ကျွမ်းကျင်ပညာရှင်အချို့​တောင် လမ်းမ​ပေါ်မှာ ပန်းထွက်​​ရောင်းနေရရှာတဲ့ ကိုဗစ်ရဲ့ရိုက်ချက်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ကိုယ်ဘဏ်မှာ လူစောင့်နေတုန်း အပြင်ကနေ ပန်းဝယ်ဖို့လာပြောတာအစကတော့သန်သန်မာမာကြီးရောင်းနေတာမဝယ်တော့ပါဘူးဆိုပြီး ပြောမလို့ပဲ၊ အမရယ်ကျွန်တော်ကပန်းရံပါအလုပ် နားနေရတာစားဝတ်နေရေးအရမ်းကြပ်တည်းလာလို့ပန်းရောင်းရင်းနဲ့ဆန်ဖိုးရှာနေတာဆိုတော့
တကယ်စိတ်ဝင်စားသွားတာ၊ နင်က ဘယ်မှာနေတာလဲဆိုတော့အုတ်ဆက်ထဲမှာပန်းရံဆရာ ကို.. ထဲမှာလုပ်နေတာအခု lock down ကာလအလုပ်တွေနားရတော့အိမ်မှာစားစရာဆန်ကအစလုံးဝအဆင်မပြေတော့လို့ပန်းထွက်ရောင်းရတာပါတဲ့၊ နင်ကအုတ်ဆက်ဆိုကျောက်သွေးလောင်းတဲ့
အဖွဲ့ထဲကလားဆိုတော့ကျွန်တော်ကသန်လျက် ကိုင်ပါတဲ့ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်တယ် ဆိုတော့တကယ်စိတိမကောင်းဘူး။ ကိုယ်ပိုက်ဆံကူညီတော့ကျေးဇူးပါအမရယ်တဲ့ကျွန်တော် ပန်းရံမလိုက်ရမချင်း ဒီလမ်းမှာ ရှိတယ် လိုတာ အကုန်ခိုင်းပေးပါ ကျွန်တော်လုပ်ပေးပါ့မယ်တဲ့၊
၂၆/၆၂ နားမှာရှိပါတယ် လမ်းမှာကြုံခဲ့ရင်လဲ ပန်းလေးဝယ်ပေးကြပါဦး။ မပူပါနဲ့ မကြာခင်အလုပ်တွေပြန်စလုပ်ရတော့မှာပါလို့ကိုယ်လဲ အားသာအားပေးခဲ့ရတာအလုပ်တွေကဘယ်တော့ပြန်စရမလဲကိုယ်တိုင်မရေရာမသေချာ covid ကြီးရယ်
ပြီးပါတော့အောက်ခြေလူတန်းစားတွေ အရမ်းကို မွန်းကြပ်လှပါပီ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် Shwe Yi Phoo