ေမြးရာပါလက္ႏွစ္ဖက္မရွိေပမယ့္လည္​း အခက္အခဲမ်ားအားလုံးကို ေက်ာ္ျဖတ္ခဲ့ရင္းတကၠသိုလ္တက္ခြင့္ရခဲ့​ေသာ အသက္၂၀အ႐ြယ္ေကာင္ေလး (႐ုပ္သံ)

Ho Huu Hanhအမည္ရွိတဲ့ အသက္ ၂၀အ႐ြယ္ ဗီယက္နမ္ေကာင္ေလးတစ္ဦးဟာ ေမြးရာပါ လက္ႏွစ္ဖက္မရွိေပမဲ့ ထူးခြၽန္ၿပီးေတာက္ပတဲ့အနာဂတ္ကို ဖန္တီးႏိုင္စြမ္းရွိေၾကာင္း သက္ေသျပေနပါတယ္။နည္းပညာအင္ဂ်င္နီယာပိုင္း

ေလွ်ာက္ထားတဲ့ Hoဟာ မၾကာေသးခင္ကမွ Lac Hong တကၠသိုလ္မွာဝင္ခြင့္ရေၾကာင္းလက္ခံစာရရွိခဲ့တာပါ။ေမြးရာပါလက္ႏွစ္ဖက္မရွိတာေၾကာင့္ Hoအတြက္ ေမြးရပ္ေျမ Dong Nai ျပည္နယ္မွာႀကီးျပင္းလာဖို႔မလြယ္ကူခဲ့ရပါဘူး။

အေမျဖစ္သူက Hoဟာ ကေလးဘဝကတည္းက စက္ဘီးစီးဖို႔ ႀကိဳးစားရင္းျပဳတ္က်တိုင္းေဆး႐ုံအႀကိမ္ႀကိမ္သြားခဲ့ရတာပါတဲ့။Hoဟာ အသက္ ၅ႏွစ္အ႐ြယ္ကတည္းက စက္ဘီးစီးတတ္ေနၿပီျဖစ္သလိုေရလည္းေကာင္းေကာင္းကုိ

ကူးတတ္ေနပါၿပီ။ Hoဟာငယ္စဥ္ကေျခေထာက္ႏွစ္ေခ်ာင္းနဲ႔တူကိုဘယ္လိုကိုင္ဖို႔၊ စာမ်က္ႏွာေနာက္တစ္႐ြက္လွန္တတ္ဖို႔ နဲ႔ စာေရးတတ္ဖို႔စတာေတြကို ေက်ာင္းမွာဘဲ ခက္ခက္ခဲခဲသင္ယူခဲ့ရတာပါ။ ဒါ့အျပင္ သူ႔ရဲ႕ေျခေခ်ာင္းေတြနဲ႔

ကြန္ပ်ဴတာစာ႐ိုက္၊ ပုံဆြဲတာေတြနဲ႔အျခားအရာေတြကို သာမန္လူေတြလက္ကို အသုံးျပဳသလို သူလည္း ႀကိဳးစားအသုံးျပဳခဲ့ရပါတယ္။ ဒုတိယတန္းမွာ သူ႔ရဲ႕သပ္ရပ္လွပတဲ့အေရးအသားအတြက္ ဆုရခဲ့ၿပီးအတန္းတိုင္းမွာလည္း

ဆုေတြရရွိခဲ့ပါေသးတယ္။ ေက်ာင္းတက္စဥ္ ကာလတစ္ေလွ်ာက္လုံး သူ႔အတန္းေဖာ္ေတြနဲ႔ဆရာအခ်ိဳ႕က သူ႔ကို ပင္ဂြင္းလို႔ ေခၚခဲ့ၿပီး အိမ္နီးခ်င္းေတြက monsterလို႔နာမည္ေျပာင္ေပးခဲ့ပါတယ္။ အဲ့တာေတြကလည္းသူ႔ကိုယ္သူ

စိန္ေခၚဖို႔နဲ႔ ပင္ဂြင္းေတြလည္းပ်ံသန္းႏိုင္ေၾကာင္း အျခားသူေတြကိုသက္ေသျပဖို႔လႈံ႕ေဆာ္ေစတဲ့အရာတစ္ခုျဖစ္လာေစခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ဗီယက္နမ္၊ လာအိုႏွင့္ကေမာၻဒီးယားတာဝန္ရွိကုမၸဏီရဲ႕ေဒသဆိုင္ရာဒါ႐ိုက္တာနဲ႔

ေတြ႔ဆုံခဲ့ၿပီးေနာက္ Hoဟာတစ္ေန႔ Google မွာအလုပ္လုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ရင္း အိမ္မက္တစ္ခုျဖစ္လာခဲ့ပါတယ္။ ယုံၾကည္ေထာက္ပံ့ေပးတဲ့လူေတြတိုးမ်ားလာသေ႐ြ႕ေတာ့ဒီပင္ဂြင္းေလး သူ႔အိမ္မက္ကို အေကာင္အထည္ေဖာ္ဖို႔

အလွမ္းေဝးေနအုံးမွာမဟုတ္ပါဘူး။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

Ho Huu Hanhအမည်ရှိတဲ့ အသက် ၂၀အရွယ် ဗီယက်နမ်ကောင်လေးတစ်ဦးဟာ မွေးရာပါ လက်နှစ်ဖက်မရှိပေမဲ့ ထူးချွန်ပြီးတောက်ပတဲ့အနာဂတ်ကို ဖန်တီးနိုင်စွမ်းရှိကြောင်း သက်သေပြနေပါတယ်။နည်းပညာအင်ဂျင်နီယာပိုင်း

လျှောက်ထားတဲ့ Hoဟာ မကြာသေးခင်ကမှ Lac Hong တက္ကသိုလ်မှာဝင်ခွင့်ရကြောင်းလက်ခံစာရရှိခဲ့တာပါ။မွေးရာပါလက်နှစ်ဖက်မရှိတာကြောင့် Hoအတွက် မွေးရပ်မြေ Dong Nai ပြည်နယ်မှာကြီးပြင်းလာဖို့မလွယ်ကူခဲ့ရပါဘူး။

အမေဖြစ်သူက Hoဟာ ကလေးဘဝကတည်းက စက်ဘီးစီးဖို့ ကြိုးစားရင်းပြုတ်ကျတိုင်းဆေးရုံအကြိမ်ကြိမ်သွားခဲ့ရတာပါတဲ့။Hoဟာ အသက် ၅နှစ်အရွယ်ကတည်းက စက်ဘီးစီးတတ်နေပြီဖြစ်သလိုရေလည်းကောင်းကောင်းကို

ကူးတတ်နေပါပြီ။ Hoဟာငယ်စဉ်ကခြေထောက်နှစ်ချောင်းနဲ့တူကိုဘယ်လိုကိုင်ဖို့၊ စာမျက်နှာနောက်တစ်ရွက်လှန်တတ်ဖို့ နဲ့ စာရေးတတ်ဖို့စတာတွေကို ကျောင်းမှာဘဲ ခက်ခက်ခဲခဲသင်ယူခဲ့ရတာပါ။ ဒါ့အပြင် သူ့ရဲ့ခြေချောင်းတွေနဲ့

ကွန်ပျူတာစာရိုက်၊ ပုံဆွဲတာတွေနဲ့အခြားအရာတွေကို သာမန်လူတွေလက်ကို အသုံးပြုသလို သူလည်း ကြိုးစားအသုံးပြုခဲ့ရပါတယ်။ ဒုတိယတန်းမှာ သူ့ရဲ့သပ်ရပ်လှပတဲ့အရေးအသားအတွက် ဆုရခဲ့ပြီးအတန်းတိုင်းမှာလည်း

ဆုတွေရရှိခဲ့ပါသေးတယ်။ ကျောင်းတက်စဉ် ကာလတစ်လျှောက်လုံး သူ့အတန်းဖော်တွေနဲ့ဆရာအချို့က သူ့ကို ပင်ဂွင်းလို့ ခေါ်ခဲ့ပြီး အိမ်နီးချင်းတွေက monsterလို့နာမည်ပြောင်ပေးခဲ့ပါတယ်။ အဲ့တာတွေကလည်းသူ့ကိုယ်သူ

စိန်ခေါ်ဖို့နဲ့ ပင်ဂွင်းတွေလည်းပျံသန်းနိုင်ကြောင်း အခြားသူတွေကိုသက်သေပြဖို့လှုံ့ဆော်စေတဲ့အရာတစ်ခုဖြစ်လာစေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်၊ လာအိုနှင့်ကမ္ဘောဒီးယားတာဝန်ရှိကုမ္ပဏီရဲ့ဒေသဆိုင်ရာဒါရိုက်တာနဲ့

တွေ့ဆုံခဲ့ပြီးနောက် Hoဟာတစ်နေ့ Google မှာအလုပ်လုပ်နိုင်ဖို့ မျှော်လင့်ရင်း အိမ်မက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ယုံကြည်ထောက်ပံ့ပေးတဲ့လူတွေတိုးများလာသရွေ့တော့ဒီပင်ဂွင်းလေး သူ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့

အလှမ်းဝေးနေအုံးမှာမဟုတ်ပါဘူး။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်