မန္တလေးဆေးရုံကြီးကနေထွက်ပြေးတဲ့ ကိုဗစ်လူနာကို ဆိုက်ကားစီး၍အိမ်ပြန်လာစဉ်၌ ဖမ်းဆီးရမိဟုသိရ
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဒီဇင်ဘာ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် အနံ့ပျောက် အမျိုးသမီး (၁) ဦးကိုမန္တလေးအထွေထွေဆေး ရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ညပိုင်းတွင် ၎င်း၏ အဖြေမှာ Positive ဖြစ်ပြီးလူပျောက်သွားကြောင်း ဆေးရုံကြီးမှ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့သို့ အကြောင်းကြားလာသဖြင့်၎င်းနေထိုင်သော
(၄၁လမ်း/ကမ်းနားလမ်းဈေး) အနီးရှိ ရပ်ကွက်နေပြည်သူများနှင့် သံလျှက်မှော်အနောက် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့မှ လိုက်လံရှာဖွေ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ယနေ့ ဒီဇင်ဘာ ၁၀ ရက်၊ နံနက် (၈:၁၅) အချိန်တွင် (၄၁လမ်း၊ ၈၉လမ်း+လမ်း၉၀) ကြား၌၎င်းလူနာမှာ
ဆိုက်ကားငှါး၍ ပြန်လာသည်ကိုတွေ့ရှိရပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ အကြောင်းကြားလာသဖြင့် မဟာ လူမှုကယ်ဆယ်ရေးယာဉ် No(၇) ဖြင့် ဆေးရုံကြီး စောင့်ကြည့်အဆောင်သို့ ပို့ဆောင်ခဲ့ပါတယ်။ ကိုဗစ်လူနာနှင့် တိုက်ရိုက်ထိစပ်သူ
ဆိုက်ကားးဆရာကိုလည်း ရောဂါပိုး ရှိ/မရှိ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်