လုပ္ငန္းခြင္မွာ ေသဆုံးခဲ့ရ႐ွာတဲ့ ျမန္မာအလုပ္သမားေလးရဲ႕ အသက္ကို (၂၆) သိန္းထဲျဖင္​့ တန္ေၾကးျဖတ္​ေနတဲ့ ထိုင္းသူေဌး

မတရားမႈကို ေတာ္လွန္ရမွာက AAC ရဲ႕သမိုင္းေပးတာဝန္ဘဲ။ မေန႕ညေနက ျမန္မာအလုပ္သမားတစ္ေယာက္ထိုင္းနိုင္ငံ ဘန္းကပိၿမိဳ႕နယ္စကၠဴ႐ုံထဲက လုပ္ငန္းခြင္မွာ စက္နဲ႕ရိုက္မိၿပီး ႐ုပ္ပ်က္ဆင္းပ်က္ ေသဆုံးသြားတယ္။ မေန႔က စက္႐ုံတာဝန္ရွိသူေတြကသၿဂိဳလ္စရိတ္တာဝန္ယူမယ္။

ဘတ္ ၆ ေသာင္း (ျမန္မာေငြ ၂၆ သိန္းေက်ာ္) ေပးမယ္။ အဲ့ဒါကို သေဘာတူေၾကာင္း ေသဆုံးသူနဲ႔ ညီအကိုဝမ္းကြဲေတာ္စပ္သူကို လက္မွတ္အတင္းထိုးခိုင္းတယ္ျမန္မာနိုင္ငံကေသဆုံးသူရဲ႕ မိဘေတြကအဲ့အခ်က္ေတြကိုသေဘာမတူေတာ့ ဒီက ေသဆုံးသူရဲ႕ ညီဝမ္းကြဲကသေဘာတူေၾကာင္း

လက္မွတ္မထိုးေပးဘူး။ အဲ့ေတာ့စက္႐ုံတာဝန္ရွိသူေတြဘတ္(၇)ေသာင္းထိတိုးေပးမယ္.ေျပာတယ္။ ဒါေပမဲ့သူတို႔ပိုက္ဆံ (၇)ေသာင္းဘတ္ထိ တိုးေပးလဲေသဆုံးသူရဲ႕ ျမန္မာနိုင္ငံကမိဘေတြကသေဘာမတူေတာ့ ဒီကေသဆုံးသူရဲ႕ ဝမ္းကြဲညီအကိုကလဲသေဘာတူေၾကာင္းလက္မွတ္

မထိုးေပးရဲဘူး။ အဲ့ေတာ့စက္႐ုံတာဝန္ရွိသူေတြက ဒီေန႔ ေသဘာတူလားသေဘာမတူလားအေၾကာင္းျပန္ရမယ္။ သေဘာမတူရင္၊ သေဘာတူေၾကာင္းလက္မွတ္မထိုးေပးရင္မနက္ျဖန္သၿဂိဳလ္စရိတ္လဲတာဝန္မယူဘူး။ ဘတ္ (၇)ေသာင္းလဲ မေပးဘူး။ တိုင္ခ်င္ရာတိုင္ဆိုတဲ့သေဘာမ်ိဳး

​ေျပာလာတယ္။ ခုေတာ့မတရားမႈမွန္းသိေပမဲ့ အားကိုးရာမရွိတဲ့​ေသဆုံးသူရဲ႕နီးစပ္ရာသူငယ္ခ်င္းေတြက ထိုင္းေရာက္ျမန္မာအလုပ္သမားေရး ကူညီေစာင့္ေရွာက္မႈေပးေနတဲ့ AAC အဖြဲ႔ကို ဆက္သြယ္အကူညီေတာင္းလို႔ ဒီကေန႔AAC အဖြဲ႔ကသြားေရာက္ကူညီေပးဖို႔ေဆာင္႐ြက္ေနပါၿပီ။

လူတစ္ေယာက္ေသသြားတာပါဗ်ာတိရစာၦန္တစ္ေကာင္ေသသြားတာမဟုတ္ပါဘူး။ ထိုက္တန္ေသာတုန႔္ျပန္မႈေတာ့ AAC က ျပန္ေပးမွာပါ။ ညီေလးရဲထြဋ္ေနာင္ေကာင္းမြန္ရာဘုံဘဝသို႔ေရာက္ရွိနိုင္ ပါေစ၊ ေနာင္ဘဝမွာလူျဖစ္ခဲ့ရင္ ခုလိုေ႐ႊ႕ေျပာင္းအလုပ္သမားဘဝနဲ႔သူမ်ားနိုင္ငံမွာ

႐ုပ္ပ်က္ဆင္းပ်က္ မေသဆုံးရပါေစနဲ႔လို႔ အကိုဆုေတာင္းေပးပါတယ္။ ၁၃.၁၂.၂၀၂၀ (တနဂၤေႏြေန႕) ရဲမင္း(AAC မဟာမိတ္အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ) ထိုင္းအေျခစိုက္အလုပ္သမားကူညီေစာင့္ေရွာက္ေရး၊ ေသဆုံးသူဟာ အဲဒီစက္႐ုံမွာလုပ္ကိုင္‌ေနတာ (၂)ႏွစ္ေက်ာ္‌ေနၿပီး

လုပ္ငန္းခြင္ထဲမွာ အလုပ္သမားတစ္ေယာက္ ေသဆုံးရင္ထိုင္းဘတ္ေငြ (၅) သိန္းအထိရနိုင္တယ္လို႔သိရပါတယ္။ “ျဖစ္တာက မေန႔ကျဖစ္တယ္။ ခ်ဳပ္ရိုးေတြနဲ႔႐ုပ္ပ်က္ဆင္းပ်က္သယ္လာၿပီး မေန႔ ကေတာင္ မီးသျဂၤိုလ္ဖို႔အတင္းလုပ္လို႔ ဒါကို တားထားရတာေပါ့။ ဒီေန႔လည္း မီးသျဂၤိုလ္ဖို႔

လုပ္ေနတာ။ အခုတိုင္ခ်က္ေတာ့မဖြင့္ေသးဘူး။ အခုထိုင္းအလုပ္ရွင္နဲ႕ညွိႏွိုင္းရမယ္။ သူတို႔ဘက္ကဘာလုပ္ေပးမလဲဆိုတာကို မိသားစုေတြဘက္က ေက်နပ္လားဆိုတာကိုၾကည့္ရမယ္။” လို႔ AAC ကတာဝန္ရွိသူဦးရဲမင္းကေျပာပါတယ္။ ထိုင္းနိုင္ငံမွာေတာ့လုပ္ငန္းခြင္ထဲမွာ

အလုပ္သမားတစ္ေယာက္ေသဆုံးရင္အာဏာပိုင္ေတြက စက္ပစၥည္းေတြကိုဝင္ေရာက္စစ္ေဆးတာေတြလုပ္ၿပီး အစိုးရကခ်မွတ္ေပးထားတဲ့စည္းကမ္းေတြအတိုင္းမလိုက္နာရင္အလုပ္ရွင္ကိုအနည္းဆုံး ဘတ္(၆)သိန္း ဒဏ္ရိုက္တဲ့အျပင္ အေရးယူမႈေတြလည္း ရွိနိုင္တယ္လို႔ သိရပါတယ္။

အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မတရားမှုကို တော်လှန်ရမှာက AAC ရဲ့သမိုင်းပေးတာဝန်ဘဲ။ မနေ့ညနေက မြန်မာအလုပ်သမားတစ်ယောက်ထိုင်းနိုင်ငံ ဘန်းကပိမြို့နယ်စက္ကူရုံထဲက လုပ်ငန်းခွင်မှာ စက်နဲ့ရိုက်မိပြီး ရုပ်ပျက်ဆင်းပျက် သေဆုံးသွားတယ်။ မနေ့က စက်ရုံတာဝန်ရှိသူတွေကသဂြိုလ်စရိတ်တာဝန်ယူမယ်။

ဘတ် ၆ သောင်း (မြန်မာငွေ ၂၆ သိန်းကျော်) ပေးမယ်။ အဲ့ဒါကို သဘောတူကြောင်း သေဆုံးသူနဲ့ ညီအကိုဝမ်းကွဲတော်စပ်သူကို လက်မှတ်အတင်းထိုးခိုင်းတယ်မြန်မာနိုင်ငံကသေဆုံးသူရဲ့ မိဘတွေကအဲ့အချက်တွေကိုသဘောမတူတော့ ဒီက သေဆုံးသူရဲ့ ညီဝမ်းကွဲကသဘောတူကြောင်း

လက်မှတ်မထိုးပေးဘူး။ အဲ့တော့စက်ရုံတာဝန်ရှိသူတွေဘတ်(၇)သောင်းထိတိုးပေးမယ်.ပြောတယ်။ ဒါပေမဲ့သူတို့ပိုက်ဆံ (၇)သောင်းဘတ်ထိ တိုးပေးလဲသေဆုံးသူရဲ့ မြန်မာနိုင်ငံကမိဘတွေကသဘောမတူတော့ ဒီကသေဆုံးသူရဲ့ ဝမ်းကွဲညီအကိုကလဲသဘောတူကြောင်းလက်မှတ်

မထိုးပေးရဲဘူး။ အဲ့တော့စက်ရုံတာဝန်ရှိသူတွေက ဒီနေ့ သေဘာတူလားသဘောမတူလားအကြောင်းပြန်ရမယ်။ သဘောမတူရင်၊ သဘောတူကြောင်းလက်မှတ်မထိုးပေးရင်မနက်ဖြန်သဂြိုလ်စရိတ်လဲတာဝန်မယူဘူး။ ဘတ် (၇)သောင်းလဲ မပေးဘူး။ တိုင်ချင်ရာတိုင်ဆိုတဲ့သဘောမျိုး

ပြောလာတယ်။ ခုတော့မတရားမှုမှန်းသိပေမဲ့ အားကိုးရာမရှိတဲ့သေဆုံးသူရဲ့နီးစပ်ရာသူငယ်ချင်းတွေက ထိုင်းရောက်မြန်မာအလုပ်သမားရေး ကူညီစောင့်ရှောက်မှုပေးနေတဲ့ AAC အဖွဲ့ကို ဆက်သွယ်အကူညီတောင်းလို့ ဒီကနေ့AAC အဖွဲ့ကသွားရောက်ကူညီပေးဖို့ဆောင်ရွက်နေပါပြီ။

လူတစ်ယောက်သေသွားတာပါဗျာတိရစ္ဆာန်တစ်ကောင်သေသွားတာမဟုတ်ပါဘူး။ ထိုက်တန်သောတုန့်ပြန်မှုတော့ AAC က ပြန်ပေးမှာပါ။ ညီလေးရဲထွဋ်နောင်ကောင်းမွန်ရာဘုံဘဝသို့ရောက်ရှိနိုင် ပါစေ၊ နောင်ဘဝမှာလူဖြစ်ခဲ့ရင် ခုလိုရွှေ့ပြောင်းအလုပ်သမားဘဝနဲ့သူများနိုင်ငံမှာ

ရုပ်ပျက်ဆင်းပျက် မသေဆုံးရပါစေနဲ့လို့ အကိုဆုတောင်းပေးပါတယ်။ ၁၃.၁၂.၂၀၂၀ (တနင်္ဂနွေနေ့) ရဲမင်း(AAC မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ) ထိုင်းအခြေစိုက်အလုပ်သမားကူညီစောင့်ရှောက်ရေး၊ သေဆုံးသူဟာ အဲဒီစက်ရုံမှာလုပ်ကိုင်‌နေတာ (၂)နှစ်ကျော်‌နေပြီး

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတစ်ယောက် သေဆုံးရင်ထိုင်းဘတ်ငွေ (၅) သိန်းအထိရနိုင်တယ်လို့သိရပါတယ်။ “ဖြစ်တာက မနေ့ကဖြစ်တယ်။ ချုပ်ရိုးတွေနဲ့ရုပ်ပျက်ဆင်းပျက်သယ်လာပြီး မနေ့ ကတောင် မီးသင်္ဂြိုလ်ဖို့အတင်းလုပ်လို့ ဒါကို တားထားရတာပေါ့။ ဒီနေ့လည်း မီးသင်္ဂြိုလ်ဖို့

လုပ်နေတာ။ အခုတိုင်ချက်တော့မဖွင့်သေးဘူး။ အခုထိုင်းအလုပ်ရှင်နဲ့ညှိနှိုင်းရမယ်။ သူတို့ဘက်ကဘာလုပ်ပေးမလဲဆိုတာကို မိသားစုတွေဘက်က ကျေနပ်လားဆိုတာကိုကြည့်ရမယ်။” လို့ AAC ကတာဝန်ရှိသူဦးရဲမင်းကပြောပါတယ်။ ထိုင်းနိုင်ငံမှာတော့လုပ်ငန်းခွင်ထဲမှာ

အလုပ်သမားတစ်ယောက်သေဆုံးရင်အာဏာပိုင်တွေက စက်ပစ္စည်းတွေကိုဝင်ရောက်စစ်ဆေးတာတွေလုပ်ပြီး အစိုးရကချမှတ်ပေးထားတဲ့စည်းကမ်းတွေအတိုင်းမလိုက်နာရင်အလုပ်ရှင်ကိုအနည်းဆုံး ဘတ်(၆)သိန်း ဒဏ်ရိုက်တဲ့အပြင် အရေးယူမှုတွေလည်း ရှိနိုင်တယ်လို့ သိရပါတယ်။

အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်