ဟောတာမှန်လွန်းလို့ဉာဏ်ပူဇော်ခတွေ အများကြီးကန်တော့ခံခဲ့ရ​သော ငှက်ပျော်ကြော်ရဲ့ ဇနီးဖြစ်သူ တားရော့နေခြည်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပရိသတ်ကြီးရေ ဟာသသရုပ်ဆောင် လူရွှင်တော် ငှက်ပျော်ကြော်ကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ငှက်ပျော်ကြော်ရဲ့ ဇနီးဖြစ်သူ နေဇာဘုန်းမြင့်ကတော့နေခြည်တားရော့ဆိုတဲ့
နာမည်နဲ့ တားရော့လေးတွေဟောနေတဲ့ တားရော့ ဆရာမတစ်ယောက် ဆိုတာကိုတော့တချို့ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါ။ သူမရဲ့တားရော့ အဟောတွေကမှန်လို့ နိုင်ငံရပ်ခြားက ပရိသတ်တွေတောင် မေးမြန်းကြတာပါ။
လတ်တလောမှာတော့ သူမဟောပေးလိုက်တဲ့ ပရိသတ်တစ်ယောက်က မှန်လွန်းလို့သူမကိုဉာဏ် ပူဇော်ခ ၅ သောင်း ပိုပေးထားတဲ့အပြင်၊ ငွေကျပ် (၂)သိန်းထပ်မံကန်တော့ခဲ့တဲ့ အတွက် အံ့သြဝမ်းသာဖြစ်ခဲ့ရကြောင်း သူမရဲ့
လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ်။ ကန်တော့တဲ့ ညီမလေးကိုလည်းလိုရာဆန္ဒပြည့်ဝပါစေဖို့နဲ့ သူမရဲ့ဖေဖေလည်းသက်ရှည်ကျန်းမာပါစေ တားရော့နေခြည်ကဆုမွန်ကောင်းများ
တောင်းပေးထားပါသေးတယ်။ ငှက်ပျောကြော်ကလည်း အပေးအကမ်းတွေကြမ်းလှချည်လားနေခြည်(တားရော့)ရယ်သားကိုမုန့်ဖိုးပေးဦးနော်လို့ စနောက်မှတ်ချက်ပေးထားပါသေးတယ်။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်