သားလေးကိုလူတန်းစေ့ထားနိုင်ပြီး ရှင်ပြုလှူနိုင်ဖို့အဖေနဲ့အမေက ထိုင်းနိုင်ငံကိုသွားကာအလုပ်လုပ်‌နေခဲ့တာပါ သားရယ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
“သြော်ခုဆို သားလေးဖြိုးမင်းခန့်ပျောက်သွားတာ လေးလပြည့်တော့မယ် ဘာသတင်းမှလည်း မကြားသေမှန်းမသိရှင်မှန်းမသိ ဖြစ်ရတယ်။ သားလေးရယ်အဖေတို့ရဲ့ဘဝပေးကမကောင်းခဲ့ဘူးကွာသားနဲ့သမီးကိုသူများနဲ့တန်းသူထားနိုင်အောင် သားလေးကိုသူများတွေလိုခမ်းခမ်းနားနားနဲ့
လှူနိုင်အောင်ထိုင်းကိုသွားခဲ့တယ်။ ပြန်လာရင် သားကို လှူမယ်ဆိုတဲ့ရည်မှန်းချက်အပြည့်နဲ့ပေါ့ ခုတော့မှန်းထားသလိုဖြစ်မလာခဲ့ဘူး၊ သားလေးရယ်ဘယ်ဆီတွေ ရောက်နေပြီလဲ၊ အဖေနဲ့အမေတို့ အိမ်ပြန်ရောက်နေပြီသားလေးရယ် အမြန်ပြန်လာခဲ့ပါတော့ကွာဖုန်းဆက်တိုင်း
သားလေးပြောတဲ့စကားလေးကို အဖေဘယ်တော့မှ မေ့လို့ရမှာမဟုတ်ဘူး။ အဖေနဲ့အမေပြန်ခဲ့တော့ ကျန်မာရေးကို ဂရုစိုက်နော် ဖေဖေလည်းကျန်းမာပါစေမေမေလည်း ကျန်းမာပါစေဆိုတဲ့ စကားလေးကိုဘယ်တော့မှမေ့လို့ရမှာမဟုတ်ပါဘူးသားရယ်။ အဖေတို့ဘဝပေးက
အရမ်းခါးလွန်းတယ်။ ကျွန်တော့်ရဲ့ခံစားချက်ကို နားလည်ပေးမယ်ဆိုရင်ဒီပိုစ့်လေးကိုရှယ်ပေးကြပါဗျာကလေးကိုတွေ့ရင်လည်းအကြောင်းကြားပေးကြပါလို့အသနားခံတောင်းပန်ပါတယ်။” ကလေးခရိုင်ကလေးမြို့နယ်ဇင်းကလင်းရွာ(စိုင်းကျော်ကျော် လှိုင်းကလျာလှိုင် ၀၉-၈၉၉၄၉၇၂၉၉)
ကလေးကိုတွေ့ရှိလို့ပြန်လာပို့အကြောင်းကြားပေးသူများအားထိုက်တန်စွာကျေးဇူးဆပ်ပါမည်။ သတင်းအပြည့်အစုံမှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ်ဇင်းကလင်းကျေးရွာမှ 8-8-2020နေ့ ညနေ4:30ခန့်မှပျောက်သွားသော ပုံပါ မောင်ဖြိုးမင်းခန့်အားယခုအချိန်ထိ
ရှာမတွေ့သေးဖြစ်နေတာဖြစ်ပြီး ကလေး၏မိဘနှစ်ပါးမှာ ကလေးရှေ့ရေးအတွက်ထိုင်းနိုင်ငံသို့ သွားရောက်ကာအလုပ်လုပ်ကိုင်နေခဲ့ကြသူများ ဖြစ်ပါတယ်။ ကလေးကိုအဖွားဖြစ်သူနဲ့ရွာမှာ ထားခဲ့ကြတာပါ၊ ၈လပိုင်း၈ရက်နေ့ညနေပိုင်းမှာ ဆော့ကစားနေရင်းရုတ်တရက်
ပျောက်သွားတာဖြစ်ပြီးယခုဆိုရင်(၄)လကျော် သွားပြီဖြစ်ပါတယ်။ အားလုံးပဲကလေးမိဘတွေကို ကိုယ်ချင်းစာသနားသောအားဖြင့် ဝိုင်းဝန်း shareပြီးကူညီပေးကြပါအုံးနော်။ သားသမီးအတွက်တိုင်းတပါးထိအလုပ်သွားလုပ်ခဲ့တဲ့မိဘတွေရင်ကွဲပက်လက်ဖြစ်နေရပါတယ်ကူညီရှယ်ပေးကြပါ။
အခုဖြစ်နေတာက ကလေးသတင်း ဘာမှမသိရ မကြားရဘဲ (သေသည် ရှင်သည်) ဘာသဲလွန်စမှ မရှိဘဲ ထူးဆန်းစွာ ပျောက်သွားတာမို့ပါ ကူညီပေးကြပါ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်