ကိုဗစ္ကာလႀကီးမွာ အလုပ္လက္မဲ့ျဖစ္သြားတာမုိ႔ ထမင္းခ်က္မစားရတာ (၂) ရက္ရွိပါၿပီသား​ေလးတို႔ရယ္တဲ့

(ကပ္ေဘးကာလ ရင္ကိုထိမွန္ေစသည့္အမယ္အို စကားသံ) ထမင္းမခ်က္ရတာ၂ ရက္ရွိပါၿပီ သားတို႔ရယ္ ကပ္ေဘးကာလ ရင္ကိုထိမွန္ေစသည့္အမယ္အို စကားသံ“ထမင္းမခ်က္ရတာ ၂ ရက္ရွိပါၿပီ သားတို႔ရယ္။ အခုေတာင္ေဘးအိမ္က ကေလး မေလးက Clean Yangon ကိုအကူအညီ

ေတာင္းၾကည့္ပါလားဆိုလို႔ သူ႔ဖုန္းနဲ႔လွမ္းေခၚတာပါတဲ့” ဒါကေတာ့ကိုဗစ္-၁၉ ကပ္ေဘးဒဏ္ခံေနရတဲ့အမယ္အိုတဦးရဲ႕ေသာကအပူကို Clean Yangon ပရဟိတအဖြဲ႕က တတ္စြမ္းသမွ် ကူညီေပးခဲ့ရတဲ့အေျခအေနတခုျဖစ္ပါတယ္။ ကမာၻ႔နိုင္ ငံေတြနည္းတူဒီေရာဂါကပ္ေဘးဆိုးႀကီးကေန

လြတ္ေျမာက္နိုင္ဖို႔ ႀကံ့ႀကံခံ ရင္ဆိုင္ေနၾကရတဲ့ ျမန္မာနိုင္ငံမွာ ခိုကိုးရာမဲ့ေတြအတြက္ ေမွ်ာ္လင့္ခ်က္ဟာခပ္မွိန္မွိန္ အေျခအေနပါပဲ။ ေပါက္ေဖာ္တုိ႔နိုင္ငံ ဝူဟန္ၿမိဳ႕ကစတင္ခဲ့တဲ့ ဒီေရာဂါဆိုးေၾကာင့္ အသက္ေပးလိုက္ရသူေတြဟာ ဒီကေန႔အခ်ိန္ထိတကမာၻလုံးမွာလူေပါင္း ၃ သိန္းခြဲေက်ာ္

ရွိသြားခဲ့ၿပီျဖစ္ကာ ၅ သန္းခြဲေက်ာ္ ေရာဂါကူးစက္ခံထားရပါတယ္။ ျမန္မာနိုင္ငံမွာေတာ့ ကိုဗစ္-၁၉ ကူးစက္ခံရတဲ့အတည္ျပဳလူနာကို ျပီးခဲ့တဲ့ မတ္လ ၂၃ ရက္ေန႔ကေတြ႔ရွိခဲ့ၿပီးေနာက္ လတ္တေလာအခ်ိန္ထိ ေရာဂါကူးစက္ခံရသူ ၁သိန္း၄ေထာင္ေက်ာ္၊

ေသဆုံးသူ ၂ေထာင္၂ရာ၁ေယာက္ရွိေနခဲ့တာပါ။ ကုသနိုင္တဲ့ေဆးဝါးမရွိေသးတဲ့ေရာဂါကူးစက္ပ်ံ့ပြားမႈအတြက္ လက္ေဆးတာ၊ တကိုယ္ေရသန႔္ရွင္းက်န္းမာေရးဂ႐ုစိုက္တာ၊ လူစူလူေဝးနဲ႔ပြဲလမ္းသဘင္အခမ္းအနား ေတြ ေရွာင္ၾကဥ္တာ၊ တကယ္လို႔ မျဖစ္မေန သြားၾကရတဲ့အခါမွာလည္း

ႏွာေခါင္းစည္း Mask တပ္ဆင္ၿပီးသတိရွိရွိေနထိုင္ၾကဖို႔ က်န္းမာေရး သတိေပးခ်က္ေတြကို ထုတ္ျပန္ ထားရတာ ျဖစ္ပါတယ္။ စက္႐ုံအလုပ္႐ုံေတြရပ္ဆိုင္းကုန္လို႔ အလုပ္လက္မဲ့ ျဖစ္ၾကရတာေတြ၊ ခရီးသြား လုပ္ငန္းေတြမေရရာေတာ့တဲ့အေနအထားေတြနဲ႔အတူ ဖြံ႕ၿဖိဳးဆဲနိုင္ငံတနိုင္ငံျဖစ္တဲ့

ျမန္မာနိုင္ငံရဲ႕ လက္လုပ္လက္စားေတြရဲ႕အေရးကလည္း ရင္ေလးစရာျဖစ္လာေနဆဲပါ။ သက္ဆိုင္ရာအစိုးရတာဝန္ရွိသူေတြ၊ ပရဟိတလူမႈေရးအသင္းအဖြဲ႔ေတြရဲ႕ တတ္စြမ္းသမွ် အားနဲ႔ကပ္ေဘးကာလ ကူညီမႈေတြကေရာ ဘယ္အတိုင္းအတာထိဆြဲဆန႔္ထားနိုင္မလဲဆိုတာကလည္း

ေတြးခ်ိန္ခ်င့္စရာ ျဖစ္လာေနခဲ့ပါၿပီ။ CleanYangon အဖြဲ႕ကေတာ့ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီနဲ႕အတူ ရန္ကုန္ၿမိဳ႕ေတာ္သာယာလွပေရးနဲ႔သန႔္ရွင္းေရးအတြက္စြန႔္ပစ္အမွိုက္ အသိပညာေပးေရးလႈပ္ရွားမႈေတြနဲ႔ထင္ရွားၿပီး လတ္တေလာ ကပ္ေဘးကာလကူညီကယ္ဆယ္ေရး

လုပ္ငန္းေတြမွာလည္းတစိုက္မတ္မတ္လႈပ္ရွားေနတဲ့ အဖြဲ႕တဖြဲ႔ျဖစ္ပါတယ္။ သူတို႔အဖြဲ႔ကဒီကေန႔ မွ်ေဝထားခဲ့တဲ့ ေဖ့စ္ဘြတ္ခ္ပို႔စ္မွာေတာ့လွိုင္သာယာၿမိဳ႕နယ္က ခိုကိုးရာမဲ့အမယ္အိုအေၾကာင္းတေစ့တေစာင္း ခုလိုေရးသားၿပီး ေဖာ္ျပထားခဲ့တာကို ေတြ႔ရပါတယ္။ “ဒီေန႕ ဖုန္းဆက္ၿပီး

အကူအညီေတာင္းလာတဲ့ Call မ်ားေပါင္းမ်ားစြာထဲက အေမအိုရဲ႕စကားသံေတြကရင္ထဲကိုေတာ္ေတာ္ထိမွန္ေစခဲ့တယ္။ ထမင္းမခ်က္ရတာ ၂ ရက္ရွိၿပီဆိုလို႔စိတ္ထဲအေတာ္မေကာင္းခဲ့ဘူး။ ဖုန္းဝင္တာနဲ႔ခ်က္ခ်င္းပဲအဖြဲ႔ကအမတေယာက္ရဲ႕ ကားအကူအညီနဲ႔စားနပ္ရိကၡာထုပ္တင္ၿပီး

လွိုင္သာယာဘက္ထြက္ခဲ့ၾကတယ္”ယိုင္နဲ႔နဲ႔အိမ္ကေလးမွာ တေယာက္တည္းေနထိုင္တဲ့ အမယ္အိုဟာက်န္းမာေရးမေကာင္းျဖစ္ေနတာ အခ်ိန္အေတာ္ၾကာေနခဲ့ၿပီျဖစ္ၿပီး ရက္ခ်ိန္းျပည့္လို႔ ေဆးခန္းျပဖို႔အတြက္ ပိုက္ဆံေခ်းငွားခဲ့တာေတာင္ဘယ္သူ႔ဆီကမွ မရခဲ့ဘူးလို႔ ဆိုပါတယ္။

အရင္ကေတာ့ ဘုရားေက်ာင္းတက္ရင္ ေထာက္ပံ့ေၾကးတခ်ိဳ႕ရလို႔ အဆင္ေျပခဲ့ေပမယ့္ ခုလက္ရွိမွာေတာ့ေစတီပုထိုးဘုရားေတြအပါအဝင္ ဘုရားေက်ာင္းေတြကိုလည္း ေရာဂါကူးစက္ ပ်ံ့ႏွံ႕မႈအႏၲရာယ္ေၾကာင့္ ပိတ္ထားခဲ့ရတာမို႔ ဒုကၡေရာက္ေနခဲ့ရတယ္လို႔ ဆိုပါတယ္။ အမယ္အိုကို

Clean Yangon အဖြဲ႔ကလိုရင္ေခၚပါစားနပ္ရိကၡာထုပ္အျပင္ေငြက်ပ္ ၃ ေသာင္းကို ေဆးကုသစားရိတ္အေနနဲ႔ကူခဲ့ေၾကာင္းေဖာ္ျပထားခဲ့တာ ျဖစ္ပါတယ္။ ကမာၻ႔ဘဏ္နဲ႔ ကုလသမဂၢဖြံ႕ၿဖိဳးမႈအစီအစဥ္တို႔ ပူးေပါင္းထုတ္ေဝတဲ့ ျမန္မာေနထိုင္မႈအေျခအေနစစ္တမ္း ၂၀၁၇ မွာေတာ့ျမန္မာနိုင္ငံမွာ

ဆင္းရဲႏြမ္းပါးမႈႏႈန္းဟာ ေနရာေဒသ ကြဲျပားမႈအေပၚသက္ေရာက္မႈႀကီးမားေၾကာင္းေဖာ္ျပထားခဲ့ၿပီး ျပည္နယ္/တိုင္းေဒသႀကီးအလိုက္ ဆင္းရဲႏြမ္းပါးသူအေရအတြက္ကြာဟခ်က္ႀကီးမားတယ္လို႔ဆိုပါတယ္။ ရာခိုင္ႏႈန္းအေနနဲ႔တနိုင္ငံလုံးအတိုင္းအတာနဲ႔ဆင္းရဲႏြမ္းပါးသူအေရအတြက္

၂၄ ဒႆမ ၈ ရာခိုင္ႏႈန္း၊ ၿမိဳ႕ျပမွာ ၁၁ ဒႆမ ၃ ရာခိုင္ႏႈန္းနဲ႔ေက်းလက္မွာ ၃၀ ဒႆမ ၂ ရာ ခိုင္ႏႈန္းရွိေနတာ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့၂၀၀၅ ခုႏွစ္မွာေတာ့ ဆင္းရဲႏြမ္းပါးမႈႏႈန္း ၄၈ ဒႆမ ၂ ရာခိုင္ႏႈန္းထိရွိခဲ့တာမို႔ လက္ရွိမွာ တျဖည္းျဖည္းေလ်ာ့က်လာေနခဲ့တယ္ဆိုနိုင္ေပမယ့္

မေမွ်ာ္လင့္ထားတဲ့ ေဘးအႏၲရာယ္ေတြနဲ႔ရင္ဆိုင္ၾကရခ်ိန္မွာေတာ့ဆင္းရဲႏြမ္းပါးမႈမ်ဥ္းေအာက္ကိုျပန္လည္ေရာက္ရွိသြားနိုင္တဲ့ထိလြယ္ခိုက္လြယ္တဲ့ အေျခအေနမွာ ရွိေနဆဲျဖစ္တယ္လို႔ စစ္တမ္းက ဆိုပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

(ကပ်ဘေးကာလ ရင်ကိုထိမှန်စေသည့်အမယ်အို စကားသံ) ထမင်းမချက်ရတာ၂ ရက်ရှိပါပြီ သားတို့ရယ် ကပ်ဘေးကာလ ရင်ကိုထိမှန်စေသည့်အမယ်အို စကားသံ“ထမင်းမချက်ရတာ ၂ ရက်ရှိပါပြီ သားတို့ရယ်။ အခုတောင်ဘေးအိမ်က ကလေး မလေးက Clean Yangon ကိုအကူအညီ

တောင်းကြည့်ပါလားဆိုလို့ သူ့ဖုန်းနဲ့လှမ်းခေါ်တာပါတဲ့” ဒါကတော့ကိုဗစ်-၁၉ ကပ်ဘေးဒဏ်ခံနေရတဲ့အမယ်အိုတဦးရဲ့သောကအပူကို Clean Yangon ပရဟိတအဖွဲ့က တတ်စွမ်းသမျှ ကူညီပေးခဲ့ရတဲ့အခြေအနေတခုဖြစ်ပါတယ်။ ကမ္ဘာ့နိုင် ငံတွေနည်းတူဒီရောဂါကပ်ဘေးဆိုးကြီးကနေ

လွတ်မြောက်နိုင်ဖို့ ကြံ့ကြံခံ ရင်ဆိုင်နေကြရတဲ့ မြန်မာနိုင်ငံမှာ ခိုကိုးရာမဲ့တွေအတွက် မျှော်လင့်ချက်ဟာခပ်မှိန်မှိန် အခြေအနေပါပဲ။ ပေါက်ဖော်တို့နိုင်ငံ ဝူဟန်မြို့ကစတင်ခဲ့တဲ့ ဒီရောဂါဆိုးကြောင့် အသက်ပေးလိုက်ရသူတွေဟာ ဒီကနေ့အချိန်ထိတကမ္ဘာလုံးမှာလူပေါင်း ၃ သိန်းခွဲကျော်

ရှိသွားခဲ့ပြီဖြစ်ကာ ၅ သန်းခွဲကျော် ရောဂါကူးစက်ခံထားရပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကတွေ့ရှိခဲ့ပြီးနောက် လတ်တလောအချိန်ထိ ရောဂါကူးစက်ခံရသူ ၁သိန်း၄ထောင်ကျော်၊

သေဆုံးသူ ၂ထောင်၂ရာ၁ယောက်ရှိနေခဲ့တာပါ။ ကုသနိုင်တဲ့ဆေးဝါးမရှိသေးတဲ့ရောဂါကူးစက်ပျံ့ပွားမှုအတွက် လက်ဆေးတာ၊ တကိုယ်ရေသန့်ရှင်းကျန်းမာရေးဂရုစိုက်တာ၊ လူစူလူဝေးနဲ့ပွဲလမ်းသဘင်အခမ်းအနား တွေ ရှောင်ကြဉ်တာ၊ တကယ်လို့ မဖြစ်မနေ သွားကြရတဲ့အခါမှာလည်း

နှာခေါင်းစည်း Mask တပ်ဆင်ပြီးသတိရှိရှိနေထိုင်ကြဖို့ ကျန်းမာရေး သတိပေးချက်တွေကို ထုတ်ပြန် ထားရတာ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေရပ်ဆိုင်းကုန်လို့ အလုပ်လက်မဲ့ ဖြစ်ကြရတာတွေ၊ ခရီးသွား လုပ်ငန်းတွေမရေရာတော့တဲ့အနေအထားတွေနဲ့အတူ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံဖြစ်တဲ့

မြန်မာနိုင်ငံရဲ့ လက်လုပ်လက်စားတွေရဲ့အရေးကလည်း ရင်လေးစရာဖြစ်လာနေဆဲပါ။ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့တွေရဲ့ တတ်စွမ်းသမျှ အားနဲ့ကပ်ဘေးကာလ ကူညီမှုတွေကရော ဘယ်အတိုင်းအတာထိဆွဲဆန့်ထားနိုင်မလဲဆိုတာကလည်း

တွေးချိန်ချင့်စရာ ဖြစ်လာနေခဲ့ပါပြီ။ CleanYangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့အတူ ရန်ကုန်မြို့တော်သာယာလှပရေးနဲ့သန့်ရှင်းရေးအတွက်စွန့်ပစ်အမှိုက် အသိပညာပေးရေးလှုပ်ရှားမှုတွေနဲ့ထင်ရှားပြီး လတ်တလော ကပ်ဘေးကာလကူညီကယ်ဆယ်ရေး

လုပ်ငန်းတွေမှာလည်းတစိုက်မတ်မတ်လှုပ်ရှားနေတဲ့ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ကဒီကနေ့ မျှဝေထားခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်မှာတော့လှိုင်သာယာမြို့နယ်က ခိုကိုးရာမဲ့အမယ်အိုအကြောင်းတစေ့တစောင်း ခုလိုရေးသားပြီး ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။ “ဒီနေ့ ဖုန်းဆက်ပြီး

အကူအညီတောင်းလာတဲ့ Call များပေါင်းများစွာထဲက အမေအိုရဲ့စကားသံတွေကရင်ထဲကိုတော်တော်ထိမှန်စေခဲ့တယ်။ ထမင်းမချက်ရတာ ၂ ရက်ရှိပြီဆိုလို့စိတ်ထဲအတော်မကောင်းခဲ့ဘူး။ ဖုန်းဝင်တာနဲ့ချက်ချင်းပဲအဖွဲ့ကအမတယောက်ရဲ့ ကားအကူအညီနဲ့စားနပ်ရိက္ခာထုပ်တင်ပြီး

လှိုင်သာယာဘက်ထွက်ခဲ့ကြတယ်”ယိုင်နဲ့နဲ့အိမ်ကလေးမှာ တယောက်တည်းနေထိုင်တဲ့ အမယ်အိုဟာကျန်းမာရေးမကောင်းဖြစ်နေတာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပြီး ရက်ချိန်းပြည့်လို့ ဆေးခန်းပြဖို့အတွက် ပိုက်ဆံချေးငှားခဲ့တာတောင်ဘယ်သူ့ဆီကမှ မရခဲ့ဘူးလို့ ဆိုပါတယ်။

အရင်ကတော့ ဘုရားကျောင်းတက်ရင် ထောက်ပံ့ကြေးတချို့ရလို့ အဆင်ပြေခဲ့ပေမယ့် ခုလက်ရှိမှာတော့စေတီပုထိုးဘုရားတွေအပါအဝင် ဘုရားကျောင်းတွေကိုလည်း ရောဂါကူးစက် ပျံ့နှံ့မှုအန္တရာယ်ကြောင့် ပိတ်ထားခဲ့ရတာမို့ ဒုက္ခရောက်နေခဲ့ရတယ်လို့ ဆိုပါတယ်။ အမယ်အိုကို

Clean Yangon အဖွဲ့ကလိုရင်ခေါ်ပါစားနပ်ရိက္ခာထုပ်အပြင်ငွေကျပ် ၃ သောင်းကို ဆေးကုသစားရိတ်အနေနဲ့ကူခဲ့ကြောင်းဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းထုတ်ဝေတဲ့ မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း ၂၀၁၇ မှာတော့မြန်မာနိုင်ငံမှာ

ဆင်းရဲနွမ်းပါးမှုနှုန်းဟာ နေရာဒေသ ကွဲပြားမှုအပေါ်သက်ရောက်မှုကြီးမားကြောင်းဖော်ပြထားခဲ့ပြီး ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဆင်းရဲနွမ်းပါးသူအရေအတွက်ကွာဟချက်ကြီးမားတယ်လို့ဆိုပါတယ်။ ရာခိုင်နှုန်းအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်းရဲနွမ်းပါးသူအရေအတွက်

၂၄ ဒဿမ ၈ ရာခိုင်နှုန်း၊ မြို့ပြမှာ ၁၁ ဒဿမ ၃ ရာခိုင်နှုန်းနဲ့ကျေးလက်မှာ ၃၀ ဒဿမ ၂ ရာ ခိုင်နှုန်းရှိနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့၂၀၀၅ ခုနှစ်မှာတော့ ဆင်းရဲနွမ်းပါးမှုနှုန်း ၄၈ ဒဿမ ၂ ရာခိုင်နှုန်းထိရှိခဲ့တာမို့ လက်ရှိမှာ တဖြည်းဖြည်းလျော့ကျလာနေခဲ့တယ်ဆိုနိုင်ပေမယ့်

မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်ကြရချိန်မှာတော့ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကိုပြန်လည်ရောက်ရှိသွားနိုင်တဲ့ထိလွယ်ခိုက်လွယ်တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ စစ်တမ်းက ဆိုပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်