မင်းသမီးဖြစ်ပြီးရုပ်မချောလို့ ဝေဖန်ခံခဲ့ရတဲ့အကြောင်းကို ဝမ်းနည်းမျက်ရည်များနဲ့ပြောပြလာတဲ့ ဝေလာရီရဲ့ (ရုပ်​သံ)
ယူနီကုဒ်ဖြင့် ဖတ်ရန်
အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ရင်း ပရိသတ်တွေပေးတဲ့ နေရာတစ်နေရာ ရရှိ ပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝေလာရီပဲ ဖြစ်ပါတယ်။
သူမဟာရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် အနုပညာလောကထဲကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။ ရိုးရိုးယဉ်ယဉ်ဝတ်စားတတ်တဲ့ ဝေလာရီရဲ့ပုံစံလေးကို
ပရိသတ်တွေက ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ ဝေလာရီကမင်းသမီးဖြစ်ပြီး ရုပ်မချောလို့ဝေဖန်ခံရတဲ့အကြောင်းကိုဝမ်းနည်းမျက်ရည်တွေနဲ့ ပြောပြလာတာပဲဖြစ်ပါတယ်။
ဝေလာရီက “ဘဝမှာမင်းသမီးနေရာကနေ သရုပ်ဆောင်ခွင့်ရလိမ့်မယ်လို့တစ်ခါမှမတွေးခဲ့ဖူးဘူး။ အလုပ်တွေအများကြီးလုပ်ရပြီး၊ ဝင်ငွေတွေ ရှာနိုင်လိမ့်မ ယ်လို့လည်း မထင်ထားဘူး။
မင်းသမီး ဖြစ်ပြီးရုပ်လည်းမချော၊ ခန္ဓာကိုယ်လည်းမလှတော့အရမ်းဝေဖန်ခံ ခဲ့ရတယ်။ မျက်လုံး စောင်းနေတယ် ခါးတုတ်တယ်လို့အမျိုးမျိုး Shaming လုပ် ကြတော့စိတ်ထိခိုက်ခဲ့ရတယ်”လို့
ပြောလာခဲ့ပါတယ်။ လတ်တလောမှာတော့ ဝေလာရီက MRTV4 နဲ့ ဇာတ်လမ်းတွဲအသစ်တစ်ခုရိုက်နေကြောင်းကိုလဲပြောခဲ့ပါသေးတယ်။ ပရိသတ်ကြီးအတွက်ဝေလာရီရဲ့ interview ဗီဒီယို
ဖိုင်လေးကိုဖော် ပြပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်