သာယာ​ေပ်ာ္​ရႊင္​တဲ့အိမ္ေထာင္ေရးတစ္ခုအား ႀကိဳးစားတည္ေဆာက္တဲ့အခါမွာ အဓိကရင္ဆိုင္ခဲ့ရတဲ့စိန္ေခၚမႈေလးေတြကို ျပန္လည္မွ်​ေဝခဲ့တဲ့ ေခ်ာရတနာ (႐ုပ္​သံ)

သ႐ုပ္ေဆာင္ေခ်ာရတနာကေတာ့ အရင္ကာလေတြမွာဗီဒီယိုဇာတ္ကားေပါင္း ေျမာက္မ်ားစြာကို ရိုက္ကူးခဲ့သူတစ္ဦးျဖစ္ၿပီး ေၾကာ္ျငာမ်ားစြာကိုလည္းရိုက္ကူးခဲ့သူတစ္ဦး ျဖစ္ပါတယ္။ သူမဟာဆိုရင္ အိမ္ေထာင္က်ၿပီးတည္းက အႏုပညာအလုပ္ေတြလုပ္ကိုင္တာနည္းပါးလာၿပီးၾကည္ႏူးစရာ

မိသားစုဘဝေလးကို ပိုင္ဆိုင္ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ယခုဆိုရင္ သူမတို႔ဇနီးေမာင္ႏွံဟာ သားေလးတစ္ေယာက္၊ သမီးေလးတစ္ေယာက္ကိုေမြးဖြားပိုင္ဆိုင္ထားတာျဖစ္ၿပီးေအးခ်မ္းေပ်ာ္႐ႊင္တဲ့မိသားစုပုံရိပ္ေလးေတြကိုလူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ေဝမွ်တတ္သူလည္း

ျဖစ္ပါတယ္။ ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္ေခ်ာရတနာကသူမရဲ႕အမ်ိဳးသားနဲ႔ နဖူးစာ ႐ြာလယ္ကာ ဆုံခဲ့ရၿပီး လက္ရွိမွာေတာ့ အိမိေထာင္ေရးအဆင္ေျပေအာင္ ႀကိဳးစားတည္ေဆာက္ ယူေနရတယ္ ဆိုတဲ့အေၾကာင္း ပြင့္ပြင့္လင္းလင္း ေျဖၾကားေပးသြားခဲ့တာပဲ ျဖစ္ပါတယ္။

ေခ်ာရတနာဟာသူမရဲ႕ခင္ပြန္းျဖစ္သူနဲ႕ ၂၀၀၂ ခုႏွစ္ ေလာက္တည္းကစတင္ေတြ႕ဆုံဖူးခဲ့တာျဖစ္ၿပီး ၾကားထဲမွာမေတြ႕ျဖစ္ပဲ အဆက္ျပတ္သြားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္အခုလိုအဆက္အသြယ္ျပတ္သြားၿပီးေနာက္မွ ျပန္ေတြ႔မိၾကကာ ဖူးစာဆုံဖို႔ကံပါလာၾကသူေတြျဖစ္ေတာ့လည္း

ဘယ္ေလာက္ပဲ ၾကားထဲမွာ အဆက္ျပတ္သြားသည္ျဖစ္ေစျပန္ေတြ႕တတ္ၾကတာျဖစ္မယ္လို႔ ေခ်ာရတနာက ျမင္ပါတယ္။ “သူနဲ႕ အမနဲ႔ကေလ အဆက္အသြယ္ ျပတ္ျပတ္သြားၿပီး လုံးဝမေတြ႕ေတာ့ဘူးလို႔ ထင္ေနတဲ့ အခ်ိန္မွာေတာင္ ျပန္ေတြ႕ၾကျပန္ေရာ။ အဲ့လိုမ်ိဳးေပါ့ေနာ္။ သူကေလ

အစ္မတို႔ေတာင္ႀကီးေမာက္မယ္ေၾကာ္ျငာရိုက္တုန္းကအစ္မရဲ႕ဆံပင္အရွည္ႀကီးကိုသေဘာက်လို႔ ဆိုၿပီး အစ္မကို လိုက္ဖူးတယ္။ ၂၀၀၂၊ ၂၀၀၃ ေလာက္ျဖစ္မွာသေပါ့။ ေနာက္ေတာ့လည္း အဲ့လို မေတြ႕ၾကေတာ့ျပန္ဘူး။ ေပ်ာက္သြားေရာ။ အစ္မကလည္းသူ႔ကို ႀကိဳက္တယ္လည္း

မေျပာဘူး၊ မႀကိဳက္ဘူးလည္းမေျပာဘူး။ သူကေတာ့ အစ္မကို အဲ့လိုပဲ လိုက္တယ္ေပါ့ေနာ္။ ၾကားထဲမွာ မေတြ႕ၾကေတာ့ျပန္ဘူး။ ၿပီးလည္း ၿပီးေရာ ၂၀၀၇ ေလာက္မွာျပန္ေတြ႕ၾကတယ္။ နဖူးစာ ႐ြာလည္တယ္ဆိုတာအဲ့တာပဲ။”လို႔ ေခ်ာရတနာတစ္ေယာက္ရယ္႐ႊမ္းပတ္႐ႊမ္းနဲ႔ေျပာျပခဲ့ပါတယ္။

ေခ်ာရတနာကသူမတို႔ လင္မယားအေနနဲ႕ ယခုအခ်ိန္မွာ သာယာတဲ့အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားရတာမ်ိဳး မဟုတ္ပဲသာယာေအာင္ ႀကိဳးစားေနထိုင္ေနရတဲ့ အေနအထားမ်ိဳးသာျဖစ္တယ္လို႔ ရင္ဖြင့္ရွင္းျပခဲ့ပါတယ္။ ဒါကေတာ့ အိမ္ေထာင္သည္တိုင္းဒီလိုပဲ ျဖစ္ၾကမွာပါလို႔

ေခ်ာရတနာကထင္မွတ္ၿပီး သူစိမ္းႏွစ္ေယာက္ ေပါင္းဖက္ေနထိုင္ၾကတယ္ဆိုတာ စီးပြားေရး၊ လူမႈေရးအရ ႀကဳံေတြ႕လာရမယ့္ အခက္အခဲေတြက အမ်ားႀကီးျဖစ္တဲ့အတြက္ ပိုက္ဆံရွိတဲ့သူေတြ ျဖစ္ေစ၊ မရွိတဲ့သူေတြျဖစ္ေစအခက္အခဲေတြကေတာ့ တစ္မ်ိဳးစီရွိၾကပါတယ္လို႔ေခ်ာတနာက

ဆိုပါတယ္။ သူစိမ္းႏွစ္ေယာက္ ေပါင္းဖက္ေနထိုင္တဲ့အခါမွာ ႀကဳံေတြ႔ရတတ္တဲ့စိန္ေခၚမႈေတြနဲ႔ ပတ္သတ္လို႔ေခ်ာရတနာက“အဓိကကေတာ့ ႏွစ္ေယာက္ကအႀကိဳက္မတူတဲ့အတြက္တစ္ေယာက္ နဲ႔တစ္ေယာက္ ညွိၾကရတယ္။  မာနေတြလည္းေလွ်ာ့ၾကရတယ္။ ကိုေက်ာ္ဆိုရင္လည္း

သူ႔အသက္ ၁၆ႏွစ္၊ ၁၇ႏွစ္တည္းကအလုပ္လုပ္လာတဲ့သူ၊ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ခဲ့သူဆိုေတာ့သူကလည္းသူ႔မာနနဲ႔ သူရွိတယ္။ အမကလည္း မိန္းကေလးဆိုေပမယ့္ ေစာေစာစီးစီးတည္းက ကိုယ့္အလုပ္ကိုယ္လုပ္ၿပီးကိုယ့္ပိုက္ဆံ ကိုယ္ရွာလာခဲ့သူဆိုေတာ့ေလ

မိဘကိုလက္ျဖန႔္ေတာင္းလာခဲ့တဲ့ လူမ်ိဳးမဟုတ္ဘူး။ အဲ့လိုမ်ိဳးႏွစ္ေယာက္က သြားေတြ႕တယ္ဆိုေတာ့ မာနေလးေတြေတာ့ အနည္းငယ္ရွိၾကတာေပါ့။ ဒါေပမယ့္လည္း သားသမီး ရလာတဲ့ အခါက်ေတာ့ သားသမီးအတြက္ကိုပဲ ဦးစားေပးလာတယ္။ ေနာက္ၿပီးကိုယ့္ရဲ႕ေဒါသေတြ၊

မာနေတြကိုလည္းတျဖည္းျဖည္း ေလွ်ာ့လာတယ္။ ဘာလို႔လည္းဆိုေတာ့အမကလည္း အမအမ်ိဳးသားကိုေလွ်ာ့ပါလို႔ ေျပာတာမဟုတ္ဘူး။ ကိုယ့္ကိုလည္း သူမေျပာဘူး။ ကိုယ္ကလည္းသူ႔ကို မေျပာဘူး။ ဒါေပမယ့္ကေလးေတြကိုယ့္ေၾကာင့္ အေႏွာက္အယွက္ျဖစ္မွာကိုစိုးရိမ္လို႔ေလွ်ာ့ရင္း၊

ေလွ်ာ့ရင္းနဲ႔ပဲ အခုေတာ့ အဆင္ေျပလာပါၿပီ။” လို႔ ပြင့္ပြင့္လင္းလင္းပဲ ေဝမွ်ေပးခဲ့ပါတယ္။ အဓိကကေတာ့ သည္းခံနိုင္ဖို႔ကအရမ္းအေရးႀကီးၿပီး မိန္းကေလးတစ္ေယာက္အေနနဲ႕လည္း မိခင္ျဖစ္လာၿပီဆိုသည္းခံမႈရွိနိုင္ဖို႔ အရမ္းအေရးႀကီးတယ္လို႔ ေခ်ာရတနာက ဆိုပါတယ္။

သူမရဲ႕အမ်ိဳးသားဟာဆိုရင္လည္း မိသားစုအေပၚမွာ အေကာင္းဆုံးဆိုတာေတြကိုသာ ျဖစ္ေစခ်င္၊ အေကာင္းဆုံး ပံ့ပိုးေပးခ်င္သူတစ္ဦးျဖစ္ၿပီး အဲ့ဒီစိတ္ကေလးနဲ႔ပတ္သတ္လို႔ေတာ့သူ႔ကိုတကယ္ေက်းဇူးတင္မိတယ္လို႔ေခ်ာရတနာကဆိုပါတယ္။သူမရဲ႕ခင္ပြန္းကအရာရာကိုအေကာင္းဆုံးသာ

ျဖစ္ေစခ်င္ၿပီး ေဆးခန္းျပတာမ်ိဳးကအစ အေကာင္းဆုံးမွာ ျပေစခ်င္တဲ့လူမ်ိဳးျဖစ္တဲ့အတြက္အဲ့ဒီစိတ္ေလးေတာ့ သူ႔ကိုနည္းနည္းေလွ်ာ့ေစခ်င္တယ္လို႔ ေခ်ာရတနာက ဆိုပါတယ္။ အခုလို ေလွ်ာ့ေစခ်င္တာကလည္း အျခားအေၾကာင္းေၾကာင့္ မဟုတ္ပဲမိသားစုကိုအေကာင္းဆုံးေတြသာ

ျဖည့္ဆည္းေပးခ်င္တဲ့သူမရဲ႕ခင္ပြန္းအေနနဲ႕ သူ မျဖည့္ဆည္းေပးနိုင္တဲ့အခါက်ရင္ စိတ္မေကာင္းျဖစ္မွာ စိုးတဲ့အတြက္အခုလို ေျပာရျခင္းျဖစ္တယ္ လို႔ေခ်ာရတနာကဆိုပါတယ္။ အခုလို ကိုဗစ္ကာလမွာ လင္မယားႏွစ္ေယာက္လုံးအတူတူအိမ္ မွာေနရခ်ိန္ မ်ားျပားတဲ့အခါမွာေတာ့

စီးပြားေရးအေၾကာင္း၊ အလုပ္အေၾကာင္း စသည္ျဖင့္ အရင္တုန္းကထက္ ပိုမိုတိုင္ပင္၊ ေဆြးေႏြးျဖစ္လာၿပီး အရင္ကဆိုရင္ေတာ့ခင္ပြန္းျဖစ္သူ အလုပ္ကျပန္ေရာက္တဲ့အခ်ိန္မွာ ေခ်ာရတနာက ကေလးသိပ္ဘာညာ လုပ္ေဆာင္ေနရတာျဖစ္တဲ့အတြက္တစ္ေယာက္နဲ႔တစ္ေယာက္

မ်က္ႏွာခ်င္းဆိုင္ရခ်ိန္ နည္းပါးခဲ့တယ္လို႔ ေခ်ာရတနာကဆိုပါတယ္။ သားသားနဲ႕မီးမီးဟာ ဆိုရင္လည္း အခုဆိုရင္ သားသားက (၇)ႏွစ္၊ မီးမီးက (၃)ႏွစ္ အသီးသီးရွိၾကၿပီျဖစ္ၿပီးအခုခ်ိန္ ကိုဗစ္ကာလမွာဘယ္မွမသြား၊ မလာရလို႔အိမ္မွာပဲေနရတာပ်င္းတယ္ဆိုၿပီးေသာင္းက်န္းေနၾကတယ္လို႔

ေခ်ာရတနာကရယ္ရယ္ေမာေမာနဲ႔ရင္ဖြင့္ပါတယ္။ ေမာင္ႏွမႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ခင္ၾကေပမယ့္ အမူအက်င့္ေလးေတြေတာ့အနည္းငယ္ကြာျခားတယ္လို႔ေခ်ာရတနာရဲ႕ေျပာျပခ်က္အရသိရပါတယ္။ သားႀကီးေလးဟာအနည္းငယ္ဂ်ီက်တတ္တာက

လြဲလို႔ အရာရာကို သည္းခံၿပီးညီမျဖစ္သူကို ေဝမွ်တတ္ေပမယ့္အငယ္မေလးဟာဆိုရင္ အနည္းငယ္စိတ္ႀကီးတဲ့အတြက္သူတစ္ပါးကိုေဝမွ်တတ္ လာေအာင္ ေသခ်ာသင္ေပးေနရတယ္လို႔ ေခ်ာရတနာက ေျပာပါတယ္။ ပရိသတ္ႀကီးတို႔ေရ ဒီအင္တာဗ်ဴးေလးမွာေတာ့

သ႐ုပ္ေဆာင္ေခ်ာရတနာက သူ႔မရဲ႕ခင္ပြန္းျဖစ္သူနဲ႕ ဖူးစာဆုံျဖစ္ခဲ့ပုံနဲ႕ အိမ္ေထာင္ေရးတစ္ခုကို သာယာေအာင္ ႀကိဳးစားတည္ေဆာက္ရတဲ့အခါမွာ ႀကဳံေတြ႔ခဲ့ရတဲ့အခက္အခဲ၊ စိန္ေခၚမႈေလးေတြကိုပရိသတ္သိေအာင္မွ်ေဝေပးခဲ့တာပဲ ျဖစ္ပါတယ္။ အခုလိုတစ္ေယာက္နဲ႔တစ္ေယာက္

နားလည္သည္းခံမႈအျပည့္နဲ႕ ခ်စ္ခင္ၾကင္နာၾကတဲ့ ေခ်ာရတနာတို႔ လင္မယားႏွစ္ေယာက္ ေနာင္ႏွစ္ေပါင္းမ်ားစြာတိုင္ တစ္ေယာက္နဲ႕တစ္ေယာက္ ေပ်ာ္႐ႊင္စြာ ေ႐ႊလက္တြဲသြားနိုင္ပါေစလို႔ ဆုမြန္ေကာင္း ေတာင္းအပ္ပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

သရုပ်ဆောင်ချောရတနာကတော့ အရင်ကာလတွေမှာဗီဒီယိုဇာတ်ကားပေါင်း မြောက်များစွာကို ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး ကြော်ငြာများစွာကိုလည်းရိုက်ကူးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူမဟာဆိုရင် အိမ်ထောင်ကျပြီးတည်းက အနုပညာအလုပ်တွေလုပ်ကိုင်တာနည်းပါးလာပြီးကြည်နူးစရာ

မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ယခုဆိုရင် သူမတို့ဇနီးမောင်နှံဟာ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ကိုမွေးဖွားပိုင်ဆိုင်ထားတာဖြစ်ပြီးအေးချမ်းပျော်ရွှင်တဲ့မိသားစုပုံရိပ်လေးတွေကိုလူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်ဝေမျှတတ်သူလည်း

ဖြစ်ပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်ချောရတနာကသူမရဲ့အမျိုးသားနဲ့ နဖူးစာ ရွာလယ်ကာ ဆုံခဲ့ရပြီး လက်ရှိမှာတော့ အိမိထောင်ရေးအဆင်ပြေအောင် ကြိုးစားတည်ဆောက် ယူနေရတယ် ဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ဖြေကြားပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ချောရတနာဟာသူမရဲ့ခင်ပွန်းဖြစ်သူနဲ့ ၂၀၀၂ ခုနှစ် လောက်တည်းကစတင်တွေ့ဆုံဖူးခဲ့တာဖြစ်ပြီး ကြားထဲမှာမတွေ့ဖြစ်ပဲ အဆက်ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်အခုလိုအဆက်အသွယ်ပြတ်သွားပြီးနောက်မှ ပြန်တွေ့မိကြကာ ဖူးစာဆုံဖို့ကံပါလာကြသူတွေဖြစ်တော့လည်း

ဘယ်လောက်ပဲ ကြားထဲမှာ အဆက်ပြတ်သွားသည်ဖြစ်စေပြန်တွေ့တတ်ကြတာဖြစ်မယ်လို့ ချောရတနာက မြင်ပါတယ်။ “သူနဲ့ အမနဲ့ကလေ အဆက်အသွယ် ပြတ်ပြတ်သွားပြီး လုံးဝမတွေ့တော့ဘူးလို့ ထင်နေတဲ့ အချိန်မှာတောင် ပြန်တွေ့ကြပြန်ရော။ အဲ့လိုမျိုးပေါ့နော်။ သူကလေ

အစ်မတို့တောင်ကြီးမောက်မယ်ကြော်ငြာရိုက်တုန်းကအစ်မရဲ့ဆံပင်အရှည်ကြီးကိုသဘောကျလို့ ဆိုပြီး အစ်မကို လိုက်ဖူးတယ်။ ၂၀၀၂၊ ၂၀၀၃ လောက်ဖြစ်မှာသပေါ့။ နောက်တော့လည်း အဲ့လို မတွေ့ကြတော့ပြန်ဘူး။ ပျောက်သွားရော။ အစ်မကလည်းသူ့ကို ကြိုက်တယ်လည်း

မပြောဘူး၊ မကြိုက်ဘူးလည်းမပြောဘူး။ သူကတော့ အစ်မကို အဲ့လိုပဲ လိုက်တယ်ပေါ့နော်။ ကြားထဲမှာ မတွေ့ကြတော့ပြန်ဘူး။ ပြီးလည်း ပြီးရော ၂၀၀၇ လောက်မှာပြန်တွေ့ကြတယ်။ နဖူးစာ ရွာလည်တယ်ဆိုတာအဲ့တာပဲ။”လို့ ချောရတနာတစ်ယောက်ရယ်ရွှမ်းပတ်ရွှမ်းနဲ့ပြောပြခဲ့ပါတယ်။

ချောရတနာကသူမတို့ လင်မယားအနေနဲ့ ယခုအချိန်မှာ သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားရတာမျိုး မဟုတ်ပဲသာယာအောင် ကြိုးစားနေထိုင်နေရတဲ့ အနေအထားမျိုးသာဖြစ်တယ်လို့ ရင်ဖွင့်ရှင်းပြခဲ့ပါတယ်။ ဒါကတော့ အိမ်ထောင်သည်တိုင်းဒီလိုပဲ ဖြစ်ကြမှာပါလို့

ချောရတနာကထင်မှတ်ပြီး သူစိမ်းနှစ်ယောက် ပေါင်းဖက်နေထိုင်ကြတယ်ဆိုတာ စီးပွားရေး၊ လူမှုရေးအရ ကြုံတွေ့လာရမယ့် အခက်အခဲတွေက အများကြီးဖြစ်တဲ့အတွက် ပိုက်ဆံရှိတဲ့သူတွေ ဖြစ်စေ၊ မရှိတဲ့သူတွေဖြစ်စေအခက်အခဲတွေကတော့ တစ်မျိုးစီရှိကြပါတယ်လို့ချောတနာက

ဆိုပါတယ်။ သူစိမ်းနှစ်ယောက် ပေါင်းဖက်နေထိုင်တဲ့အခါမှာ ကြုံတွေ့ရတတ်တဲ့စိန်ခေါ်မှုတွေနဲ့ ပတ်သတ်လို့ချောရတနာက“အဓိကကတော့ နှစ်ယောက်ကအကြိုက်မတူတဲ့အတွက်တစ်ယောက် နဲ့တစ်ယောက် ညှိကြရတယ်။  မာနတွေလည်းလျှော့ကြရတယ်။ ကိုကျော်ဆိုရင်လည်း

သူ့အသက် ၁၆နှစ်၊ ၁၇နှစ်တည်းကအလုပ်လုပ်လာတဲ့သူ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့သူဆိုတော့သူကလည်းသူ့မာနနဲ့ သူရှိတယ်။ အမကလည်း မိန်းကလေးဆိုပေမယ့် စောစောစီးစီးတည်းက ကိုယ့်အလုပ်ကိုယ်လုပ်ပြီးကိုယ့်ပိုက်ဆံ ကိုယ်ရှာလာခဲ့သူဆိုတော့လေ

မိဘကိုလက်ဖြန့်တောင်းလာခဲ့တဲ့ လူမျိုးမဟုတ်ဘူး။ အဲ့လိုမျိုးနှစ်ယောက်က သွားတွေ့တယ်ဆိုတော့ မာနလေးတွေတော့ အနည်းငယ်ရှိကြတာပေါ့။ ဒါပေမယ့်လည်း သားသမီး ရလာတဲ့ အခါကျတော့ သားသမီးအတွက်ကိုပဲ ဦးစားပေးလာတယ်။ နောက်ပြီးကိုယ့်ရဲ့ဒေါသတွေ၊

မာနတွေကိုလည်းတဖြည်းဖြည်း လျှော့လာတယ်။ ဘာလို့လည်းဆိုတော့အမကလည်း အမအမျိုးသားကိုလျှော့ပါလို့ ပြောတာမဟုတ်ဘူး။ ကိုယ့်ကိုလည်း သူမပြောဘူး။ ကိုယ်ကလည်းသူ့ကို မပြောဘူး။ ဒါပေမယ့်ကလေးတွေကိုယ့်ကြောင့် အနှောက်အယှက်ဖြစ်မှာကိုစိုးရိမ်လို့လျှော့ရင်း၊

လျှော့ရင်းနဲ့ပဲ အခုတော့ အဆင်ပြေလာပါပြီ။” လို့ ပွင့်ပွင့်လင်းလင်းပဲ ဝေမျှပေးခဲ့ပါတယ်။ အဓိကကတော့ သည်းခံနိုင်ဖို့ကအရမ်းအရေးကြီးပြီး မိန်းကလေးတစ်ယောက်အနေနဲ့လည်း မိခင်ဖြစ်လာပြီဆိုသည်းခံမှုရှိနိုင်ဖို့ အရမ်းအရေးကြီးတယ်လို့ ချောရတနာက ဆိုပါတယ်။

သူမရဲ့အမျိုးသားဟာဆိုရင်လည်း မိသားစုအပေါ်မှာ အကောင်းဆုံးဆိုတာတွေကိုသာ ဖြစ်စေချင်၊ အကောင်းဆုံး ပံ့ပိုးပေးချင်သူတစ်ဦးဖြစ်ပြီး အဲ့ဒီစိတ်ကလေးနဲ့ပတ်သတ်လို့တော့သူ့ကိုတကယ်ကျေးဇူးတင်မိတယ်လို့ချောရတနာကဆိုပါတယ်။သူမရဲ့ခင်ပွန်းကအရာရာကိုအကောင်းဆုံးသာ

ဖြစ်စေချင်ပြီး ဆေးခန်းပြတာမျိုးကအစ အကောင်းဆုံးမှာ ပြစေချင်တဲ့လူမျိုးဖြစ်တဲ့အတွက်အဲ့ဒီစိတ်လေးတော့ သူ့ကိုနည်းနည်းလျှော့စေချင်တယ်လို့ ချောရတနာက ဆိုပါတယ်။ အခုလို လျှော့စေချင်တာကလည်း အခြားအကြောင်းကြောင့် မဟုတ်ပဲမိသားစုကိုအကောင်းဆုံးတွေသာ

ဖြည့်ဆည်းပေးချင်တဲ့သူမရဲ့ခင်ပွန်းအနေနဲ့ သူ မဖြည့်ဆည်းပေးနိုင်တဲ့အခါကျရင် စိတ်မကောင်းဖြစ်မှာ စိုးတဲ့အတွက်အခုလို ပြောရခြင်းဖြစ်တယ် လို့ချောရတနာကဆိုပါတယ်။ အခုလို ကိုဗစ်ကာလမှာ လင်မယားနှစ်ယောက်လုံးအတူတူအိမ် မှာနေရချိန် များပြားတဲ့အခါမှာတော့

စီးပွားရေးအကြောင်း၊ အလုပ်အကြောင်း စသည်ဖြင့် အရင်တုန်းကထက် ပိုမိုတိုင်ပင်၊ ဆွေးနွေးဖြစ်လာပြီး အရင်ကဆိုရင်တော့ခင်ပွန်းဖြစ်သူ အလုပ်ကပြန်ရောက်တဲ့အချိန်မှာ ချောရတနာက ကလေးသိပ်ဘာညာ လုပ်ဆောင်နေရတာဖြစ်တဲ့အတွက်တစ်ယောက်နဲ့တစ်ယောက်

မျက်နှာချင်းဆိုင်ရချိန် နည်းပါးခဲ့တယ်လို့ ချောရတနာကဆိုပါတယ်။ သားသားနဲ့မီးမီးဟာ ဆိုရင်လည်း အခုဆိုရင် သားသားက (၇)နှစ်၊ မီးမီးက (၃)နှစ် အသီးသီးရှိကြပြီဖြစ်ပြီးအခုချိန် ကိုဗစ်ကာလမှာဘယ်မှမသွား၊ မလာရလို့အိမ်မှာပဲနေရတာပျင်းတယ်ဆိုပြီးသောင်းကျန်းနေကြတယ်လို့

ချောရတနာကရယ်ရယ်မောမောနဲ့ရင်ဖွင့်ပါတယ်။ မောင်နှမနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြပေမယ့် အမူအကျင့်လေးတွေတော့အနည်းငယ်ကွာခြားတယ်လို့ချောရတနာရဲ့ပြောပြချက်အရသိရပါတယ်။ သားကြီးလေးဟာအနည်းငယ်ဂျီကျတတ်တာက

လွဲလို့ အရာရာကို သည်းခံပြီးညီမဖြစ်သူကို ဝေမျှတတ်ပေမယ့်အငယ်မလေးဟာဆိုရင် အနည်းငယ်စိတ်ကြီးတဲ့အတွက်သူတစ်ပါးကိုဝေမျှတတ် လာအောင် သေချာသင်ပေးနေရတယ်လို့ ချောရတနာက ပြောပါတယ်။ ပရိသတ်ကြီးတို့ရေ ဒီအင်တာဗျူးလေးမှာတော့

သရုပ်ဆောင်ချောရတနာက သူ့မရဲ့ခင်ပွန်းဖြစ်သူနဲ့ ဖူးစာဆုံဖြစ်ခဲ့ပုံနဲ့ အိမ်ထောင်ရေးတစ်ခုကို သာယာအောင် ကြိုးစားတည်ဆောက်ရတဲ့အခါမှာ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲ၊ စိန်ခေါ်မှုလေးတွေကိုပရိသတ်သိအောင်မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ အခုလိုတစ်ယောက်နဲ့တစ်ယောက်

နားလည်သည်းခံမှုအပြည့်နဲ့ ချစ်ခင်ကြင်နာကြတဲ့ ချောရတနာတို့ လင်မယားနှစ်ယောက် နောင်နှစ်ပေါင်းများစွာတိုင် တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်စွာ ရွှေလက်တွဲသွားနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်