ဒီက​ေန႔ည​ေလးမွာထူးျခားလြန္​းတဲ့ ၾကယ္မိုးရြာတာကိုအတူ ေစာင့္ၾကည့္ၾကမယ္ေနာ္

ညအခါ မိုးေပၚကေန ေတာက္ပတဲ့ အလင္းတန္းေလးေအာက္ကို ျမန္ျမန္က်ဆင္းလာတာမ်ိဳး ကေလးတို႔ ျမင္ဖူးၾကသလား။ ၿမိဳ႕ႀကီးေတြက ကေလးေတြအတြက္ အထူးအဆန္းျဖစ္ေနမွာပဲေနာ္။ ၿမိဳ႕ျပမွာ မီးအလင္းေရာင္ေတြေၾကာင့္ မိုးေပၚမွာလမင္းႀကီးသာေနတာေတာင္

သတိမထားမိၾကတာမ်ားတယ္။ ေက်းလက္ေဒသမွာ ေနၾကသူေတြအဖို႔ေတာ့ ၾကယ္ေႂကြတာမ်ိဳးကိုမၾကာခဏ ျမင္နိုင္တာေပါ့။ ဒီည (ဒီဇင္ဘာ ၁၃ ရက္ည)မွာေတာ့ထူးထူးျခားျခားမိုး႐ြာသလိုမ်ိဳး ၾကယ္ေလးေတြတျဖဳတ္ျဖဳတ္ေႂကြက်လာမွာဆိုၿပီးနကၡတ္တာရာေတြကိုေစာင့္ၾကည့္ၾကတဲ့

ပညာရွင္ေတြကဆိုထားပါတယ္။ တို႔ေျမကမာၻတည္ရွိရာ ေနစၾကဝဠာႀကီးထဲမွာေနကိုလွည့္ပတ္ေနတဲ့ ၿဂိဳဟ္ႀကီးေတြျဖစ္တဲ့ မာက်ဴရီၿဂိဳဟ္ (ဗုဒၶဟူးၿဂိဳဟ္)၊ ဗီးနပ္စ္ၿဂိဳဟ္ (ေသာၾကာၿဂိဳဟ္)၊ ကမာၻၿဂိဳဟ္၊ မားစ္ၿဂိဳဟ္(အဂၤါၿဂိဳဟ္)၊ ဂ်ဴပီတာၿဂိဳဟ္ (ၾကာသပေတးၿဂိဳဟ္)၊ ေစတန္ၿဂိဳဟ္(စေနၿဂိဳဟ္)၊

ယူေရးနပ္စ္ၿဂိဳဟ္၊ နက္ပကြၽန္းၿဂိဳဟ္စတဲ့ ၿဂိဳဟ္ႀကီးရွစ္လုံးအျပင္ အျခား ဂလက္ဆီအဖြဲ႕အစည္းေတြကေန လြင့္ထြက္လာတဲ့ ဥကၠာပ်ံေတြ၊ ၾကယ္တံခြန္ေတြနဲ႕ အျခားၿဂိဳဟ္သိမ္ၿဂိဳဟ္ငယ္ ေလးေတြကလည္း ေနလုံးႀကီးကိုလမ္းေၾကာင္းကိုယ္စီနဲ႔ လည္ပတ္ေနၾကပါတယ္။ သူတို႔ဟာ

အျခားေသာစၾကဝဠဠာ ေတြဆီကၾကယ္ေတြ၊ ၿဂိဳဟ္ေတြေပါက္ကြဲတဲ့အခါအစိုင္အခဲ၊ အစအနေလးေတြအျဖစ္လြင့္စဥ္လာၿပီး အာကာသထဲမွာ တည္ရွိေနၾကတာျဖစ္ပါတယ္။ အေၾကာင္းတစ္ခုခုေၾကာင့္တို႔ကမာၻႀကီးရဲ႕ကမာၻပတ္လမ္းေၾကာင္းနဲ႔တိုက္ဆိုင္သြားတဲ့အခါအခ်ိဳ႕အမႈန္အမႊားေတြ၊

အစိုင္အခဲေတြက ကမာၻ႔ေလထုထဲအထိေရာက္လာၿပီး ကမာၻႀကီးေပၚကို က်လာတတ္တာလည္းရွိပါတယ္။ ကမာၻဦးအေစာပိုင္းမွာ ဥကၠာခဲေတြ ခဏခဏက်လာတဲ့အတြက္ရာသီဥတုေတြ ေျပာင္းလဲၿပီး ကမာၻ႔ေရွးက်တဲ့သတၱဝါႀကီးေတြျဖစ္တဲ့ ဒိုင္နိုေဆာႀကီးေတြမ်ိဳးသုဥ္းေပ်ာက္ကြယ္

သြားတယ္ဆိုၿပီးပညာရွင္ေတြက ေျပာၾကတာေတြ ရွိခဲ့ဖူးပါတယ္။ အဲဒီအရာေတြဟာဟိုးအျမင့္ႀကီးကေန အရွိန္ျပင္းျပင္းနဲ႔ျပဳတ္က်ရင္း ကမာၻ႔ေလထုထဲက ဓာတ္ေငြ႔​ေတြနဲ႔ထိေတြ႕တဲ့အခါ ပြတ္တိုက္မႈေၾကာင့္ ေလာင္ကြၽမ္းၿပီး ေတာက္ပတဲ့အလင္းေရာင္ ထြက္ေပၚလာတာရွိပါတယ္။

အဲဒါကို ၾကယ္ေႂကြတယ္လို႔ေခၚၾကတာပါ။ အမွန္ကၾကယ္မိုး႐ြာတယ္ဆိုတာတို႔ျမင္ေနရတဲ့ မိုးေပၚကၾကယ္ကေလးေတြေႂကြက်လာတာေတာ့ မဟုတ္ပါဘူး။ အာကာသႀကီးထဲမွာတို႔ကမာၻႀကီးလိုပဲ ရွိေနတဲ့ ၿဂိဳဟ္ႀကီးေတြ၊ ဥကၠာပ်ံေတြက ပ်က္စီးသြားၿပီးေတာ့အစိတ္စိတ္အႁမႊာႁမႊာကြဲ

​ေနတာကိုတို႔ကမာၻႀကီးက သူ႔ရဲ႕ ပတ္လမ္းေၾကာင္းအတိုင္း လည္ပတ္ရင္း ျဖတ္သန္းသြားရင္းနဲ႔ ေတြ႔ရတာမ်ိဳးပါ။ ၾကယ္မိုး႐ြာတာကို ေတြ႔ရဖို႔ အတြက္ကေတာ့တို႔ေရာက္ရွိေနတဲ့ေနရာဟာ မီးအလင္းေရာင္ေတြ တအားထြန္းထားတဲ့ေနရာ မျဖစ္ရပါဘူး။ ရာသီဥတုကလည္းသာယာေနဖို႔

လိုသလိုေကာင္းကင္ျပင္ႀကီးကို က်ယ္က်ယ္ျပန႔္ျပန႔္ ျမင္နိုင္ဖို႔နဲ႔လွ်ပ္စစ္မီးေရာင္ေတြရဲ႕အေႏွာင့္အယွက္ကင္းဖို႔လည္းလိုတာေပါ့။ အခ်ိန္ကလည္း ညပိုင္းဆိုေတာ့ အျပင္ထြက္ ၿပီးေစာင့္ၾကည့္ၾကဖို႔လည္း လိုမွာေပါ့ေနာ္။ ဒီညမွာျမင္ရမယ့္ ၾကယ္မိုး႐ြာတဲ့ျဖစ္စဥ္က ၃၂၀၀ ဖယ္သုန္

(3200 Paethon) လို႔ေခၚတဲ့ ၾကယ္တံခြန္ ဒါမွမဟုတ္ ၿဂိဳဟ္သိမ္တစ္ခုလည္း ျဖစ္နိုင္တဲ့အရာကေန ေပါက္ကြဲပ်က္စီးၿပီးက်န္ေနတဲ့ အမႈန္အမႊားျဖစ္တဲ့ ဂ်န္မန္နစ္ ဥကၠာပ်ံရဲ႕အမႈန္အမႊား၊ အပိုင္းအစေတြကိုျမင္ရမွာပဲျဖစ္ပါတယ္။ သူကလည္းတို႔ကမာၻႀကီးလိုပဲေနမင္းႀကီးကိုလွည့္ပတ္ေနတာေပါ့။

၃၂၀၀ ဖယ္သုန္ကေနေပါက္ကြဲထြက္လာတဲ့ ဂ်န္မန္နစ္ ဥကၠာပ်ံႀကီးကို မမတို႔ ျမန္မာလိုဆိုရင္ ေမထုန္ရာသီၾကယ္မိုး (Geminid Meteor Shower) လို႔လည္း ေခၚပါတယ္။ သူကတစ္နာရီကို မိုင္ေပါင္း ၇၈၀၀၀ ေလာက္ျမန္ျမန္ေ႐ြ႕လ်ားေနတာပါ။သူရဲ႕ လ်င္ျမန္ႏႈန္းကတို႔ကမာၻႀကီးေပၚက

အျမန္ဆုံးကားတစ္စီးထက္ကိုအဆ ၂၅၀ ေလာက္ ပိုၿပီးျမန္ျမန္သြားေနတာေပါ့။ ၾကယ္မိုး႐ြာတဲ့အခါ ခုနက​ေျပာတဲ့ ဥကၠာပ်ံႀကီးရဲ႕အမႈန္အမႊားေတြကအ႐ြယ္အစားအမ်ိဳးမ်ိဳး ရွိေနမွာအမွန္ပါပဲ။တို႔က ၾကယ္မိုး႐ြာတာကိုေစာင့္ၾကည့္မယ္ဆိုရင္ ေကာင္းကင္ေပၚမွာေတာက္ပတဲ့အျဖဴေရာင္၊

အဝါေရာင္၊ အစိမ္းေရာင္နဲ႔အနီေရာင္၊ အျပာေရာင္ရွိတဲ့ ၾကယ္မိုးစက္ကေလးေတြကို ျမင္ရမွာေသခ်ာပါတယ္။ တို႔နိုင္ငံကေနလည္း ၾကယ္မိုး႐ြာတဲ့ျဖစ္စဥ္ကို ေကာင္းေကာင္းေလ့လာၾကည့္ျမင္နိုင္တယ္လို႔နကၡတ္ပညာရွင္ေတြကဆိုၾကပါတယ္။ နကၡတ္တာရာေတြကိုဝါသနာပါသူေတြ

ေတာ္ေတာ္မ်ားမ်ားလည္းေစာင့္ၾကည့္ေနၾကမွာ ျဖစ္ပါတယ္။ ကေလးတို႔လည္း ဒီဇင္ဘာ ၁၃ရက္ေန႔(ဒီေန႕) ည ၁၀ နာရီေလာက္ကေန၊ ေနာက္ေန႕ (ဒီဇင္ဘာ ၁၄ ရက္)နံနက္ေစာေစာအထိ ေစာင့္ၾကည့္လို႔ရပါတယ္။ တစ္နာရီကို ၾကယ္မိုးပြင့္ေလးေတြ (၁၀၀ ကေန ၁၂၀ ေလာက္အထိကို

ျမင္ေတြ႔နိုင္ပါတယ္။ ဒီရက္ေတြဟာတန္ေဆာင္မုန္းလဆုတ္ရက္ ျဖစ္တာေၾကာင့္လည္း လမင္းရဲ႕အလင္းေရာင္သိပ္မရွိနိုင္တာမို႔ ၾကယ္မိုးေတြကို ထင္ထင္ရွားရွားျမင္ရနိုင္တယ္လို႔သိရပါတယ္။ဒါေၾကာင့္ ညက်ရင္ အေရွ႕ဘက္ေကာင္းကင္ေပၚကို ေမာ့ၾကည့္ရင္း ၾကယ္မိုး႐ြာတဲ့ျဖစ္စဥ္ကို

အတူတူၾကည့္ ၾကမယ္ေနာ္။ တို႔ငယ္ငယ္က ၾကယ္ေလးေတြေႂကြက်လာတဲ့အခါဆုတစ္ဆုေတာင္းၿပီး အဲဒီဆုကိုမိုးေပၚကနတ္သမီးေလးေတြက သိၾကတဲ့အခါ ျဖည့္ဆည္းေပးၾကမယ္ဆိုၿပီး လူႀကီးေတြကေျပာျပဖူးပါတယ္။ ယုံတမ္းစကား ဆိုေပမယ့္ကေလးဘဝမွာေတာ့ၾကယ္ေႂကြတာကို

ျမင္တိုင္းဆုေတာင္းၾကတာကသိပ္ကိုေပ်ာ္စရာေကာင္းပါတယ္။ တုိ႔ကေတာ့ဒီညမွာ ၾကယ္မိုးေလးတစ္ပြင့္ေႂကြတိုင္းဆုတစ္ခုေတာင္းမယ္လို႔ စိတ္ ကူးထားတယ္။ ကေလးတို႔ေရာ ၾကယ္မိုး႐ြာတဲ့အခါ ဘာဆုေတြေတာင္းမလဲဆိုတာစဥ္းစားထားၾကပါဦးေနာ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္ ေက – ဂ်ဴဝယ္လ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ညအခါ မိုးပေါ်ကနေ တောက်ပတဲ့ အလင်းတန်းလေးအောက်ကို မြန်မြန်ကျဆင်းလာတာမျိုး ကလေးတို့ မြင်ဖူးကြသလား။ မြို့ကြီးတွေက ကလေးတွေအတွက် အထူးအဆန်းဖြစ်နေမှာပဲနော်။ မြို့ပြမှာ မီးအလင်းရောင်တွေကြောင့် မိုးပေါ်မှာလမင်းကြီးသာနေတာတောင်

သတိမထားမိကြတာများတယ်။ ကျေးလက်ဒေသမှာ နေကြသူတွေအဖို့တော့ ကြယ်ကြွေတာမျိုးကိုမကြာခဏ မြင်နိုင်တာပေါ့။ ဒီည (ဒီဇင်ဘာ ၁၃ ရက်ည)မှာတော့ထူးထူးခြားခြားမိုးရွာသလိုမျိုး ကြယ်လေးတွေတဖြုတ်ဖြုတ်ကြွေကျလာမှာဆိုပြီးနက္ခတ်တာရာတွေကိုစောင့်ကြည့်ကြတဲ့

ပညာရှင်တွေကဆိုထားပါတယ်။ တို့မြေကမ္ဘာတည်ရှိရာ နေစကြဝဠာကြီးထဲမှာနေကိုလှည့်ပတ်နေတဲ့ ဂြိုဟ်ကြီးတွေဖြစ်တဲ့ မာကျူရီဂြိုဟ် (ဗုဒ္ဓဟူးဂြိုဟ်)၊ ဗီးနပ်စ်ဂြိုဟ် (သောကြာဂြိုဟ်)၊ ကမ္ဘာဂြိုဟ်၊ မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)၊ ဂျူပီတာဂြိုဟ် (ကြာသပတေးဂြိုဟ်)၊ စေတန်ဂြိုဟ်(စနေဂြိုဟ်)၊

ယူရေးနပ်စ်ဂြိုဟ်၊ နက်ပကျွန်းဂြိုဟ်စတဲ့ ဂြိုဟ်ကြီးရှစ်လုံးအပြင် အခြား ဂလက်ဆီအဖွဲ့အစည်းတွေကနေ လွင့်ထွက်လာတဲ့ ဥက္ကာပျံတွေ၊ ကြယ်တံခွန်တွေနဲ့ အခြားဂြိုဟ်သိမ်ဂြိုဟ်ငယ် လေးတွေကလည်း နေလုံးကြီးကိုလမ်းကြောင်းကိုယ်စီနဲ့ လည်ပတ်နေကြပါတယ်။ သူတို့ဟာ

အခြားသောစကြဝဠဠာ တွေဆီကကြယ်တွေ၊ ဂြိုဟ်တွေပေါက်ကွဲတဲ့အခါအစိုင်အခဲ၊ အစအနလေးတွေအဖြစ်လွင့်စဉ်လာပြီး အာကာသထဲမှာ တည်ရှိနေကြတာဖြစ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့်တို့ကမ္ဘာကြီးရဲ့ကမ္ဘာပတ်လမ်းကြောင်းနဲ့တိုက်ဆိုင်သွားတဲ့အခါအချို့အမှုန်အမွှားတွေ၊

အစိုင်အခဲတွေက ကမ္ဘာ့လေထုထဲအထိရောက်လာပြီး ကမ္ဘာကြီးပေါ်ကို ကျလာတတ်တာလည်းရှိပါတယ်။ ကမ္ဘာဦးအစောပိုင်းမှာ ဥက္ကာခဲတွေ ခဏခဏကျလာတဲ့အတွက်ရာသီဥတုတွေ ပြောင်းလဲပြီး ကမ္ဘာ့ရှေးကျတဲ့သတ္တဝါကြီးတွေဖြစ်တဲ့ ဒိုင်နိုဆောကြီးတွေမျိုးသုဉ်းပျောက်ကွယ်

သွားတယ်ဆိုပြီးပညာရှင်တွေက ပြောကြတာတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီအရာတွေဟာဟိုးအမြင့်ကြီးကနေ အရှိန်ပြင်းပြင်းနဲ့ပြုတ်ကျရင်း ကမ္ဘာ့လေထုထဲက ဓာတ်ငွေ့တွေနဲ့ထိတွေ့တဲ့အခါ ပွတ်တိုက်မှုကြောင့် လောင်ကျွမ်းပြီး တောက်ပတဲ့အလင်းရောင် ထွက်ပေါ်လာတာရှိပါတယ်။

အဲဒါကို ကြယ်ကြွေတယ်လို့ခေါ်ကြတာပါ။ အမှန်ကကြယ်မိုးရွာတယ်ဆိုတာတို့မြင်နေရတဲ့ မိုးပေါ်ကကြယ်ကလေးတွေကြွေကျလာတာတော့ မဟုတ်ပါဘူး။ အာကာသကြီးထဲမှာတို့ကမ္ဘာကြီးလိုပဲ ရှိနေတဲ့ ဂြိုဟ်ကြီးတွေ၊ ဥက္ကာပျံတွေက ပျက်စီးသွားပြီးတော့အစိတ်စိတ်အမြွှာမြွှာကွဲ

နေတာကိုတို့ကမ္ဘာကြီးက သူ့ရဲ့ ပတ်လမ်းကြောင်းအတိုင်း လည်ပတ်ရင်း ဖြတ်သန်းသွားရင်းနဲ့ တွေ့ရတာမျိုးပါ။ ကြယ်မိုးရွာတာကို တွေ့ရဖို့ အတွက်ကတော့တို့ရောက်ရှိနေတဲ့နေရာဟာ မီးအလင်းရောင်တွေ တအားထွန်းထားတဲ့နေရာ မဖြစ်ရပါဘူး။ ရာသီဥတုကလည်းသာယာနေဖို့

လိုသလိုကောင်းကင်ပြင်ကြီးကို ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်ဖို့နဲ့လျှပ်စစ်မီးရောင်တွေရဲ့အနှောင့်အယှက်ကင်းဖို့လည်းလိုတာပေါ့။ အချိန်ကလည်း ညပိုင်းဆိုတော့ အပြင်ထွက် ပြီးစောင့်ကြည့်ကြဖို့လည်း လိုမှာပေါ့နော်။ ဒီညမှာမြင်ရမယ့် ကြယ်မိုးရွာတဲ့ဖြစ်စဉ်က ၃၂၀၀ ဖယ်သုန်

(3200 Paethon) လို့ခေါ်တဲ့ ကြယ်တံခွန် ဒါမှမဟုတ် ဂြိုဟ်သိမ်တစ်ခုလည်း ဖြစ်နိုင်တဲ့အရာကနေ ပေါက်ကွဲပျက်စီးပြီးကျန်နေတဲ့ အမှုန်အမွှားဖြစ်တဲ့ ဂျန်မန်နစ် ဥက္ကာပျံရဲ့အမှုန်အမွှား၊ အပိုင်းအစတွေကိုမြင်ရမှာပဲဖြစ်ပါတယ်။ သူကလည်းတို့ကမ္ဘာကြီးလိုပဲနေမင်းကြီးကိုလှည့်ပတ်နေတာပေါ့။

၃၂၀၀ ဖယ်သုန်ကနေပေါက်ကွဲထွက်လာတဲ့ ဂျန်မန်နစ် ဥက္ကာပျံကြီးကို မမတို့ မြန်မာလိုဆိုရင် မေထုန်ရာသီကြယ်မိုး (Geminid Meteor Shower) လို့လည်း ခေါ်ပါတယ်။ သူကတစ်နာရီကို မိုင်ပေါင်း ၇၈၀၀၀ လောက်မြန်မြန်ရွေ့လျားနေတာပါ။သူရဲ့ လျင်မြန်နှုန်းကတို့ကမ္ဘာကြီးပေါ်က

အမြန်ဆုံးကားတစ်စီးထက်ကိုအဆ ၂၅၀ လောက် ပိုပြီးမြန်မြန်သွားနေတာပေါ့။ ကြယ်မိုးရွာတဲ့အခါ ခုနကပြောတဲ့ ဥက္ကာပျံကြီးရဲ့အမှုန်အမွှားတွေကအရွယ်အစားအမျိုးမျိုး ရှိနေမှာအမှန်ပါပဲ။တို့က ကြယ်မိုးရွာတာကိုစောင့်ကြည့်မယ်ဆိုရင် ကောင်းကင်ပေါ်မှာတောက်ပတဲ့အဖြူရောင်၊

အဝါရောင်၊ အစိမ်းရောင်နဲ့အနီရောင်၊ အပြာရောင်ရှိတဲ့ ကြယ်မိုးစက်ကလေးတွေကို မြင်ရမှာသေချာပါတယ်။ တို့နိုင်ငံကနေလည်း ကြယ်မိုးရွာတဲ့ဖြစ်စဉ်ကို ကောင်းကောင်းလေ့လာကြည့်မြင်နိုင်တယ်လို့နက္ခတ်ပညာရှင်တွေကဆိုကြပါတယ်။ နက္ခတ်တာရာတွေကိုဝါသနာပါသူတွေ

တော်တော်များများလည်းစောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။ ကလေးတို့လည်း ဒီဇင်ဘာ ၁၃ရက်နေ့(ဒီနေ့) ည ၁၀ နာရီလောက်ကနေ၊ နောက်နေ့ (ဒီဇင်ဘာ ၁၄ ရက်)နံနက်စောစောအထိ စောင့်ကြည့်လို့ရပါတယ်။ တစ်နာရီကို ကြယ်မိုးပွင့်လေးတွေ (၁၀၀ ကနေ ၁၂၀ လောက်အထိကို

မြင်တွေ့နိုင်ပါတယ်။ ဒီရက်တွေဟာတန်ဆောင်မုန်းလဆုတ်ရက် ဖြစ်တာကြောင့်လည်း လမင်းရဲ့အလင်းရောင်သိပ်မရှိနိုင်တာမို့ ကြယ်မိုးတွေကို ထင်ထင်ရှားရှားမြင်ရနိုင်တယ်လို့သိရပါတယ်။ဒါကြောင့် ညကျရင် အရှေ့ဘက်ကောင်းကင်ပေါ်ကို မော့ကြည့်ရင်း ကြယ်မိုးရွာတဲ့ဖြစ်စဉ်ကို

အတူတူကြည့် ကြမယ်နော်။ တို့ငယ်ငယ်က ကြယ်လေးတွေကြွေကျလာတဲ့အခါဆုတစ်ဆုတောင်းပြီး အဲဒီဆုကိုမိုးပေါ်ကနတ်သမီးလေးတွေက သိကြတဲ့အခါ ဖြည့်ဆည်းပေးကြမယ်ဆိုပြီး လူကြီးတွေကပြောပြဖူးပါတယ်။ ယုံတမ်းစကား ဆိုပေမယ့်ကလေးဘဝမှာတော့ကြယ်ကြွေတာကို

မြင်တိုင်းဆုတောင်းကြတာကသိပ်ကိုပျော်စရာကောင်းပါတယ်။ တို့ကတော့ဒီညမှာ ကြယ်မိုးလေးတစ်ပွင့်ကြွေတိုင်းဆုတစ်ခုတောင်းမယ်လို့ စိတ် ကူးထားတယ်။ ကလေးတို့ရော ကြယ်မိုးရွာတဲ့အခါ ဘာဆုတွေတောင်းမလဲဆိုတာစဉ်းစားထားကြပါဦးနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် ကေ – ဂျူဝယ်လ်