လမ္းေလၽွာက္ထြက္လာတဲ့ ရဲေမထံမွ ဆြဲႀကိဳးျဖတ္ေျပးခဲ့​ေသာ အမ်ိဳးသား

ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕တြင္ ဒီဇင္ဘာ ၅ရက္ေန႔ မနက္ ၅နာရီခန႔္က က်န္းမာေရးအတြက္လမ္းေလွ်ာက္ထြက္လာသူ ရဲေမတစ္ဦးႏွင့္ညီမျဖစ္သူထံမွ ဆြဲႀကိဳးျဖတ္ေျပးသူကို ခ်က္ခ်င္းဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ မအူပင္ၿမိဳ၊ အမွတ္(၁) ရပ္ကြက္၊ ကမ္းနားလမ္းတြင္

ခ႐ိုင္ရဲတပ္ဖြဲ႔ဝင္ရဲေမႏွင့္၎၏ညီမ၊ အသက္ ၂၆ႏွစ္အ႐ြယ္သူငယ္ခ်င္းေကာင္ေလး(၃)ဦးတို႔မွာ လမ္းေလွ်ာက္ထြက္လာစဥ္ ကိုယ္လက္ႀကံခိုင္ေရး လုပ္သည့္ေနရာရဲစခန္းႏွင့္ ၂ဖာလုံခန႔္အကြာ၊ အာဇာနည္ ပန္းၿခံေဒါင့္အေရာက္တြင္ အေနာက္မွဆိုင္ကယ္ေမာင္းႏွင္လာသည့္

အမည္မသိအမ်ိဳးသားတစ္ဦးကရဲေမတစ္ဦး၏ညီမျဖစ္သူအနားကပ္ၿပီးလည္ပင္း၌ ဆြဲထားသည့္ ​ေ႐ႊဆြဲႀကိဳးအားအတင္ဝင္ျဖတ္ကာ ဆိုင္ကယ္ေမာင္းေျပးခဲ့ေၾကာင္း ဆိုသည္။ ထိုေနာက္ ဆြဲႀကိဳးျဖတ္ေျပး၍သူခိုးသူခိုးဟုေနာက္မွေအာ္လိုက္ခဲ့သျဖင့္လမ္းေလွ်ာက္ထြက္လာသူ အခ်ိဳ႕ႏွင့္

အတူပါလာသည့္သူငယ္ခ်င္းျဖစ္သူတို႔မွဝိုင္းလိုက္ကာ ဖမ္းဆီးစဥ္ ဆိုင္ကယ္ယိုင္သြားၿပီး စက္ရပ္သြားသျဖင့္ ဆြဲႀကိဳးဖ်က္ေျပးသူအား ခ်က္ခ်င္းဖမ္းဆီးလိုက္ႏိုင္ျခင္းျဖစ္ေၾကာင္းရဲတပ္ဖြဲ႔ထံက သိရသည္။ ထိုသို႔ဖမ္းဆီးရမိ၍ ဆြဲႀကိဳးအား ရွာေဖြရာ လမ္းမေပၚတြင္ဆြဲႀကိဳးႏွစ္ပိုင္း ျပတ္လွ်က္

ေတြ႔ရွိရေၾကာင္းသိရသည္။ျဖစ္စဥ္ႏွင့္ပတ္သတ္၍ ဆြဲႀကိဳးလုယက္သူ သက္ႏိုင္ထြန္း(၃၀ႏွစ္) မအူပင္ၿမိဳ႕၊ အမွတ္ (၁) ရပ္ကြက္၊ ေဝဠဳဝန္(၃)လမ္းေနသူအား မအူပင္ၿမိဳ႕မရဲစခန္းမွ (ပ) ၉၂၇/၂၀၂၀၊ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၉၂ ျဖင့္ အမႈဖြင့္ဖမ္းဆီးစစ္ေဆးမႈမ်ား ျပဳလုပ္လွ်က္ရွိေၾကာင္း သိရသည္။ ခရက္​ဒစ္​

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ဒီဇင်ဘာ ၅ရက်နေ့ မနက် ၅နာရီခန့်က ကျန်းမာရေးအတွက်လမ်းလျှောက်ထွက်လာသူ ရဲမေတစ်ဦးနှင့်ညီမဖြစ်သူထံမှ ဆွဲကြိုးဖြတ်ပြေးသူကို ချက်ချင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မအူပင်မြို၊ အမှတ်(၁) ရပ်ကွက်၊ ကမ်းနားလမ်းတွင်

ခရိုင်ရဲတပ်ဖွဲ့ဝင်ရဲမေနှင့်၎င်း၏ညီမ၊ အသက် ၂၆နှစ်အရွယ်သူငယ်ချင်းကောင်လေး(၃)ဦးတို့မှာ လမ်းလျှောက်ထွက်လာစဉ် ကိုယ်လက်ကြံခိုင်ရေး လုပ်သည့်နေရာရဲစခန်းနှင့် ၂ဖာလုံခန့်အကွာ၊ အာဇာနည် ပန်းခြံဒေါင့်အရောက်တွင် အနောက်မှဆိုင်ကယ်မောင်းနှင်လာသည့်

အမည်မသိအမျိုးသားတစ်ဦးကရဲမေတစ်ဦး၏ညီမဖြစ်သူအနားကပ်ပြီးလည်ပင်း၌ ဆွဲထားသည့် ရွှေဆွဲကြိုးအားအတင်ဝင်ဖြတ်ကာ ဆိုင်ကယ်မောင်းပြေးခဲ့ကြောင်း ဆိုသည်။ ထိုနောက် ဆွဲကြိုးဖြတ်ပြေး၍သူခိုးသူခိုးဟုနောက်မှအော်လိုက်ခဲ့သဖြင့်လမ်းလျှောက်ထွက်လာသူ အချို့နှင့်

အတူပါလာသည့်သူငယ်ချင်းဖြစ်သူတို့မှဝိုင်းလိုက်ကာ ဖမ်းဆီးစဉ် ဆိုင်ကယ်ယိုင်သွားပြီး စက်ရပ်သွားသဖြင့် ဆွဲကြိုးဖျက်ပြေးသူအား ချက်ချင်းဖမ်းဆီးလိုက်နိုင်ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့ထံက သိရသည်။ ထိုသို့ဖမ်းဆီးရမိ၍ ဆွဲကြိုးအား ရှာဖွေရာ လမ်းမပေါ်တွင်ဆွဲကြိုးနှစ်ပိုင်း ပြတ်လျှက်

တွေ့ရှိရကြောင်းသိရသည်။ဖြစ်စဉ်နှင့်ပတ်သတ်၍ ဆွဲကြိုးလုယက်သူ သက်နိုင်ထွန်း(၃၀နှစ်) မအူပင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ဝေဠုဝန်(၃)လမ်းနေသူအား မအူပင်မြို့မရဲစခန်းမှ (ပ) ၉၂၇/၂၀၂၀၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။ ခရက်ဒစ်