နေစရာမြေမရှိသူများကို သူဌေးတစ်ဦးမှ ၎င်းပိုင်​တဲ့ဧက၂၀၀​ ​ကျော်အကျယ်အဝန်းအတွင်း၌ ရွာ ၃ ရွာတည်ပေးမယ်​တဲ့ဗျာ
ယူနီကုဒ်ဖြင့် ဖတ်ရန်
မွန်ပြည်နယ်တွင်နေစရာမြေမရှိသူများကို သူဌေးတစ်ဦးမှ ၎င်းပိုင်ရာဘာစိုက်ခင်းဧကနှစ်ရကျော်ဖြင့်ရွာ၃ရွာတည်ပေးမည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းကပြောကြားကြောင်း ဒီလှိုင်းစာမျက်နှာမှာဖော်ပြထားသည်။
ဒီဇင်ဘာ၁၆ရက်ဆက်သွယ်မေးမြန်းရာတွင် သံဖြူဇရပ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းကပြောကြားခဲ့သည်။ တစ်ဧကကိုအိမ်ခြံကွက်၁၆ကွက်ဝင်မယ်။ “သူကရွာသုံးရွာတည် ရမှာ။ နှစ်ရွာကကျွန်တော့်မြို့နယ်ထဲမှာရှိတယ်။တစ်ရွာကတော့မုဒုံမြို့နယ်ထဲမှာသွားရှိတယ်။
တာပစွန်ဆိုတဲ့ရွာမှာအဲဒါကဧက၁၆၈ဧကရှိတယ်။အဲဒါက၁၆၈ဧကလုံးလုံးလုပ်လို့မရဘူး။ ဘေးခြံတွေကနည်းနည်းပါးပါးရောင်းထားတယ်။ အနည်းဆုံးဧက၁၅၀ဧကအထက်မှာရှိတယ်။ အိမ်ခြေနှစ်ထောင်ဝင်မယ်။ တစ်ဧကကိုအိမ်ခြံကွက်၁၆ကွက်ဝင်မယ်။ နောက်တစ်ရွာကသံဖြူဇရပ်နဲ့
ဘုရားသုံးဆူကားလမ်းဘေးမှာအဲဒီခြံကဧက၈၀ရှိတယ်။ အဲဒါကပုံစံ ၇ထုတ်နေတယ်။မြို့နယ်အုပ်ချုပ်ရေးမှူးကလုပ်ပေးတယ်။ ပုံစံ၇ပြည်နယ်အစိုးရအဖွဲ့ကိုလှမ်းတောင်းထားပြီးပြီ။ ဘယ်အဆင့်ထိပြီးပြီလဲဆိုရင် ခရိုင်ကော်လိပ်တော်အရာရှိစစ်ဆေးနေပြီ။နောက်တစ်ရွာကကားလမ်ဘေးပဲ။
စက်ရုံအလုပ်ရုံတွေရောင်းရင်တောင်သိန်းထောင်ချီရတာကို သူကရွာတည်မှာ။ ကျူးကျော်နေတဲ့သူတွေအတွက်ကို ပေးမှာပေါ့။ဝန်ထမ်းဆိုလည်း ၁၀နှစ်နေထိုင်ရင်သူကပေးမယ်ပြောတယ်” ဟု ၎င်းကပြောသည်။ ကျူးကျော်နေတဲ့သူတွေအတွက်ကိုပေးမှာပေါ့၊ သံဖြူဇရပ်မြို့နယ်၏
အကျယ်အဝန်းသည် ၃၂၇ စတုရန်းမိုင်ရှိ၍ ကျေးရွာအုပ်စုပေါင်း ၂၁ ရွာပါဝင်ပြီး မြို့နယ်တစ်ခုလုံးတွင် လူဦးရေသည် ၁၇၀,၄၈၀ ယောက် (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ)ရှိကြောင်းသိရသည်။ အများစုမှာ မွန်တိုင်းရင်းသားများနေထိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်း၊
ရော်ဘာစေးလုပ်ငန်း၊ထင်းလုပ်ငန်း၊ ဆားချက်လုပ်ငန်းတို့ကိုလုပ်ကိုင်ကြကြောင်းသိရသည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်