လသားအရွယ်သမီးငယ်လေးကို ရင်ခွင်ထဲမှာပိုက်ပြီး​တော့ မုန့်ဟင်းခါးရောင်းဖို့ထွက်နေကြောင်း Live လွှင့်ရင်းပြောနေတဲ့ အေးသီတာရဲ့ (ရုပ်​သံ)
ယူနီကုဒ်ဖြင့် ဖတ်ရန်
သရုပ်ဆောင် အေးသီတာကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့ရသူဖြစ်လို့ ပရိသတ်တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်။ အေးသီတာက အနုပညာအလုပ်တွေကို
နှစ်နဲ့ချီကြာအောင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်းရရှိနေသူတစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ အေးသီတာက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် မုန့်ဟင်းခါးချက်ပြီး ရောင်းချနေတာပဲ ဖြစ်ပါတယ်။ အေးသီတာက
အရသာရှိပြီးစားချင်စဖွယ်ကောင်းတဲ့ မုန့်ဟင်းခါးကို ကိုယ်တိုင်ချက်ပြုတ်ပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးအဖြစ်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားရတဲ့ အေးသီတာကတော့ ဘဝကိုအေးချမ်းပျော်ရွှင်စွာ
ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒီနေ့မနက်မှာတော့ အေးသီတာက သူမအရမ်းချစ်ရတဲ့သမီးငယ်လေးကို ပွေ့ဖက်ပြီး မုန့်ဟင်းခါးရောင်းထွက်နေကြောင်း Live လွှင့်ရင်းနဲ့ ပြောပြထားတာပဲ ဖြစ်ပါတယ်။ မေမေ့ရင်ခွင်ထဲမှာငြိမ်ငြိမ်လေးနေပြီး
နို့ဘူးလေးစို့နေတဲ့ ချစ်စရာသမီးငယ်လေးကိုတော့အေးသီတာကရင်နဲ့လွယ်မမွေးရပေမယ့်တုန်နေအောင် အရမ်းချစ်တာလည်း ဖြစ်ပါတယ်။ အေးသီတာကတော့ “မုန့်ဟင်းခါးသည်သားအမိလေး မုန့်ဟင်းခါးလိုက်ပို့နေပါတယ်” ဆိုပြီး
မနက်စောစောစီးစီးမှာသမီးလေးကိုပါခေါ်ပြီး မုန့်ဟင်းခါးထွက်ရောင်းနေကြောင်း ပြောပြနေတာပဲ ဖြစ်ပါတယ်။ ကဲချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် အေးသီတာတို့သားအမိရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်