လူသားများကိုပုရွက်ဆိတ်လေးလို သေးငယ်သွားစေမယ့် ဧရာမ အရာကြီးများ ပုံ (၂၀)

လောကမှာဒီလောက်ကြီးတဲ့အရာများရှိပါလားဆိုပြီးအံ့သြသွားရမယ့်ဓာတ်ပုံတွေကို ဖော်ပြပေးချင်ပါတယ်။ ဒီဓာတ်ပုံတွေကိုကြည့်ရင်းကိုယ့်ကိုကိုယ်ပုရွက်ဆိတ်လိုသေးသွားတယ်လို့တောင်ခံစားရစေမှာပဲဖြစ်ပါတယ်။ အဆင်သင့်ဖြစ်ရင်အောက် ကပုံလေးတွေကိုဆက်ကြည့်ကြမယ်နော်။

(၁) မယုံနိုင်စရာရှာဖွေတွေ့ရှိတဲ့ဌက်မွှေးနှစ်ချောင်း။

ဌက်မွှေးက ဒီလောက်ကြီးနေရင် ဌက်ရဲ့ အရွယ်အစားက ဘယ်လောက်တောင်ကြီးမလဲဆိုတာ ခန့်မှန်းကြည့်ကြပါအုံး ပရိသတ်တို့ရေ

(၂) ဧရာမဝက်​ဝံကြီးများ

ဝက်ဝံတွေကို ရုပ်မြင်သံကြားမှာကြည့်ပြီး လူတစ်ရပ်စာကျော်ကျော်လောက်ပဲရှိမယ်လို့တွေးဖူးပါသလား၊ ဒါဆိုရင်ပုံကိုကြည့်လိုက်ပါဝက်ဝံတွေရဲ့ အမြင့်နဲ့အရွယ်အစားက အဲ့လောက်ကြီးပါတယ်။

(၃) တောရိုင်းပင် အကြီးစား

အာဖရိကရှိ ခလီမင်ဂျာရိုတောင်ပေါ်မှာပဲ ရှာတွေ့နိုင်တဲ့တောရိုင်းပင် အကြီးစား

(၄) ဧရာမ ​လေရဟတ်​ပန်​ကာကြီး

လေရဟတ်ပန်ကာတွေကိုအဝေးကနေကြည့်ရင် သေးလောက်မယ်ထင်ထားပေမယ့် တကယ်တမ်းအနီးကပ်ကြည့်တဲ့ အခါမှတော့ တော်တော်လေးကိုအရွယ်အစားကြီးနေခဲ့ပါတယ်။

(၅) ဧရာမ ထရပ်​ကားကြီး

ဘေးကမတ်တပ်ရပ်နေတဲ့လူကိုတောင် မမြင်ရတော့တဲ့အထိကိုကြီးမားတဲ့ထရက်ယာဉ်ကြီးဒါကြီးနဲ့သာတိုက်မိရင်အကုန်လုံးပျက်စီးသွားနိုင်တယ်။

(၆) ဧရာမ နေကြာပန်းကြီး

ဘယ်လိုမြေသြဇာတွေ များကျွေးလိုက်လို့ ဧရာမ နေကြာပန်းကြီး ပွင့်လာတာလဲသိချင်ပါရဲ့။

(၇) ကြီးမားရှည်လျားတဲ့ ဆိုဖာ

ဒီလောက်ကြီးမားရှည်လျားတဲ့ဆိုဖာသာ ရှိနေရင်အိပ်ရာတောင်လိုတော့မှာမဟုတ်ဘူး။

(၈) အလွန်းကြီးမား​သော​တောင်​များနဲ့အပင်​ကြီး

လူတစ်ယောက်ရဲ့အရပ်နဲ့ ယှဉ်ကြည့်လိုက်တော့ သစ်ပင်ရောဘေးကကျောက်တောင်ကြီးပါ ဧရာမကြီး ဖြစ်နေခဲ့ပါတယ်။ ဒီပုံကကျွန်တော်တို့ကို ပုရွက်ဆိတ်သာသာလေးခံစားရစေပါတယ်။

(၉) ကမ္ဘာ့အရပ်အရှည်ဆုံး လူကြီး

ကမ္ဘာ့အရပ်အရှည်ဆုံးလူကြီးရဲ့ အရပ်နဲ့ခန္ဓာကိုယ် အချိုးအစားအတိုင်း ဖန်တီးပြုလုပ်ထားတဲ့ ကျောက်ရုပ်အကြီးကြီးဖြစ်ပါတယ်။ ဒီကျောက်ရုပ်ကြီးဟာ အမြင့်ပေ ၈ပေ နဲ့ ၁၁ လက်မမြင့်ပြီး ပေါင် ၄၉၀ လေးပါတယ်။

(၁၀) ဧရာမရှားစောင်းပင်ကြီး

ကောင်းကင်ကြီးကိုတောင် ထိုးဖောက်တော့မလားအောက်မေ့ရတဲ့ ဧရာမရှားစောင်းပင်ကြီး လူတစ်ယောက်ရဲ့အရပ်က သူ့ရဲ့ ပင်စည်နားလောက်ထိပဲ ရှည်လျားပါတယ်။

(၁၁) ဧရာမငါးမန်းကြီး

သင့်အနေနဲ့ပုံထဲမှာပါတဲ့ ဧရာမငါးမန်းကြီးနားမှာရေကူးရဲလိမ့်မယ်မထင်ပါဘူး။

(၁၂) အပြာရောင် ငါးမန်းကြီးရဲ့အရိုးစု

ဒီအရိုးစုကြီးက ဘယ်တိရစ္ဆာန်ရဲ့ အရိုးစုလို့ ထင်ပါသလဲ၊ အပြာရောင် ငါးမန်းကြီးရဲ့အရိုးစုဖြစ်ပါတယ်။ သူ့ရဲ့အရွယ်အစားဘယ်လောက်တောင်ကြီးသလဲ​ဘေးကလူနဲ့ယှဉ်ကြည့်လိုက်ပါတော့။

(၁၃) ဧရာမသဘောင်္ကြီးရဲ့ ကျောက်ဆူးကြီး

ဂျပန်နိုင်ငံမှာ တည်ဆောက်ခဲ့ဖူးတဲ့ ဧရာမသဘောင်္ကြီးရဲ့ကျောက်ဆူး၊ ကျောက်ဆူးတောင် ဒီလောက်ကြီးနေရင် သင်္ဘောရဲ့အရွယ်အစားက ဘယ်လောက်ကြီးမလဲခန့်မှန်းနိုင်ပါတယ်။

(၁၄) ဧရာမ ​ရေတံခွန်​ကြီး

ပုံထဲမှာ ရှာတွေ့ဖို့တောင်ခက်နေတဲ့ အဖြူရောင် အစက်လေးဟာ လူတစ်ယောက်မတ်တပ်ရပ်နေတာဖြစ်ပါတယ်။ ကဲဒီရေတံခွန်ကြီးဘယ်လောက်ကြီးလိုက်သလဲ။

(၁၅) လူထက်အရွယ်အစားကြီးတဲ့သစ်ရွက်ကြီး

လူထက် အရွယ်အစားကြီးတဲ့သစ်ရွက်မမြင်ဖူးရင် ဒီပုံထဲမှာ ကြည့်နိင်ပါတယ်။

(၁၆) ဧရာမ ​ရေဘဝဲကြီး

ဒါကဖိုတိုရှော့များလား။ ဒါမှမဟုတ်တကယ်ပဲ ရှိခဲ့တာလားနော်။ ကြားဖူးတာကတော့ဧရာမ ရေဘဝဲတွေက အမဆိုရင် ၁၃ မီတာ (၄၃ ပေ) လောက်ထိ ကြီးထွားနိုင်ပြီးအထီးဆိုရင် ၁၀ မီတာ (၃၃ ပေ)အထိ ကြီးထွားနိုင်ကြပါတယ်။

(၁၇) ကမ္ဘာ့အရှည်ဆုံးသစ်ပင်

ခန့်မှန်းချေအားဖြင့် နှစ်ပေါင်း ၇၀၀ မှ ၈၀၀ နီးပါးသက်တမ်းရှိပြီး၃၇၉ပေမြင့်သည့်ကမ္ဘာ့အရှည်ဆုံးသစ်ပင်ဒီသစ်ပင်အနားမှာသာလူတစ်ယောက်ရပ်နေမယ်ဆိုရင်ရှိတယ်လို့တောင်ထင်မှာမဟုတ်ပါဘူးနော်

(၁၈) အပြာရောင်ဝေလငါး

ဒီဝေလငါးတွေတော့ကမ္ဘာပေါ်မှာ အရွယ်အစားအကြီးမားဆုံးသတ္တဝါတစ်ကောင်အဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီဝေလငါးတွေရဲ့အရွယ် အစားကတော့ အရှည်မှာ ၃၃ မီတာရှိပြီး အလေးချိန်ကလည်း တန်ပေါင်း ၁၅၀ အထိလေးလံပါတယ်။ ဒီငါးကြီးတွေရဲ့အရွယ်အစားအလွန်ကို

ကြီးမားလွန်းတဲ့ အချက်တစ်ချက်ကသူ့အတွက် အန္တရာယ်ရှိတဲ့အရာတစ်ခုဖြစ်နေပြီးလူတွေဖမ်းဆီးဖို့အင်မတန်လွယ်ကူနေပါတယ်။ ဒါကြောင့်လည်း အပြာရောင်ဝေလငါးတွေက အမြဲတမ်းလိုလို အသတ်ခံနေရတဲ့ အကောင်တစ်ကောင်ဖြစ်ပြီး ယနေ့အချိန်မှာတော့ ကမ္ဘာပေါ်မှာ အကောင်ပေါင်း ၅ ထောင်လောက်သာ ကျန်ရစ်နေပါတော့တယ်။

(၁၉) ဆီကွိုင်းယားပင်

ဆီကွိုင်းယားပင် ​တွေက ကမ္ဘာမြေပေါ် ပေါက်ရောက်တဲ့အပင်တွေထဲမှာ အကြီးမားဆုံးအပင်ကြီးအမျိုးအစားတွ ပေဲဖြစ်ပါတယ်။ ဒီအပင်တွေက တစ်ပင်ကို ပေ ၃၀၀ ဝန်းကျင်လောက်အထိ ရှည်လျားတတ်ကြပြီး အောက်ခြေမှာ ၂၆ပေ လောက်အထိ ကြီးမားလေ့ရှိကြပါတယ်။

ဒီအပင်ကြီးတွေက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ အများဆုံးပေါက်ရောက်လေ့ရှိပြီး ဆယ်နှစ်ရာသီ အမြဲစိမ်းလန်းလေ့ရှိတတ်ကြပါတယ်။ ဆီကွိုင်းယားပင်​တွေရဲ့ သက်တမ်းကလည်း နှစ်ပေါင်း ၁၁ဝဝ မှ ၁၅ဝဝ ထိအသက်ရှည်ကြတဲ့ ဘိုးသက်ရှည်အပင်တွေပဲဖြစ်ပါတယ်။

(၂၀) အိုင်းရစ်သမင်

အိုင်းရစ်သမင်တွေကဒီကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်ခဲ့ကြတဲ့ သမင်တွေထဲမှာ အရွယ်အစားအကြီးမားဆုံးသမင်အမျိုးအစားပဲဖြစ်ပါတယ်။ ဒီသမင်ကြီးတွေကအလွန်ခဲ့တဲ့နှစ်ပေါင်း ၂ သန်းလောက်က ရှင်သန်ကျက်စားခဲ့ပြီး ယနေ့အခါမှာတော့ မျိုးတုံးပျောက်ကွယ်သွားပါပြီ။

ဒီသမင်ကြီးတွေ မျိုးတုံးပျောက်ကွယ်သွားရသလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ အတိအကျမသိရပေမယ့် သူ့ရဲ့ဦးချိုကြီးတွေကအရွယ်အစားအင်မတန်ကြီးမားလွန်းတာကြောင့် သစ်ကိုင်းတွေနဲ့ငြိကာ ရုန်းမထွက်နိုင်တော့ဘဲနေရာမှာတင် အစာအငတ်ကာသေဆုံးကျတယ်လို့

သုတေသနစာတမ်းတွေက ဆိုထားပါတယ်။ ဒီသမင်ကြီးတွေရဲ့အရိုးစုတွေအရ ၇ ပေလောက် အမြင့်ရှိပြီး သူတို့ရဲ့ကြီးမားကျယ်ပြန့်တဲ့ ဦးချိုကြီးတွေက ၁၂ ပေလောက်အထိ ရှိတတ်ကြပါတယ်။ဒီလောက်ကြီးတဲ့အရာတွေအပြင်မှာ တကယ်ရှိတယ်ဆိုတာတွေ့လိုက်ရတဲ့ပရိသတ်တွေလည်း

အံ့သြသွားလောက်ကြမယ်ထင်ပါတယ်။ ကိုယ် အကြိုက်ဆုံး ပုံရှိရင်လည်း ပြန်ပြီးတော့ပြောပြခဲ့ကြပါအုံးနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်