ကၽြန္ေတာ္တို႔ရဲ႕ကေလးကို မေပးပါရေစနဲ႔ ကုန္က်စရိတ္ကိုလုပ္အားခထဲကနည္းနည္းစီယူပါ​ေနာ္​တဲ့ဗ်ာ

ည၂နာရီအခ်ိန္ဆရာေတာ္ဘုရားတပည့္ေတာ္အမ်ိဳးသမီးဘယ္လိုမွမီးဖြားလို႔မရေတာ့လို႔တပည့္ေတာ္ကိုကူညီေပးပါဘုရားတဲ့သူလိုအေဖလည္းရွိေနေသးပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္ကည၂နာရီေလာက္ဖုန္းဝင္လာတယ္။ ​ေကာက္ကိုင္လိုက္တယ္။ ဒီကဟဲလိုဆိုတာနဲ႕အမ်ိဳးသားတစ္ေယာက္

မဝံ့မရဲတုန္တုန္ရီရီအသံနဲ႔​ေလ်ာက္ထားရွာတယ္။ဆရာေတာ္ဘုရားတပည့္ေတာ္ကိုကူညီပါဦးဘုရား တပည့္ေတာ္အမ်ိဳးသမီးလက္သည္နဲ႔မီးဖြားတာဘယ္လိုမွမရေတာ့ေဆး႐ုံပို႔ခ်င္လို႔ပါဘုရား အေရးေပၚတပည့္ေတာ္ကိုကူညီေပးပါဘုရားတဲ့။ သားသမီးေဇာဇနီးေဇာနဲ႔

သူ႔ကိုယ္သူမနည္းႀကိဳးစားၿပီးေလ်ာက္ထားေနတယ္ဆိုတာသူ႕အသံမွာေပၚလြင္လွပါတယ္။ ဒါနဲ႕ဟုတ္ၿပီဒကာလိပ္စာေျပာပါ။ လာခဲ့လိုက္မယ္။ သိပ္မပူနဲ႔အခုခ်က္ခ်င္းလာမယ္။ ေဆး႐ုံအတြက္လိုမယ္ထင္တာေတြျပင္ထားလို႔ေျပာၿပီးလိပ္စာယူကာဖုန္းခ်လိုက္တယ္။ ​ေက်ာင္းကနို႔စို႔ကေလး

တာဝန္ခံဆရာေတာ္ဆီဖုန္းဆက္ၿပီးကားသမားေခၚခ်က္ျခင္းထြက္သြားၿပီးေဆး႐ုံပို႔လိုအပ္တာအကုန္ျဖည့္ဆည္းေပးၿပီးမနက္မိုးလင္းမွျပန္လာခဲ့ၾကတယ္။ ဒီေန႔​ေတာ့မထင္မွတ္ဘဲအဲေန႔ကဖုန္းဆက္တဲ့ဒကာေလးေပါက္ခ်လာတယ္။ ဘုန္းဘုန္းဘုရား တပည့္ေတာ္မိန္းမက ကေလးကုိ

​ေပးရမယ္ဆိုလို႔တငိုငိုတရီရီျဖစ္ေနပါတယ္ဘုရား။အခုေက်ာင္းဂိတ္ေပါက္မွာဘုန္းဘုန္းေတြကိုေၾကာက္လို႔ေနခဲ့ပါတယ္ဘုရား။ တပည့္ေတာ္တို႔ ကေလးတပည့္ေတာ္တို႔ကိုေမြးခြင့္ျပဳပါဘုရား။ဟိုေန႔ကေမြးစာရိတ္အားလုံးကိုတပည့္ေတာ္လုပ္အားခေလးထဲကေနနည္းနည္းခ်င္းစီ

ျပန္ဆပ္ပါ့မယ့္ဘုရားတဲ့မ်က္ႏွာေလးေအာက္ခ်ကာေလ်ာက္ေနရွာတယ္။ သနားစရာ ​ေက်ာင္းကသူတို႔ကိုကူညီေပးတာနဲ႔သူတို႔ကေလးေလးကိုေက်ာင္းေပးရမယ္လို႔ထင္ေနၾကရွာတာ။ ဒါေၾကာင့္သူတို႔ကိုေပးေမြးဖို႔လာေတာင္းပန္ေနတာ။ ဒါနဲ႔သြားမိန္းမနဲ႔ကေလးပါဒီေခၚလာခဲ့လို႔

ခိုင္းလိုက္တယ္။ ေရာက္လာတဲ့အခါငါတို႔ကူညီတာဒီကေလးကိုယူဖို႔မဟုတ္တဲ့အေၾကာင္းျပန္လည္းဆပ္ဖို႔မလိုေၾကာင္းေျပာလိုက္ပါတယ္။ ငါတို႔ေက်ာင္းမွာေမြးစားတယ္ဆိုတာမိဘမရွိေတာ့တဲ့ကေလးနဲ႔မိဘရွိေပမယ့္ကေလးကိုလုံးဝမေကြၽးေမြးနိုင္တဲ့ကေလးမ်ိဳးေတြကိုသာသက္ဆိုင္ရာ

မိဘသို႔မဟုတ္အုပ္ထိန္းသူကၾကည္ျဖဴစြာစာခ်ဳပ္မွာလက္မွတ္ထိုးလႉတဲ့ကေလးေတြကိုသာေမြးစားေၾကာင္း မိဘရွိၿပီးမိဘကေမြးနိုင္သူကေလးေတြကိုမိဘအရိပ္မိဘရင္ခြင္မွာသာျပန္လည္ေမြးေစၾကေၾကာင္း ႏွစ္ေယာက္လုံးနားလည္ေအာင္ရွင္းျပလိုက္ပါတယ္။ ၿပီးမွကေလးကိုဂ႐ုစိုက္ျပီး

​ေမြးဖို႔ေစာင့္ေရွာက္ဖို႔မိဘေတြစြမ္းအားႀကီးရင္ သားသမီးေတြဘဝပိုမိုလွပေၾကာင္း အဲဒီအတြက္ဇနီးေမာင္ႏွံႏွစ္ေယာက္လုံးအရင္ကထက္ႏွစ္ဆပိုႀကိဳးစားဖို႔လိုေၾကာင္း အကယ္၍ဒကာေလးတို႔ဘယ္လိုမွကိုေမြးဖို႔အဆင္မေျပေတာ့ဘူးဆိုရင္ေတာ့ေက်ာင္းကိုလာေပးနိုင္ေၾကာင္း

စသည္ေျပာကာကေလးအတြက္လိုအပ္မယ့္ အသုံးအေဆာင္ေတြေပးၿပီးျပန္လႊတ္လိုက္ပါတယ္။ ေလာကထဲကိုအခုမွေရာက္လာတဲ့ကေလးအတြက္အင္ျပည့္အားျပည့္ေျခလွမ္းေတြနဲ႔ၿပဳံး႐ႊင္စြာျပန္သြားတဲ့ႏွစ္ဦးသားရဲ႕ေက်ာျပင္ကိုၾကည့္ၿပီးဝမ္းသာဂုဏ္ယူစိတ္နဲ႔ၿပဳံးရင္းဒီမိသားစုေလး

အိုးမကြာအိမ္မကြာေမတၱာေတြလႊမ္းၿခဳံကာေႏြးေထြးတဲ့မိသားစုေလးျဖစ္ပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ည၂နာရီအချိန်ဆရာတော်ဘုရားတပည့်တော်အမျိုးသမီးဘယ်လိုမှမီးဖွားလို့မရတော့လို့တပည့်တော်ကိုကူညီပေးပါဘုရားတဲ့သူလိုအဖေလည်းရှိနေသေးပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကည၂နာရီလောက်ဖုန်းဝင်လာတယ်။ ကောက်ကိုင်လိုက်တယ်။ ဒီကဟဲလိုဆိုတာနဲ့အမျိုးသားတစ်ယောက်

မဝံ့မရဲတုန်တုန်ရီရီအသံနဲ့လျောက်ထားရှာတယ်။ဆရာတော်ဘုရားတပည့်တော်ကိုကူညီပါဦးဘုရား တပည့်တော်အမျိုးသမီးလက်သည်နဲ့မီးဖွားတာဘယ်လိုမှမရတော့ဆေးရုံပို့ချင်လို့ပါဘုရား အရေးပေါ်တပည့်တော်ကိုကူညီပေးပါဘုရားတဲ့။ သားသမီးဇောဇနီးဇောနဲ့

သူ့ကိုယ်သူမနည်းကြိုးစားပြီးလျောက်ထားနေတယ်ဆိုတာသူ့အသံမှာပေါ်လွင်လှပါတယ်။ ဒါနဲ့ဟုတ်ပြီဒကာလိပ်စာပြောပါ။ လာခဲ့လိုက်မယ်။ သိပ်မပူနဲ့အခုချက်ချင်းလာမယ်။ ဆေးရုံအတွက်လိုမယ်ထင်တာတွေပြင်ထားလို့ပြောပြီးလိပ်စာယူကာဖုန်းချလိုက်တယ်။ ကျောင်းကနို့စို့ကလေး

တာဝန်ခံဆရာတော်ဆီဖုန်းဆက်ပြီးကားသမားခေါ်ချက်ခြင်းထွက်သွားပြီးဆေးရုံပို့လိုအပ်တာအကုန်ဖြည့်ဆည်းပေးပြီးမနက်မိုးလင်းမှပြန်လာခဲ့ကြတယ်။ ဒီနေ့တော့မထင်မှတ်ဘဲအဲနေ့ကဖုန်းဆက်တဲ့ဒကာလေးပေါက်ချလာတယ်။ ဘုန်းဘုန်းဘုရား တပည့်တော်မိန်းမက ကလေးကို

ပေးရမယ်ဆိုလို့တငိုငိုတရီရီဖြစ်နေပါတယ်ဘုရား။အခုကျောင်းဂိတ်ပေါက်မှာဘုန်းဘုန်းတွေကိုကြောက်လို့နေခဲ့ပါတယ်ဘုရား။ တပည့်တော်တို့ ကလေးတပည့်တော်တို့ကိုမွေးခွင့်ပြုပါဘုရား။ဟိုနေ့ကမွေးစာရိတ်အားလုံးကိုတပည့်တော်လုပ်အားခလေးထဲကနေနည်းနည်းချင်းစီ

ပြန်ဆပ်ပါ့မယ့်ဘုရားတဲ့မျက်နှာလေးအောက်ချကာလျောက်နေရှာတယ်။ သနားစရာ ကျောင်းကသူတို့ကိုကူညီပေးတာနဲ့သူတို့ကလေးလေးကိုကျောင်းပေးရမယ်လို့ထင်နေကြရှာတာ။ ဒါကြောင့်သူတို့ကိုပေးမွေးဖို့လာတောင်းပန်နေတာ။ ဒါနဲ့သွားမိန်းမနဲ့ကလေးပါဒီခေါ်လာခဲ့လို့

ခိုင်းလိုက်တယ်။ ရောက်လာတဲ့အခါငါတို့ကူညီတာဒီကလေးကိုယူဖို့မဟုတ်တဲ့အကြောင်းပြန်လည်းဆပ်ဖို့မလိုကြောင်းပြောလိုက်ပါတယ်။ ငါတို့ကျောင်းမှာမွေးစားတယ်ဆိုတာမိဘမရှိတော့တဲ့ကလေးနဲ့မိဘရှိပေမယ့်ကလေးကိုလုံးဝမကျွေးမွေးနိုင်တဲ့ကလေးမျိုးတွေကိုသာသက်ဆိုင်ရာ

မိဘသို့မဟုတ်အုပ်ထိန်းသူကကြည်ဖြူစွာစာချုပ်မှာလက်မှတ်ထိုးလှူတဲ့ကလေးတွေကိုသာမွေးစားကြောင်း မိဘရှိပြီးမိဘကမွေးနိုင်သူကလေးတွေကိုမိဘအရိပ်မိဘရင်ခွင်မှာသာပြန်လည်မွေးစေကြကြောင်း နှစ်ယောက်လုံးနားလည်အောင်ရှင်းပြလိုက်ပါတယ်။ ပြီးမှကလေးကိုဂရုစိုက်ပြီး

မွေးဖို့စောင့်ရှောက်ဖို့မိဘတွေစွမ်းအားကြီးရင် သားသမီးတွေဘဝပိုမိုလှပကြောင်း အဲဒီအတွက်ဇနီးမောင်နှံနှစ်ယောက်လုံးအရင်ကထက်နှစ်ဆပိုကြိုးစားဖို့လိုကြောင်း အကယ်၍ဒကာလေးတို့ဘယ်လိုမှကိုမွေးဖို့အဆင်မပြေတော့ဘူးဆိုရင်တော့ကျောင်းကိုလာပေးနိုင်ကြောင်း

စသည်ပြောကာကလေးအတွက်လိုအပ်မယ့် အသုံးအဆောင်တွေပေးပြီးပြန်လွှတ်လိုက်ပါတယ်။ လောကထဲကိုအခုမှရောက်လာတဲ့ကလေးအတွက်အင်ပြည့်အားပြည့်ခြေလှမ်းတွေနဲ့ပြုံးရွှင်စွာပြန်သွားတဲ့နှစ်ဦးသားရဲ့ကျောပြင်ကိုကြည့်ပြီးဝမ်းသာဂုဏ်ယူစိတ်နဲ့ပြုံးရင်းဒီမိသားစုလေး

အိုးမကွာအိမ်မကွာမေတ္တာတွေလွှမ်းခြုံကာနွေးထွေးတဲ့မိသားစုလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်