Covid -19နဲ႔​ေလာကဓံ (ျဖစ္ရပ္မွန္​ေဗာဓိဉာဏ Q Centre)

Covid -19နဲ႔​ေလာကဓံ (ျဖစ္ရပ္မွန္​ေဗာဓိဉာဏ Q Centre) ဗဟိုအမ်ိဳးသမီးေဆး႐ုံ။ ဗ်ာဘယ္လိုေမြးလူနာ Positive အေျဖထြက္တယ္တဲ့လား။ ကေလးက ေမြးၿပီးၿပီ၊ သူမရဲ့မိသားစုအားလုံး Q ဝင္ရမယ္။ ဖခင္အပါဝင္ဗုစုဂ႐ု (၆)ေယာက္။ ညေနပိုင္း Covid ကူညီေရးကားျဖင့္ေရာက္လာတယ္။

ႏြမ္းႏြမ္းဖတ္ဖတ္နဲ႔ကေလး(၅)၊ လူႀကီး (၁)။ (သည္အဖြဲ႔ Q ဝင္လာတာကိုၾကည့္ၿပီး​ေခါင္းတရမ္းရမ္းေခါင္းတခါခါ ျဖစ္ခဲ့ရသူဇြတ္ဗက) မိန္းကေလးငယ္ (၁)ဦး၉ႏွစ္ခန္႔အမ်ိဳးသမီးအေဆာင္မွာေနရပါတယ္။ ကဲ Swab ယူၾကမယ္။ အေျဖထြက္လာပါၿပီ။ Positive (၇)ဦး။ ေကာင္းေရာကြာ

သားအဖ (၃)ဦး Positive ဖခင္နဲ႔သား (၆)ႏွစ္၊ သမီး(၉)ႏွစ္ သုံးေယာက္၊ ထုံးစံအတိုင္းက်န္ခဲ့ရမဲ့ သုံးေယာက္ထဲကအလတ္ကေလးငယ္ကခ်ဳံးပြဲခ်ငို ငို သူကက်န္ခဲ့ရမဲ့သူေတြေလ၊ ၁။ မိခင္ျဖစ္သူကကုတင္ ၃၀၀ ၂။ ေမြးကင္းစ ကေလးငယ္က ဗဟိုအမ်ိဳးသမီးေဆး႐ုံ ၃။ ဖခင္နဲ႔ႏွစ္ေယာက္က

ကန္ေတာ္ႀကီး သံဃေဆး႐ုံ ၄။ ေဗာဓိဉာဏ Q မွာ သုံးေယာက္က်န္မယ္၊ ကၽြန္ေတာ့္ရဲ႕သား (၃) ​ေယာက္ကိုေက်းဇူးျပဳၿပီး ၾကည့္ေပးထားပါဗ်ာတဲ့ ျဖစ္သမၽွအေၾကာင္းေပါ့ဗ်ာဘာတတ္နိုင္မွာလဲတဲ့ Covid ကားေပၚအတက္ဝါးကြက္အပ္ခဲ့တဲ့မိဘရဲ့ စိတ္မခ်တဲ့စကားေလး။

ဆို႔ဆို႔နင့္နင့္နဲ႔ မခ်ိတင္ကဲအပူစကားမ်ား။ စိတ္ခ်သြားပါ။ ခင္ဗ်ားဟိုမွာပုံမွန္အတိုင္းေနထိုင္၊ စားေသာက္၊ က်န္းမာေအာင္သာေနပါဗ်ာကေလးေတြအတြက္မပူပါနဲ႔၊ ေပးလိုက္ရတဲ့အားေပးစကားနဲ႔ ကတိစကား။ ေဗာဓိဉာဏမွာက်န္ခဲ့တဲ့ကေလး ၃ ေယာက္အပင္ေအာက္ကခုံတန္းလ်ားရွည္မွာ

ထိုင္ေနၾကတယ္၊ အေမးစကားေလးနဲ႔စကာ သားတို႔ထမင္းစားၿပီးၾကၿပီလား၊ ဟုတ္ကဲ့စားၿပီးပါၿပီ၊ မင္းတို႔အေဖနဲ႔အေမဖုန္းဆက္ၾကတယ္မို့လား၊ ဟိုမွာ​ေနေကာင္းၾကတယ္ေနာ္၊ ဟုတ္ကဲ့အားလုံး ေနေကာင္းၾကပါတယ္၊ မင္းကအႀကီးဆုံးလားကြက်ေနာ့္အထက္မွာ အစ္မရွိေသးတယ္။

အစ္မကသားတို့နဲ႔ အတူမေနရဘူးအလုပ္ လုပ္ေနတာ၊ ဟိုမွာပဲ​ေနရတယ္၊ ဒါေၾကာင့္မို႔ဒီကိုပါမလာတာေအာ္​ေအာ္အဲ့လိုလား၊ ေမာင္ႏွမအားလုံး ၆ ေယာက္ေပါ႔အစ္မကအႀကီးဆုံးမင္းက ဒုတိယ ဟုတ္ပါတယ္ဦးေလး၊ ေနတာကေရာက်ဴးပါ။ သံလမ္းေဘးမွာအိမ္ကိုေတာ့ပိတ္ထားခဲ့ပါတယ္။

မိသားစု ၈ ေယာက္ရွိတယ္။ ငါး ေနရာကြဲေနၾကရတယ္။ ေမြးကင္းစမီးမထြက္ေသးတဲ့မိခင္ Positive ေမြးထားခဲ့ရတဲ့ကေလးကဗဟိုအမ်ိဳးသမီးေဆး႐ုံမွာေစာင့္ေရွာက္ေပးေနရတာ P ျဖစ္ရတဲ့ဖခင္နဲ႔ သား၊ သမီးကတစ္ေနရာ ၁၄ ႏွစ္သားက အႀကီးလုပ္ၿပီးအငယ္ႏွစ္ေယာက္နဲ႔ Q Centre မွာ

အႀကီးဆုံးအမကတစ္ေနရာမွာညအိပ္ေနအလုပ္ ကံၾကမၼာကိုပဲရိုးမယ္ခ်ရမလား Covid ကိုပဲ အျပစ္ဖို့ရေတာ့မလား၊ Q ရက္ျပည့္လို႔ျပန္ရရင္ေဗာဓိဉာဏ Q စခန္းျပန္သည္ကေလး သုံးေယာက္အိမ္မွာ ၇ ရက္ကြာရန္တင္းေနရဦးမယ္။ ေမြးကင္းစ ကေလးကိုလည္း ေဆး႐ုံက ၁၁ရက္ေန႔

ျပန္လာေခၚခိုင္းေနၿပီ။ အႀကီးဆုံးအစ္မက ဆယ္ေက်ာ္သက္အရြယ္ရွိေသးတစ္ပါတ္စာအစားအေသာက္၊ ဆန္ ဆီေပးလိုက္တယ္၊ ထားဦးသည္ ကေလးေတြကဘယ္ခ်က္တတ္ၾကပါ့မလဲ၊ ဘယ္ သူက ေကၽြးမလဲဟူးသက္ျပင္းရွည္ႀကီးႀကီးခ်နင္လားဟဲ့​ေလာကဓံရယ္

ရပ္ကြက္အုပ္မွူးကိုေသခ်ာအပ္ရပါမယ္။ စားစရာ စီစဥ္ေပးဖို႔မွာၾကားရပါမယ္။ သူတို့ေလးေတြရဲ႕ အေဖျပန္လာတဲ့အထိ၊ ျပန္လာတဲ့အထိညအေမွာင္တိတိမွာ လေရာင္ကိုသာ ၾကည့္ေနၾကေပေရာ့ကေလးတို့ေရလို႔သာ၊ ရက္စက္ရာ မက်လြန္းဘူးလားကိုဗစ္ႀကီးရာ၊

အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္ ေထြးေအာင္၊ ေဗာဓိဉာဏ ၊ကြာရန္တင္းစင္တာ၊ ပုသိမ္ႀကီးၿမိဳ႕ ၁၀.၁၂.၂၀၂၀

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

Covid -19နဲ့လောကဓံ (ဖြစ်ရပ်မှန်ဗောဓိဉာဏ Q Centre) ဗဟိုအမျိုးသမီးဆေးရုံ။ ဗျာဘယ်လိုမွေးလူနာ Positive အဖြေထွက်တယ်တဲ့လား။ ကလေးက မွေးပြီးပြီ၊ သူမရဲ့မိသားစုအားလုံး Q ဝင်ရမယ်။ ဖခင်အပါဝင်ဗုစုဂရု (၆)ယောက်။ ညနေပိုင်း Covid ကူညီရေးကားဖြင့်ရောက်လာတယ်။

နွမ်းနွမ်းဖတ်ဖတ်နဲ့ကလေး(၅)၊ လူကြီး (၁)။ (သည်အဖွဲ့ Q ဝင်လာတာကိုကြည့်ပြီးခေါင်းတရမ်းရမ်းခေါင်းတခါခါ ဖြစ်ခဲ့ရသူဇွတ်ဗက) မိန်းကလေးငယ် (၁)ဦး၉နှစ်ခန့်အမျိုးသမီးအဆောင်မှာနေရပါတယ်။ ကဲ Swab ယူကြမယ်။ အဖြေထွက်လာပါပြီ။ Positive (၇)ဦး။ ကောင်းရောကွာ

သားအဖ (၃)ဦး Positive ဖခင်နဲ့သား (၆)နှစ်၊ သမီး(၉)နှစ် သုံးယောက်၊ ထုံးစံအတိုင်းကျန်ခဲ့ရမဲ့ သုံးယောက်ထဲကအလတ်ကလေးငယ်ကချုံးပွဲချငို ငို သူကကျန်ခဲ့ရမဲ့သူတွေလေ၊ ၁။ မိခင်ဖြစ်သူကကုတင် ၃၀၀ ၂။ မွေးကင်းစ ကလေးငယ်က ဗဟိုအမျိုးသမီးဆေးရုံ ၃။ ဖခင်နဲ့နှစ်ယောက်က

ကန်တော်ကြီး သံဃဆေးရုံ ၄။ ဗောဓိဉာဏ Q မှာ သုံးယောက်ကျန်မယ်၊ ကျွန်တော့်ရဲ့သား (၃) ယောက်ကိုကျေးဇူးပြုပြီး ကြည့်ပေးထားပါဗျာတဲ့ ဖြစ်သမျှအကြောင်းပေါ့ဗျာဘာတတ်နိုင်မှာလဲတဲ့ Covid ကားပေါ်အတက်ဝါးကွက်အပ်ခဲ့တဲ့မိဘရဲ့ စိတ်မချတဲ့စကားလေး။

ဆို့ဆို့နင့်နင့်နဲ့ မချိတင်ကဲအပူစကားများ။ စိတ်ချသွားပါ။ ခင်ဗျားဟိုမှာပုံမှန်အတိုင်းနေထိုင်၊ စားသောက်၊ ကျန်းမာအောင်သာနေပါဗျာကလေးတွေအတွက်မပူပါနဲ့၊ ပေးလိုက်ရတဲ့အားပေးစကားနဲ့ ကတိစကား။ ဗောဓိဉာဏမှာကျန်ခဲ့တဲ့ကလေး ၃ ယောက်အပင်အောက်ကခုံတန်းလျားရှည်မှာ

ထိုင်နေကြတယ်၊ အမေးစကားလေးနဲ့စကာ သားတို့ထမင်းစားပြီးကြပြီလား၊ ဟုတ်ကဲ့စားပြီးပါပြီ၊ မင်းတို့အဖေနဲ့အမေဖုန်းဆက်ကြတယ်မို့လား၊ ဟိုမှာနေကောင်းကြတယ်နော်၊ ဟုတ်ကဲ့အားလုံး နေကောင်းကြပါတယ်၊ မင်းကအကြီးဆုံးလားကွကျနော့်အထက်မှာ အစ်မရှိသေးတယ်။

အစ်မကသားတို့နဲ့ အတူမနေရဘူးအလုပ် လုပ်နေတာ၊ ဟိုမှာပဲနေရတယ်၊ ဒါကြောင့်မို့ဒီကိုပါမလာတာအော်အော်အဲ့လိုလား၊ မောင်နှမအားလုံး ၆ ယောက်ပေါ့အစ်မကအကြီးဆုံးမင်းက ဒုတိယ ဟုတ်ပါတယ်ဦးလေး၊ နေတာကရောကျူးပါ။ သံလမ်းဘေးမှာအိမ်ကိုတော့ပိတ်ထားခဲ့ပါတယ်။

မိသားစု ၈ ယောက်ရှိတယ်။ ငါး နေရာကွဲနေကြရတယ်။ မွေးကင်းစမီးမထွက်သေးတဲ့မိခင် Positive မွေးထားခဲ့ရတဲ့ကလေးကဗဟိုအမျိုးသမီးဆေးရုံမှာစောင့်ရှောက်ပေးနေရတာ P ဖြစ်ရတဲ့ဖခင်နဲ့ သား၊ သမီးကတစ်နေရာ ၁၄ နှစ်သားက အကြီးလုပ်ပြီးအငယ်နှစ်ယောက်နဲ့ Q Centre မှာ

အကြီးဆုံးအမကတစ်နေရာမှာညအိပ်နေအလုပ် ကံကြမ္မာကိုပဲရိုးမယ်ချရမလား Covid ကိုပဲ အပြစ်ဖို့ရတော့မလား၊ Q ရက်ပြည့်လို့ပြန်ရရင်ဗောဓိဉာဏ Q စခန်းပြန်သည်ကလေး သုံးယောက်အိမ်မှာ ၇ ရက်ကွာရန်တင်းနေရဦးမယ်။ မွေးကင်းစ ကလေးကိုလည်း ဆေးရုံက ၁၁ရက်နေ့

ပြန်လာခေါ်ခိုင်းနေပြီ။ အကြီးဆုံးအစ်မက ဆယ်ကျော်သက်အရွယ်ရှိသေးတစ်ပါတ်စာအစားအသောက်၊ ဆန် ဆီပေးလိုက်တယ်၊ ထားဦးသည် ကလေးတွေကဘယ်ချက်တတ်ကြပါ့မလဲ၊ ဘယ် သူက ကျွေးမလဲဟူးသက်ပြင်းရှည်ကြီးကြီးချနင်လားဟဲ့လောကဓံရယ်

ရပ်ကွက်အုပ်မှူးကိုသေချာအပ်ရပါမယ်။ စားစရာ စီစဉ်ပေးဖို့မှာကြားရပါမယ်။ သူတို့လေးတွေရဲ့ အဖေပြန်လာတဲ့အထိ၊ ပြန်လာတဲ့အထိညအမှောင်တိတိမှာ လရောင်ကိုသာ ကြည့်နေကြပေရော့ကလေးတို့ရေလို့သာ၊ ရက်စက်ရာ မကျလွန်းဘူးလားကိုဗစ်ကြီးရာ၊

အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် ထွေးအောင်၊ ဗောဓိဉာဏ ၊ကွာရန်တင်းစင်တာ၊ ပုသိမ်ကြီးမြို့ ၁၀.၁၂.၂၀၂၀