မနက္(၅)နာရီေလာက္မွာ ေမြးကင္းစကေလးတစ္ေယာက္ကို အိတ္ထဲထည့္ျပီး​ေတာ့ ေဂဟာေရွ႕မွာလာေရာက္စြန္႔ပစ္သြားတဲ့အ​ေၾကာင္း အသိေပးလာခဲ့​ေသာ ခုိင္နွင္းေဝ

အဆင္းေရာ အခ်င္းပါျပည့္စံုသူေလးတစ္ေယာက္ျဖစ္တဲ့ မင္းသမီးေခ်ာခိုင္နွင္းေဝကေတာ့ ပရိသတ္ေတြက ပရဟိတမင္းသမီးတစ္ေယာက္လို့ေတာင္ သက္မွတ္ခံထားရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခိုင္နွင္းေဝကေတာ့

လက္ရိွကိုဗစ္ကာလမွာ အနုပညာအလုပ္ေတြကို ရပ္နားထားျပီး လူမႈေရးအလုပ္ေတြကိုသာ တစိုက္မတ္မတ္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိဘနဲ့ ေဝးကြာေနတဲ့ ကေလးေတြကိုလည္းေစာင့္ေရွာက္ေပးထားတဲ့

ခိုင္နွင္းေဝကဒီကေန့မွာလည္းမနက္(၅) နာရီေလာက္မွာ ေမြးကင္းစသမီးေလးတစ္ေယာက္ကို ေဂဟာေရွ့မွာလာေရာက္စြန့္ပစ္သြားေၾကာင္းေျပာျပလာပါတယ္။ “ဒီေန႔ မနက္ ၅ နာရီေလာက္မွာကြ်န္မရ႔ဲ ေဂဟာအေရွ႕မွာေမြးကာစသမီးေလး

တစ္ေယာက္ကို လာေရာက္စြန္႔ပစ္သြားပါတယ္။ ကေလးငိုသံၾကားလို႔ထြက္ၾကည့္တ့ဲအခါ သမီးေလးကို ေအးစက္ျပီးငိုေနတာေတြ႔ရပါတယ္။ စိတ္လဲမေကာင္းျဖစ္ရသလို ေတာ္ေတာ္လဲ စိတ္တိုမိပါတယ္။ ကြ်န္မေဂဟာေရွ႕လာပစ္တာ

ကြ်န္မဆီေရာက္ေစခ်င္လို႔ဆိုလဲ ကေလးေတြကို ခုလိုမ်ဳိးေတြ မလုပ္ဖို့ေတာင္းပန္ပါတယ္။ ကေလးေတြက အရမ္းႏုေနတ့ဲခ်ိန္မွာ ေဆာင္းတြင္းျဖစ္တာရယ္ အိတ္ထဲမွာမို႔ အသက္႐ွဴက်ပ္တာေတြ ျဖစ္ပီး ကေလးအသက္ဆံုးရွံူးႏိုင္ပါတယ္။

စံုစမ္းေမးျမန္းစရာေတြစံုစမ္းျပီး သမီးေလးကို ကြ်န္မတို႔ “ခိုင္ ” မိသားစုေဂဟာရ႔ဲ (၃၉) ေယာက္ေျမာက္ သမီးေလးအျဖစ္ ေစာင့္ေရွာက္ထားလိုက္ပါတယ္ရွင္” ဆိုျပီးေျပာလာပါတယ္။ ခိုင္နွင္းေဝကေတာ့ သူမဆီ ဆုိက္ဆိုက္ျမိဳက္ျမိဳက္

​ေရာက္ရိွလာတဲ့ကေလးတစ္ေယာက္ကို ေခၚယူေမြးဖြားဖို့ ေစာင့္ေရွာက္ဖို့ ဝန္မေလးေပမယ့္ ရက္ရက္စက္စက္ အိတ္ထဲထည့္ စြန့္ပစ္တာကိုေတာ့ စိတ္တိုေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ သမီးေလးလည္း ခိုင္နွင္းေဝရဲ႕လက္ထဲမွာ

ေကာင္းေကာင္းမြန္မြန္ၾကီးျပင္းလာပါေစေနာ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

အဆင်းရော အချင်းပါပြည့်စုံသူလေးတစ်ယောက်ဖြစ်တဲ့ မင်းသမီးချောခိုင်နှင်းဝေကတော့ ပရိသတ်တွေက ပရဟိတမင်းသမီးတစ်ယောက်လို့တောင် သက်မှတ်ခံထားရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့

လက်ရှိကိုဗစ်ကာလမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး လူမှုရေးအလုပ်တွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မိဘနဲ့ ဝေးကွာနေတဲ့ ကလေးတွေကိုလည်းစောင့်ရှောက်ပေးထားတဲ့

ခိုင်နှင်းဝေကဒီကနေ့မှာလည်းမနက်(၅) နာရီလောက်မှာ မွေးကင်းစသမီးလေးတစ်ယောက်ကို ဂေဟာရှေ့မှာလာရောက်စွန့်ပစ်သွားကြောင်းပြောပြလာပါတယ်။ “ဒီနေ့ မနက် ၅ နာရီလောက်မှာကျွန်မရဲ့ ဂေဟာအရှေ့မှာမွေးကာစသမီးလေး

တစ်ယောက်ကို လာရောက်စွန့်ပစ်သွားပါတယ်။ ကလေးငိုသံကြားလို့ထွက်ကြည့်တဲ့အခါ သမီးလေးကို အေးစက်ပြီးငိုနေတာတွေ့ရပါတယ်။ စိတ်လဲမကောင်းဖြစ်ရသလို တော်တော်လဲ စိတ်တိုမိပါတယ်။ ကျွန်မဂေဟာရှေ့လာပစ်တာ

ကျွန်မဆီရောက်စေချင်လို့ဆိုလဲ ကလေးတွေကို ခုလိုမျိုးတွေ မလုပ်ဖို့တောင်းပန်ပါတယ်။ ကလေးတွေက အရမ်းနုနေတဲ့ချိန်မှာ ဆောင်းတွင်းဖြစ်တာရယ် အိတ်ထဲမှာမို့ အသက်ရှူကျပ်တာတွေ ဖြစ်ပီး ကလေးအသက်ဆုံးရှူံးနိုင်ပါတယ်။

စုံစမ်းမေးမြန်းစရာတွေစုံစမ်းပြီး သမီးလေးကို ကျွန်မတို့ “ခိုင် ” မိသားစုဂေဟာရဲ့ (၃၉) ယောက်မြောက် သမီးလေးအဖြစ် စောင့်ရှောက်ထားလိုက်ပါတယ်ရှင်” ဆိုပြီးပြောလာပါတယ်။ ခိုင်နှင်းဝေကတော့ သူမဆီ ဆိုက်ဆိုက်မြိုက်မြိုက်

ရောက်ရှိလာတဲ့ကလေးတစ်ယောက်ကို ခေါ်ယူမွေးဖွားဖို့ စောင့်ရှောက်ဖို့ ဝန်မလေးပေမယ့် ရက်ရက်စက်စက် အိတ်ထဲထည့် စွန့်ပစ်တာကိုတော့ စိတ်တိုကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ သမီးလေးလည်း ခိုင်နှင်းဝေရဲ့လက်ထဲမှာ

ကောင်းကောင်းမွန်မွန်ကြီးပြင်းလာပါစေနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်