အေးချမ်းတဲ့ရွာလေးကိုသွားလည်ရင်း စိတ်တိုင်းကျဆော့နေကြတဲ့က​လေးတွေကိုကြည့်ကာသဘောတွေကျနေတဲ့ထူးအယ်လင်းတို့ဇနီးမောင်နှံရဲ့ (ရုပ်​သံ)
ယူနီကုဒ်ဖြင့် ဖတ်ရန်
အဆိုတော် ထူးအယ်လင်းကတော့ဂီတလောကမှာ မသိသူမရှိလောက်အောင်နာမည်ရနေပြီး သား ဖြစ်တဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ထူးအယ်လင်းကအားမာန်အပြည့်နဲ့ သီချင်းတွေကိုသီဆိုဖျော်ဖြေတတ်သူ
တစ်ဦးလည်းဖြစ်တာကြောင့်ပရိသတ်တွေကသူ့ကို နှစ်ခြိုက်အားပေးကြတာ ဖြစ်ပါတယ်။ အသံလည်းကောင်းတဲ့ထူးအယ်လင်းကအလွမ်းအဆွေး သီချင်းလေးတွေကို ဖန်တီးတဲ့နေရာမှာအင်မတန်ထူးချွန်ပြီးအရည်အချင်းပြည့်ဝနေတာပဲ
ဖြစ်ပါတယ်။ ယနေ့အချိန်အထိ ဂီတလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနေဆဲဖြစ်တဲ့ ထူးအယ်လင်းက ပရဟိတအလုပ်တွေကိုလည်း တတ်နိုင်သလောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အခုလည်းထူးအယ်လင်းတစ်ယောက်
ဘုရားတည်တဲ့ကိစ္စနဲ့အရမ်းအလုပ်များနေတာဖြစ်ပါတယ်။ မနေ့ကတော့ထူးအယ်လင်းကသူ့ရဲ့ချစ်ဇနီး၊ သားလေးတွေနဲ့အတူရွာကိုသွားရောက်ရင်း Live လွှင့် ပေးခဲ့တာ ဖြစ်ပါတယ်။ ထူးအယ်လင်းကဘုရားဌာပနာထည့်မယ့်
ရတနာပစ္စည်းတွေကိုပြသခဲ့သလို အလှူရှင်တွေအကြောင်းပြောခဲ့သေးတာလည်းဖြစ်ပါတယ်။ ထူးအယ်လင်းရဲ့သားလေးတွေကတော့ ရွာကိုရောက်တုန်းမှာအားရပါးရစိတ်ကြိုက်ဆော့ကစားရင်းပျော်ရွှင်နေတာ ဖြစ်ပါတယ်။
ဖေဖေထူးအယ်လင်းကလည်း သူ့ရဲ့သားလေးတွေပျော်နေတာကို ချစ်ဇနီးလေးနဲ့အတူကြည့်ရင်း သဘောတွေကျနေတာ ဖြစ်ပါတယ်။ ကဲ အေးချမ်းသာယာတဲ့ရွာလေးကို ရောက်တုန်းရောက်ခိုက်မှာအေးအေးဆေးဆေးလည်ပတ်
ကြည့်ရှုနေတဲ့ ထူးအယ်လင်းတို့မိသားစုရဲ့Live ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်