Shwe FM ရဲ့(11)နှစ်ပြည့်ဆုပေးပွဲကြီးမှာ“ပရိသတ်အတောင်းခံရဆုံး မြန်မာသံတေးသံရှင်ဆု” အားရရှိခဲ့​သော မေသက်ထားဆွေ
ယူနီကုဒ်ဖြင့် ဖတ်ရန်
တေးသံရှင် မေသက်ထားဆွေကတော့ ငယ်ငယ်လေးကတည်းကအဆိုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာသံစဉ်တေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့မေသက်ထားဆွေက ဂီတနဲ့ပတ်သက်ရင်တကယ့်ကို
အရည်အချင်းပြည့်ဝသူလေးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မေသက်ထားဆွေက အသက်ငယ်ငယ်လေးနဲ့ဂီတလောကမှာအောင်မြင်နေတဲ့ ငွေကြယ်ပွင့်လေးလို့တောင်ဆိုနိုင်တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မေသက်ထားဆွေဟာ Shwe FM (11)နှစ်ပြည့်ဆုပေးပွဲကြီးမှာ
ရွှေပရိသတ်အတောင်းခံရဆုံး မြန်မာသံတေးသံရှင်ဆု ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ မေသက်ထားဆွေက “Shwe FM Radio မှ “ရွှေပရိသတ်အတောင်းခံရဆုံး မြန်မာသံတေးသံရှင်ဆု “ကို “အနားနားမှာ” သီချင်းလေးနဲ့ ရရှိတဲ့အတွက် အရမ်းဝမ်းသာပျော်ရွှင်ရပါတယ်ရှင်။ အနားနားမှာ
သီချင်းလေးကို ပုံဖော်ပေးတဲ့ Producer ဘဘဦးသိန်းကျော်၊ မြင့်မိုရ်မေမေစာပေမှဦးမျိုးနဲ့အန်တီဆွေ၊ဖြန့်ချိပေးတဲ့ Legacy Music မိသားစုသီချင်းလေးကိုရေးစပ်ပေးတဲ့ကိုကြီးသဟာအောင်၊ တီးခတ်ပုံဖော်ပေးတဲ့ဦးပက်ထရစ်နဲ့ တီးဝိုင်းအဖွဲ့သားများ၊အသံဖမ်းပေးတဲ့ ဦးနေဝင်း(Studio D)၊
KBစိုးမိုး(မန္တလေး)၊ အကောင်းဆုံးရိုက်ကူးပေးတဲ့ဒါရိုက်တာ မန္တလေးသားသူရ၊သရုပ်ဆောင် ကိုရဲဇာနည်အောင် အနားနားမှာ သီချင်းလေးကို တောင်းဆိုပေးကြတဲ့အနယ်နယ်အရပ်ရပ်မှ ပရိသတ်ကြီးများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ ဆုချီးမြင့်ပေးပါသော Shwe FM မိသားစုနှင့်
ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်” ဆိုပြီး ဆုရရှိလို့ ဝမ်းသာကျေးဇူးတင်ကြောင်းလေးပြောထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မေသက်ထားဆွေရဲ့ ဆုရတဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
ပရိသတ်ကြီးကလဲမေသက်ထားဆွေအတွက် ဂုဏ်ပြုစကားလေးပြောပေးခဲ့ကြပါဦးနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်