ကျေးဇူးရှင်မေမေ့အတွက် မွေးနေ့လက်ဆောင်ပေးမယ့် တန်​ဖိုးကြီးအရာတစ်​ခုကို အစွမ်းကုန်ပြင်ဆင်နေတဲ့ နေဒွေး
ယူနီကုဒ်ဖြင့် ဖတ်ရန်
မင်းသားချောနေဒွေးကတော့ ဗီဒီယိုဇာတ်ကားများစွာရိုတ်ကူးခဲ့ပြီး အနယ်နယ်အရပ်ရပ်က ပရိတ်သတ်တွေကတခဲနက်အားပေးခဲ့ကြတာဘဲဖြစ်ပါတယ်။နေဒွေးကတော့ အနုပညာနယ်ပယ်မှာအောင်မြင်နေသလိုကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့
ဂျစ်တူးဆန်ရောင်းဝယ်ရေးလုပ်ငန်းမှာလည်းအောင်မြင်နေတာဘဲဖြစ်ပါတယ်။ အသက်ငယ်ပေမယ့်အရည်အချင်းရှိတဲ့နေဒွေးကတော့ အိမ်ထောင်မပြုရသေးခင်အချိန်မှာပဲကိုယ့်စီးပွားရေးအလုပ်တွေနဲ့တည်တည်ငြိမ်ငြိမ်ရှိနေတဲ့
သူတစ်ယောက်လို့ဆိုရင်လည်းမမှားနိုင်ပါဘူး။ အိမ်ထောင်မရှိသေးတဲ့လူပျိုလူလွတ်ပီပီရှာဖွေသမျှကိုမိခင်အတွက်သာအသုံးပြုတတ်တဲ့နေဒွေးကမကြာခင်ဇန်နဝါရီလအတွင်းမှာကျရောက်မယ့်မေမေ့ရဲ့မွေးနေ့အတွက်အမှတ်တရမွေးနေ့
လက်ဆောင်တွေပေးဖို့အလုပ်တွေကြိုးစားနေတာပဲဖြစ်ပါတယ်။နေဒွေးကပြီးခဲ့တဲ့ရက်ပိုင်းကပဲသူ့ရဲ့မိခင်အတွက်သိန်းလေးရာကျော်တန်ဖိုးရှိတဲ့ကားအသစ်ကြီးကိုမွေးနေ့အကြိုလက်ဆောင်ပေးခဲ့သလိုမြောက်ဒဂုံမြို့နယ်မှာလည်း
တစ်ထပ်တိုက်အိမ်လေးဆောက်ပြီးမေမေ့အတွက်မွေးနေ့လက်ဆောင်ပေးဖို့အစွမ်းကုန်ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ နေဒွေးကတော့လူပျိုလူလွတ်ဘဝမှာတင်မေမေ့အတွက်တိုက်တစ်လုံး၊ကားတစ်စီးနဲ့ကျေးဇူးဆပ်နေသလိုမိခင်ကြီး
စိတ်အေးချမ်းသာစွာနေထိုင်နိုင်ဖို့အလုပ်တွေကြိုးစားနေတာပဲဖြစ်ပါတယ်။မိဘကိုသိတတ်တဲ့နေဒွေးတစ်ယောက်ဒီထက်မကအောင်မြင်တိုးတက်ကြီးပွားမှာအသေအချာပါပဲနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်