ေယာကၡမေတြနဲ႔ရင္းနွီးမွဳရွိေအာင္ ကိုယ္ဝန္ကုိအီတလီမွာသြားေမြးမွာျဖစ္ၿပီး ​ေနာက္​ထပ္​ (၃)ႏွစ္ေလာက္​ေနမွပဲ မဂၤလာေဆာင္ျဖစ္ၾကမယ္လုိ႔​ေျပာျပလာခဲ့တဲ့ ခ်မ္းခ်မ္း

အဆိုေတာ္ ခ်မ္းခ်မ္းကေတာ့ ဒုတိယေျမာက္ ရင္ေသြးေလးကို ကိုယ္ဝန္လြယ္ထားရၿပီျဖစ္ပါတယ္။ သူမဗိုက္ထဲက ကေလးေလးကလည္း သမီးေလးပဲလို႔သိရပါတယ္။ ဒီရင္ေသြးေလးကိုေတာ့ အီတလီနိုင္ငံမွာေမြးဖြားမယ္လို႔ ေျပာပါတယ္။ ခ်မ္းခ်မ္းဟာဒုတိယေျမာက္သမီးေလးကို

ဧၿပီလထဲမွာေမြးဖြားမွာပဲျဖစ္ပါတယ္။ ခ်မ္းခ်မ္းက အီတလီမွာကေလးသြားေမြးမဲ့အေၾကာင္းကို “ဒုတိယ ကိုယ္ဝန္က(၅)လေက်ာ္ပါၿပီ။ Ultrasound ရိုက္ၾကည့္ေတာ့သမီးေလးပါ။ ဂဂၤါေလးက ေမာင္ေလး၊ ညီမေလးတစ္ေယာက္လိုခ်င္တယ္လုိ႔ေျပာသလို၊ COVID ကာလမွာအလုပ္ေတြ

အားေနေတာ့အသက္ (၃၅) ႏွစ္မတိုင္ခင္မွာ ကိုယ္ဝန္ယူလိုက္တာပါ။ ေယာကၡမေတြနဲ႔ရင္းႏွီးေအာင္ ကေလးကို အီတလီမွာ သြားေမြးမွာပါ။ ခင္ပြန္း နဲ႕ လက္မထပ္ထားရေသးေပမယ့္ ေစ့စပ္ထားၿပီး သားပါ” လို႔ ေျပာလာခဲ့ပါတယ္။ ခ်စ္သူနဲ႔ ကေလးယူၿပီး သုံးႏွစ္ေလာက္ေနမွ

လက္ထပ္မဲ့အေၾကာင္းေလးလဲေျပာခဲ့ပါေသးတယ္။ ခ်မ္းခ်မ္းက“ခ်စ္သူနိုင္ငံျခားသားနဲ႔ လက္မထပ္ရေသးပါဘူး။ ႏွစ္ဖက္မိဘေတြသေဘာတူေစ့စပ္ထားၾကတာပါ။ ေယာကၡမေတြ ကလည္း အသက္ႀကီး ေနၿပီ၊ ဂဂၤါေလး ကလည္း COVID ကာလမွာ တစ္ေယာက္တည္းအထီးက်န္ေနတယ္

ဆိုေတာ့ မဂၤလာမေဆာင္ေသးဘဲကေလးယူလိုက္တာပါ။ မဂၤလာေဆာင္ၿပီး ၿပီလို႔ မလိမ္ခ်င္ဘူး။ သမီးေလး ေမြးၿပီး (၃) ႏွစ္ေလာက္ၾကာမွာ မဂၤလာေဆာင္မွာပါ။ မဂၤလာပြဲမွာ သမီးေလးေတြကို ပန္းႀကဲခိုင္းမယ္” လို႔ ေျပာခဲ့ပါေသးတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

အဆိုတော် ချမ်းချမ်းကတော့ ဒုတိယမြောက် ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။ သူမဗိုက်ထဲက ကလေးလေးကလည်း သမီးလေးပဲလို့သိရပါတယ်။ ဒီရင်သွေးလေးကိုတော့ အီတလီနိုင်ငံမှာမွေးဖွားမယ်လို့ ပြောပါတယ်။ ချမ်းချမ်းဟာဒုတိယမြောက်သမီးလေးကို

ဧပြီလထဲမှာမွေးဖွားမှာပဲဖြစ်ပါတယ်။ ချမ်းချမ်းက အီတလီမှာကလေးသွားမွေးမဲ့အကြောင်းကို “ဒုတိယ ကိုယ်ဝန်က(၅)လကျော်ပါပြီ။ Ultrasound ရိုက်ကြည့်တော့သမီးလေးပါ။ ဂင်္ဂါလေးက မောင်လေး၊ ညီမလေးတစ်ယောက်လိုချင်တယ်လို့ပြောသလို၊ COVID ကာလမှာအလုပ်တွေ

အားနေတော့အသက် (၃၅) နှစ်မတိုင်ခင်မှာ ကိုယ်ဝန်ယူလိုက်တာပါ။ ယောက္ခမတွေနဲ့ရင်းနှီးအောင် ကလေးကို အီတလီမှာ သွားမွေးမှာပါ။ ခင်ပွန်း နဲ့ လက်မထပ်ထားရသေးပေမယ့် စေ့စပ်ထားပြီး သားပါ” လို့ ပြောလာခဲ့ပါတယ်။ ချစ်သူနဲ့ ကလေးယူပြီး သုံးနှစ်လောက်နေမှ

လက်ထပ်မဲ့အကြောင်းလေးလဲပြောခဲ့ပါသေးတယ်။ ချမ်းချမ်းက“ချစ်သူနိုင်ငံခြားသားနဲ့ လက်မထပ်ရသေးပါဘူး။ နှစ်ဖက်မိဘတွေသဘောတူစေ့စပ်ထားကြတာပါ။ ယောက္ခမတွေ ကလည်း အသက်ကြီး နေပြီ၊ ဂင်္ဂါလေး ကလည်း COVID ကာလမှာ တစ်ယောက်တည်းအထီးကျန်နေတယ်

ဆိုတော့ မင်္ဂလာမဆောင်သေးဘဲကလေးယူလိုက်တာပါ။ မင်္ဂလာဆောင်ပြီး ပြီလို့ မလိမ်ချင်ဘူး။ သမီးလေး မွေးပြီး (၃) နှစ်လောက်ကြာမှာ မင်္ဂလာဆောင်မှာပါ။ မင်္ဂလာပွဲမှာ သမီးလေးတွေကို ပန်းကြဲခိုင်းမယ်” လို့ ပြောခဲ့ပါသေးတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်