ကိုဗစ္ေရာဂါပိုးကင္းစင္သြားေပမယ့္လည္​း ေဆး႐ုံဆက္​တက္​ၿပီးေဆးကုသမွု​ေတြခံယူရဦးမယ့္ လူရႊင္​​ေတာ္​ႀကီး ဦးမိုးဒီ

ပရိသတ္ေတြကို ဟာဒယ႐ႊင္ေဆး အၿမဲတိုက္ေကြၽးေလ့ရွိတဲ့ လူ႐ႊင္ေတာ္ႀကီး ဦးမိုးဒီကေတာ့ ကိုဗစ္ေရာဂါ ကူးစက္ခံခဲ့ရတာေၾကာင့္ ဧရာဝတီ ကြာရန္တင္းစင္တာမွာ ေဆးကုသမႈ ခံယူေနတာျဖစ္ပါတယ္။ ဒီဇင္ဘာလ (၁၂) ရက္ေန႔ ဆိုရင္ေတာ့ ကြာရန္တင္းကေန အိမ္ျပန္ရမွာျဖစ္ေပမယ့္

သူ႔ရဲ႕ က်န္းမာေရးအေျခအေနအရ SSC ဆး႐ုံမွာ ေဆးကုသမႈ ခံယူသြားရမယ္လို႔သိရပါတယ္။ “ဘဘ အခု ကြာရန္တင္းဝင္ေနရတာ (၂၁) ရက္ရွိပါၿပီ။ ဒီေန႔ေတာ့ဘဘရဲ႕က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ဧရာဝတီစင္တာမွာရွိတဲ့ ဆရာဝန္ႀကီးေတြ ပါေမာကၡႀကီးေတြနဲ႔ေဆြးေႏြးၾကေတာ့

မနက္ျဖန္ကို ကြာရန္တင္းထြက္တဲ့။ ၿပီးရင္ ဒီကေနၿပီးေတာ့ ေရာဂါပိုးကင္းစင္ စစ္ေဆးၿပီးေၾကာင္း လက္မွတ္ထုတ္ေပးမယ္။ အဲဒီလက္မွတ္နဲ႔ SSC ေဆး႐ုံကိုဆက္တက္ရမွာပါ။ နဂိုကတည္းက ဘဘမွာ ႏွလုံးေသြးေၾကာက်ဥ္းတာေတြရွိတယ္။ ေက်ာက္ကပ္ အားနည္းတာလည္းရွိတယ္၊

သည္းေျခ ေက်ာက္တည္တာ၊ အသည္းမွာ အဆီဖုံးတာဒီေရာဂါေတြရွိတဲ့အတြက္ SSC မွာဘဘက ေဆး႐ုံ ဆက္တက္ရဖို႔ ရွိတယ္။ သူတို႔ ေဆး႐ုံမွာထားၿပီး ေဆးကုေပးမလား၊ ဒါမွ မဟုတ္ အိမ္မွာပဲ အျပင္လူနာအျဖစ္ ကုေပးမလားဆိုတာ ေသခ်ာ မသိေသးဘူး။ ဘဘကိုေလာေလာဆယ္

တစ္ပတ္စာ ေဆးေပးထားတယ္။ အဲဒီေဆးေတြ ကုန္မွ ေဆး႐ုံတက္ခိုင္းမလားလည္းေသခ်ာ မသိဘူး” လို႔ ဦးမိုးဒီကေျပာျပလာပါတယ္။ ဦးမိုးဒီရဲ႕ က်န္းမာေရး အေျခအေနကို သိတဲ့ ပရိသတ္ေတြကလည္း က်န္းမာေရး ျပန္ေကာင္းလာဖို႔ လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚမွာဆုေတာင္း

စကားေတြေျပာထားၾကပါတယ္။ ေဆးဖိုးဝါးခေတြလည္း ကူညီေထာက္ပံ့ေပးၾကတယ္လို႔ ဦးမိုးဒီက ေျပာပါတယ္။“ ဘဘကိုပရိသတ္ေတြကစိုးရိမ္ လား မစိုးရိမ္လားဆိုတာ ေဆးဖိုးဝါးခေတြလည္း ေထာက္ပံ့ေပးၾကတယ္။ ဂ႐ုစိုက္ဖို႔ကိုလည္း အရမ္းမွာၾကတယ္။ က်န္းမာေရးလည္း

ျပန္ေကာင္းခ်င္ၿပီ။ ၿပီးရင္ ဘဘလည္းအၿငိမ့္ေလး (၂) ခု၊ (၃) ခုေလာက္႐ိုက္ဖို႔ရွိတယ္။ ရင္ထဲမွာ ရွိတဲ့ ခံစားခ်က္ေတြနဲ႔ ျပည္သူရဲ႕ အခ်စ္ကို ရယူခ်င္ေသးတယ္။ ဒါေလးေတာ့ ႐ိုက္ခြင့္ေပးေစခ်င္ပါတယ္”လို႔လည္း ဆက္လက္ေျပာျပလာပါတယ္။ မိုးဒီကိုေတာ့ လူ႐ႊင္ေတာ္တစ္ေယာက္အျဖစ္

အၿငိမ့္၊ ျပဇာတ္ ေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာပါ။ အဲဒီေနာက္ဇာတ္ ကားေတြလည္း႐ိုက္ကူးလာခဲ့ရပါတယ္။ တီဗီေၾကာ္ျငာေတြလည္းအမ်ားႀကီး႐ိုက္ကူးထားသူတစ္ေယာက္ပါ။ သူ႔ရဲ႕အႏုပညာသက္တမ္းကလည္း

ႏွစ္ေပါင္း ၄၀ ေက်ာ္ ရွိၿပီျဖစ္ပါတယ္။ သားျဖစ္သူေကာင္းစံကလည္း အႏုပညာေလာကမွာ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္သာမက ဟာသသ႐ုပ္ေဆာင္ အေနနဲ႔ပါ ဇာတ္ကားေတြ ႐ိုက္ကူးေနတာကို ေတြ႕ရပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ပရိသတ်တွေကို ဟာဒယရွှင်ဆေး အမြဲတိုက်ကျွေးလေ့ရှိတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီကတော့ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရတာကြောင့် ဧရာဝတီ ကွာရန်တင်းစင်တာမှာ ဆေးကုသမှု ခံယူနေတာဖြစ်ပါတယ်။ ဒီဇင်ဘာလ (၁၂) ရက်နေ့ ဆိုရင်တော့ ကွာရန်တင်းကနေ အိမ်ပြန်ရမှာဖြစ်ပေမယ့်

သူ့ရဲ့ ကျန်းမာရေးအခြေအနေအရ SSC ဆးရုံမှာ ဆေးကုသမှု ခံယူသွားရမယ်လို့သိရပါတယ်။ “ဘဘ အခု ကွာရန်တင်းဝင်နေရတာ (၂၁) ရက်ရှိပါပြီ။ ဒီနေ့တော့ဘဘရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဧရာဝတီစင်တာမှာရှိတဲ့ ဆရာဝန်ကြီးတွေ ပါမောက္ခကြီးတွေနဲ့ဆွေးနွေးကြတော့

မနက်ဖြန်ကို ကွာရန်တင်းထွက်တဲ့။ ပြီးရင် ဒီကနေပြီးတော့ ရောဂါပိုးကင်းစင် စစ်ဆေးပြီးကြောင်း လက်မှတ်ထုတ်ပေးမယ်။ အဲဒီလက်မှတ်နဲ့ SSC ဆေးရုံကိုဆက်တက်ရမှာပါ။ နဂိုကတည်းက ဘဘမှာ နှလုံးသွေးကြောကျဉ်းတာတွေရှိတယ်။ ကျောက်ကပ် အားနည်းတာလည်းရှိတယ်၊

သည်းခြေ ကျောက်တည်တာ၊ အသည်းမှာ အဆီဖုံးတာဒီရောဂါတွေရှိတဲ့အတွက် SSC မှာဘဘက ဆေးရုံ ဆက်တက်ရဖို့ ရှိတယ်။ သူတို့ ဆေးရုံမှာထားပြီး ဆေးကုပေးမလား၊ ဒါမှ မဟုတ် အိမ်မှာပဲ အပြင်လူနာအဖြစ် ကုပေးမလားဆိုတာ သေချာ မသိသေးဘူး။ ဘဘကိုလောလောဆယ်

တစ်ပတ်စာ ဆေးပေးထားတယ်။ အဲဒီဆေးတွေ ကုန်မှ ဆေးရုံတက်ခိုင်းမလားလည်းသေချာ မသိဘူး” လို့ ဦးမိုးဒီကပြောပြလာပါတယ်။ ဦးမိုးဒီရဲ့ ကျန်းမာရေး အခြေအနေကို သိတဲ့ ပရိသတ်တွေကလည်း ကျန်းမာရေး ပြန်ကောင်းလာဖို့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာဆုတောင်း

စကားတွေပြောထားကြပါတယ်။ ဆေးဖိုးဝါးခတွေလည်း ကူညီထောက်ပံ့ပေးကြတယ်လို့ ဦးမိုးဒီက ပြောပါတယ်။“ ဘဘကိုပရိသတ်တွေကစိုးရိမ် လား မစိုးရိမ်လားဆိုတာ ဆေးဖိုးဝါးခတွေလည်း ထောက်ပံ့ပေးကြတယ်။ ဂရုစိုက်ဖို့ကိုလည်း အရမ်းမှာကြတယ်။ ကျန်းမာရေးလည်း

ပြန်ကောင်းချင်ပြီ။ ပြီးရင် ဘဘလည်းအငြိမ့်လေး (၂) ခု၊ (၃) ခုလောက်ရိုက်ဖို့ရှိတယ်။ ရင်ထဲမှာ ရှိတဲ့ ခံစားချက်တွေနဲ့ ပြည်သူရဲ့ အချစ်ကို ရယူချင်သေးတယ်။ ဒါလေးတော့ ရိုက်ခွင့်ပေးစေချင်ပါတယ်”လို့လည်း ဆက်လက်ပြောပြလာပါတယ်။ မိုးဒီကိုတော့ လူရွှင်တော်တစ်ယောက်အဖြစ်

အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက်ဇာတ် ကားတွေလည်းရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်းအများကြီးရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့အနုပညာသက်တမ်းကလည်း

နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။ သားဖြစ်သူကောင်းစံကလည်း အနုပညာလောကမှာ လူရွှင်တော် တစ်ယောက်အဖြစ်သာမက ဟာသသရုပ်ဆောင် အနေနဲ့ပါ ဇာတ်ကားတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။