သုသာန္၌ေျမျမဳပ္ထားေသာ ေအးခဲၾကက္သားမ်ားကုိ ျပန္လည္ေဖာ္ယူရန္ ႀကိဳးစားမွုတခု ျဖစ္ပြားဟုသိရ

သထုံၿမိဳ႕နယ္ ေျမနီကုန္းသုသာန္၌ေျမျမဳပ္ထားေသာ ေအးခဲၾကက္သားမ်ားအား ဒီကေန႔မြန္းလြဲ ၂:၀၀ နာရီခန႔္တြင္လူရွစ္ဦးခန႔္မွ ေရာက္ရွိလာၿပီး ေဖာ္ယူၾကမည့္အေနထားျဖစ္စဥ္မ်ိဳး ျဖစ္ခဲ့သည္။ ျဖစ္စဥ္မွာ ယမန္ေန႔ကဖမ္းဆီးထားေသာ စားသုံးရန္မသင့္ေအးခဲၾကက္သားမ်ားအား

ဒီကေန႔တြင္ ဌာနဆိုင္ရာမ်ားမွ ေျမနီကုန္းသုသာန္၌ ေျမက်င္းတူးဖ်တ္ဆီးမႈ ျပဳလုပ္ခဲ့သည္။ ထိုအသားမ်ားကို႐ြာသားမ်ားအပါဝင္ ေျမျမဳပ္ရာက်င္းတဝက္ေက်ာ္ခန႔္ ၿပီးစီး၍ ထမင္းစားသြားခ်ိန္၌ လူတစ္စုမွသုံးဘီး၊ ​ေထာ္လာဂ်ီ၊ အမိုးဖြင့္ကား စသည့္ သုံးစီးျဖင့္အဆိုပါေနရာသို႔

ေရာက္ရွိလာရာၾကေၾကာင္း ႐ြာနာေရးကိစၥသုသာန္ တြင္ရွိေနသူမ်ားကနယ္ေျမခံ ရပ္/ေက်းNLD ဥဣဌ ထံသို႔သတင္းေပးခဲ့သည္ ဟုဆိုသည္။ နယ္ေျမခံNLDအဖြဲ႔မွ ထိုလူမ်ားကို မသင္ကာ၍ ေမးျမန္းေနရာမွ အမိုးဖြင့္ကားျဖင့္ ထြက္ေျပးသြားေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္

ေဒၚမာမာခိုင္ထံ သတင္းေပးပို႔ရာမွအဆိုပါ အခင္းျဖစ္ရာသို႔ ေရာက္ရွိခ်ိန္တြင္ ၎တို႔ေမာင္းလာေသာ သုံးဘီးႏွင့္ေထြလာဂ်ီ က်န္ခဲ့ေၾကာင္း ေတြ႕ရွိခဲ့ရသည္။ အဆိုပါျဖစ္စဥ္ႏွင့္စပ္လွ်ဥ္း၍ သထုံၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမႉးႏွင့္တပ္ဖြဲ႕ဝင္မ်ားေရာက္ရွိလာၿပီး က်န္ခဲ့ေသာယဥ္ႏွစ္စီးအား

ေက်း႐ြာအုပ္ခ်ဳပ္ ေရးမႉး႐ုံး၌ ထားရွိရန္မွာေျပာၾကားၿပီး ဥပေဒေၾကာင္းအရစုံစမ္းစစ္ ေဆးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

သထုံမြို့နယ် မြေနီကုန်းသုသာန်၌မြေမြုပ်ထားသော အေးခဲကြက်သားများအား ဒီကနေ့မွန်းလွဲ ၂:၀၀ နာရီခန့်တွင်လူရှစ်ဦးခန့်မှ ရောက်ရှိလာပြီး ဖော်ယူကြမည့်အနေထားဖြစ်စဉ်မျိုး ဖြစ်ခဲ့သည်။ ဖြစ်စဉ်မှာ ယမန်နေ့ကဖမ်းဆီးထားသော စားသုံးရန်မသင့်အေးခဲကြက်သားများအား

ဒီကနေ့တွင် ဌာနဆိုင်ရာများမှ မြေနီကုန်းသုသာန်၌ မြေကျင်းတူးဖျတ်ဆီးမှု ပြုလုပ်ခဲ့သည်။ ထိုအသားများကိုရွာသားများအပါဝင် မြေမြုပ်ရာကျင်းတဝက်ကျော်ခန့် ပြီးစီး၍ ထမင်းစားသွားချိန်၌ လူတစ်စုမှသုံးဘီး၊ ထော်လာဂျီ၊ အမိုးဖွင့်ကား စသည့် သုံးစီးဖြင့်အဆိုပါနေရာသို့

ရောက်ရှိလာရာကြကြောင်း ရွာနာရေးကိစ္စသုသာန် တွင်ရှိနေသူများကနယ်မြေခံ ရပ်/ကျေးNLD ဥဣဌ ထံသို့သတင်းပေးခဲ့သည် ဟုဆိုသည်။ နယ်မြေခံNLDအဖွဲ့မှ ထိုလူများကို မသင်ကာ၍ မေးမြန်းနေရာမှ အမိုးဖွင့်ကားဖြင့် ထွက်ပြေးသွားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ဒေါ်မာမာခိုင်ထံ သတင်းပေးပို့ရာမှအဆိုပါ အခင်းဖြစ်ရာသို့ ရောက်ရှိချိန်တွင် ၎င်းတို့မောင်းလာသော သုံးဘီးနှင့်ထွေလာဂျီ ကျန်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါဖြစ်စဉ်နှင့်စပ်လျှဉ်း၍ သထုံမြို့နယ် မြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျန်ခဲ့သောယဉ်နှစ်စီးအား

ကျေးရွာအုပ်ချုပ် ရေးမှူးရုံး၌ ထားရှိရန်မှာပြောကြားပြီး ဥပဒေကြောင်းအရစုံစမ်းစစ် ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်