ကျောက်ဆင်ရုပ်ကြီးပါ။

ကျောက်ဆင်ရုပ်ကြီးဟာကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီးဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကိုပူဇော်ထားပါတယ်။ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာတော့ ပုဂံခေတ် အလောင်းစည်သူမင်းလက်ထက်တွင် ကျောက်ထွင်းအနုပညာဆရာကြီးသူဌေးမင်း

ဦးရွှေဘမှ ထိုကျောက်တောင်အကြီးကြီးတွင် ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့်ကျောက်ပန်းပုလက်ရာများကိုထွင်းထုပြီးကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းပါ။ ကျောက်ထွင်းအနုပညာရှင်ဦးရွှေဘနှင့်

တပည့်များမှထိုကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်းမည်သည့်နည်းပညာမှမပါဝင်ပဲလက်နှင့်ဆောက်ကိုသာသုံး၍ကျောက်သားများကို ထွင်းထုခဲ့ကြပါတယ်။ ထိုသို့ကျောက်သားများကို ထွင်းထုရာတွင်ဂဝံမြေသာကိုအသုံးပြုခဲ့ကြပါသည်။ ဂဝံမြေသားဆိုသည်မှာ

ကျောက်ပျော့အမျိုးအစားဖြစ်ပြီးအေးသောဓာတ်ရှိပါတယ်။ လိုသလို ပုံသွင်းနိုင်ပြီးနောက်မှ အလိုလိုမာသွားကာ ဖြတ်သုံး၍ရသောကျောက် ဖြစ်ပါတယ်။ လူသွားလမ်းများ၊ သာသနာ ကျောင်းဆောင်များ၊ ဘုရားများစေတီများ၊ ကျောက်ပန်းပုရုပ် အစုံ၊ မြန်မာမှုလက်ရာများနှင့်

ခမ်းနားနေတဲ့ ရွှေဘတောင်ဟာထိန်းသိမ်းစောင့်ရှောက်မှုများအားနည်းနေသေးတာတော့ တွေ့ရပါတယ်။ ဥပမာပြောရရင် အဆောက်အဦးတွေနား အမှိုက်ပွနေခြင်းတွေ၊ ရှေးဟောင်းလက်ရာ ကျောင်းဆောင်များအား ခေတ်လက်ရာဆေးများ သုတ်ပစ်ခြင်းတို့ဖြစ်ပါတယ်။ စစ်ကိုင်းဘက်ကို

ရောက်ဖြစ်ခဲ့ရင်တော့ရွှေဘတောင်ကိုဝင်ပြီး မြန်မာကျောက်ပန်းပုလက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲတေးမှတ်ထားသင့်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်