အသက်အရွယ်ကြီးရင့်​လာလို့ မိဘတွေသူငယ်ပြန်ကြတဲ့အခါမှာ သင်ဘယ်လိုလုပ်မလဲ​နော်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ချစ်ပရိသတ်ကြီးရေယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့လူကြီးမိဘတွေ အသက်ကြီးတဲ့အခါလူနည်းစုမှာဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝအကြောင်းလေးပါ။ မိဘတွေအသက်ကြီးလာတဲ့အခါသူတို့ရဲ့ခန္ဓာကိုယ်ဟာအားနည်းလာပြီးသွေးတွေလည်းနည်းပါးလာတက်တယ်။
အဲဒီအခါမှာ ခန္ဓာကိုယ်ထဲရှိ ရိုးတွင်းချဉ်ဆီထဲက သွေးတွေနဲ့ အစားထိုးပြီး ခန္ဓာကိုယ်ကို လည်ပတ်ကြရပါတယ်။ အဲဒီလိုတွေဖြစ်တဲ့အခါ လူကြီးမိဘတွေရဲ့ စိတ်တွေဟာ ပုံမှန်မဟုတ်တော့ပဲ ငယ်မူပြန်သွားပြီး အဲဒါကိုပဲ သူငယ်ပြန်တယ်လို့ ခေါ်ကြပါတယ်။ အဲဒါကလည်းအသက်ကြီးတဲ့
လူကြီးမိဘတိုင်း ဖြစ်တက်တဲ့ သဘာဝတစ်ခုပါ။ကိုယ့်မိဘတွေလည်း ဒီလိုဖြစ်လာပြီဆိုရင် လူကြီးတွေဟာ စိတ်အလိုမကျတာတွေ စိတ်ဆိုးလွယ်တာ စိတ်ကောက်တာမျိုးတွေ ဖြစ်တတ်တယ်။ အဲ့လိုဆိုရင် မိဘတွေက သားသမီးလုပ်တဲ့ အလုပ်တိုင်းကို စိတ်တိုင်းမကျကြပဲနေရာတကာ
ဝင်ပါတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ မိဘတွေက အဲ့လိုဖြစ်တဲ့အချိန်မှာတစ်ချို့သောအိမ်ထောင်ရှိတဲ့ ယောင်္ကျားတွေဆိုရင်မိန်းမတွေရဲ့စကားနာထိုးပြီး ပြောဆိုမှုတွေကြောင့် သားသမီးတွေဟာ မိဘတွေအပေါ်မှာစိတ်ကွက်ပြီးအမြင်စောင်းလာတတ်ကြပါတယ်။ သားသမီးတွေကလည်း
မိဘတွေ အသက်နည်းနည်းကြီးလာတာနဲ့မိဘက မိဘပဲအမှားလုပ်ရင်တော့ပြောရမှာပဲ ဆိုတာမျိုးတွေကို လုပ်လာတတ်ကြပါတယ်။ အမှန်တကယ်တော့ သဘာဝတရားကြောင့် ဖြစ်လာတတ်တဲ့အတွက် သားသမီတွေဖြစ်ကြတဲ့ ဇနီးမောင်နှံ နှစ်ဦးလုံးဟာ နှစ်ဖက်သောမိဘတွေအပေါ်မှာ
ဂရုစိုက်ပေးပြီးအပြည့်အဝ နားလည်ပေးသင့်ကြပါတယ်။ မိဘတွေ ဒီလိုမျိုးတွေ ဖြစ်လာပြီဆိုရင် နားလည်မပေးနိုင်ကြတဲ့ သားသမီးမျိုးက များပါတယ်။ မိဘတွေကို စိတ်မရှည်တာတွေ၊ မိဘတွေကတစ်ခုခုပြောမိရင်ဆရာကြီးလုပ်ပြီး အမေတို့ကဘာသိလို့လဲဆိုပြီး ပြန်ပြောကြတာတွေ
လူကြီးကလူကြီးလိုမနေဘူး နေရာတကာပါတယ်ဆိုပြီး အစရှိသဖြင့် ပြန်ပြီးတုန့်ပြန်တက်ကြတယ်။ ကျနော်ကတော့ အဲ့လိုမျိုးတွေ မလုပ်စေချင်ပါဘူး။ မိဘတွေဟာဒီလိုမျိုးသူငယ်ပြန်နေတဲ့အချိန် သားသမီးတွေကဆူလိုက်လို့အော်လိုက်လို့ငေါက်လိုက်လို့မိဘတွေကမျက်နှာငယ်ပြီး
မျက်ရည်ကျရတာတွေ ငါ့သားလေးက အရင်လို စိတ်မရှည်တော့ဘူး ငါတို့ကိုလည်း ဂရုမစိုက်တော့ဘူးစသဖြင့်အတွေးပေါင်းစုံနဲ့ မိဘတွေဟာ သိမ်ငယ်နေကြရပါတယ်။ ကိုယ်တွေငယ်ငယ်က အမှားလုပ်မိလို့မိဘတွေကဆူဖို့နေနေသာသာ အမှန်မြင်အောင်ပြင်ပေးခဲ့တာတွေကိုသတိရပြီး
ကိုယ်ပြန်ပြင်ပေးရမယ့်အလှည့်ကျမှ နှာခေါင်းမရှုံ့ပဲ မျက်နှာမပျက်ပဲနဲ့တာဝန်မပျက်ကွက်သင့်ပါဘူး။ အသက်ကြီးလို့ စိတ်သွားတိုင်းကိုယ်မပါ လုပ်ချင်တာတွေတောင် မလုပ်နိုင်တော့ပဲအရာရာ မျှော်လင့်ချက်မဲ့နေတဲ့မိဘတွေအတွက် သားသမီးတွေကအတက်နိုင်ဆုံး သူတို့ရဲ့ဆန္ဒတွေကို
ဖြည့်ဆည်းပေးပြီး စိတ်ချမ်းသာအောင် ထားပေးကြရမှာပါ။ ချစ်ပရိသတ်ကြီးရေ ဒီစာလေးဖတ်ရှု့ပြီး လူကြီးမိဘတွေ သူငယ်ပြန်သွားကြတဲ့အခါ ကိုယ်တွေငယ်ငယ်က မိဘတွေ အနာတရမရှိ ဂရုတစိုက်နဲ့ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ပေးခဲ့ကြသလိုကိုယ်တွေအလှည့်
ရောက်တဲ့အခါမှာလည်း မျက်နှာမပျက်နှာခေါင်းမရှုံ့ပဲကိုယ်ကတလှည့်ပြန်ပြီးပြုစုပေးလိုက်ပါ။ ကိုယ်တွေဆိုးချင်တိုင်းဆိုးလို့ရတာမိဘတွေပဲရှိသလို မိဘတွေဆိုးချင်တိုင်းဆိုးလို့ရတာလည်း သားသမီးတွေပဲရှိတာမို့ သူအလှည့်တာဝန်ကျေခဲ့ပြီးမှ ကိုယ့်အလှည့်ရောက်တဲ့အခါမှာလည်း
တာဝန်ကျေကြပါစေနော်။ မိဘတွေကိုလုပ်ကျွေးပြုစုကြတဲ့ သားကောင်း သမီးကောင်းတိုင်း ခလုတ်မထိ ဆူးမငြိပဲ အမြဲတမ်းကံကောင်းပြီး စီးပွားလာဘ်လာဘတွေလည်း ပေါကြွယ်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးအားလုံးကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးမှာ မိသားစုနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်