ခင္ပြန္းျဖစ္သူမွစြန္​႔ခြာသြားေပမယ့္က်န္ရစ္​ခဲ့တဲ့သားကို ဆရာဝန္ျဖစ္တဲ့အထိငါးေရာင္းကာ ေဆးေက်ာင္းထားေပးခဲ့တဲ့မိခင္ရဲ႕ ေမတၱာ

မဂၤလာပါ ပရိသတ္ႀကီးေရ ယခုေဖာ္ျပေပးမွာကေတာ့ Single mom ျဖစ္ေပမယ့္ အားမေလ်ာ့ပဲ ဆရာဝန္ျဖစ္ခ်င္တဲ့ သားအတြက္ ငါးေရာင္းၿပီး ရွာေဖြေပးခဲ့တဲ့ မိခင္တစ္ေယာက္ရဲ႕ ေမတၱာကိုေဖာ္ျပေပးမွာျဖစ္ပါတယ္။Nanita Ronquillo ဆိုတဲ့ အမ်ိဳးသမီးဟာ အသက္၅၅ႏွစ္ရွိၿပီးေဈးထဲမွာငါးေရာင္းတဲ့

အလုပ္ကိုလုပ္ကိုင္ေနတဲ့ Single Mom တစ္ေယာက္ျဖစ္ပါတယ္။ အိမ္ေထာင္ေရးကံမေကာင္းခဲ့ေပမယ့္ သူမမွာ သားတစ္ေယာက္ရွိခဲ့ၿပီး သူ႔မရဲ႕ဆႏၵကေတာ့ သားျဖစ္သူကို ေဆးေက်ာင္းထားႏိုင္ရမယ္ဆိုတာပါ။ သူမေဈးေရာင္းရတဲ့တစ္ေန႔စာ ဝင္ေငြကသားျဖစ္သူကိုေဆးေက်ာင္းထားဖို႔

ဘယ္လိုမွမျဖစ္ႏိုင္ဘူး ဆိုတာသိေပမဲ့သူမရဲ႕ ဆႏၵကေတာ့ ရပ္တန႔္မသြားခဲ့ပါဘူး။ သူမရဲ႕သားျဖစ္သူကို ပိုေကာင္းတဲ့ဘဝမွာ ေအာင္ျမင္တဲ့သူတစ္ဦးျဖစ္ေစရမယ္လို႔ ယုံၾကည္ထားၿပီးဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ သူမရဲ႕ ယုံၾကည္ခ်က္ကို အပ်က္မခံပဲမရမကႀကိဳးစားခဲ့သူလည္းျဖစ္ပါတယ္။

Nanita ရဲ႕ ခင္ပြန္းျဖစ္သူကသူမနဲ႔ကြဲၿပီး ေနာက္အိမ္ေထာင္အသစ္နဲ႔ ေနေနတာျဖစ္ၿပီး Nanita ကေတာ့ သားတစ္ေယာက္နဲ႔ ဘဝကို ႐ုန္းကန္းႀကိဳးစားေန ရတာျဖစ္ပါတယ္။ ေဈးေရာင္းျခင္းက အျခားသူေတြအတြက္ေတာ့သက္သာတဲ့ အလုပ္တစ္ခုလို႔ထင္ခ်င္ထင္ေပမဲ့သူမအတြက္ေတာ့

မလြယ္ကူခဲ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ခါတေလမွာငါးေတြမကုန္ရင္ ညေန ၅နာရီ ၆နာရီေလာက္အထိ ထိုင္ေရာင္းရၿပီးမနက္ဆိုလည္း ၅နာရီေလာက္ထၿပီး ေဈးဗန္းခင္း အလုပ္စေနရပါၿပီ။ သားျဖစ္သူေက်ာင္းစရိတ္အတြက္ ေဈးကိုမနက္ပိုင္းတင္မဟုတ္ပဲမနက္နဲ႔ေရာင္းလို႔မကုန္ရင္

ညေနပိုင္းေတြပါအပိုေငြရေအာင္ေရာင္းေနရပါတယ္။ သူမ တစ္ေန႔ေဈးေရာင္းရတဲ့ဝင္ေငြက တစ္ေန႔ကို PHP 1000 (အေမရိကန္ေဒၚလာ ၁၉) ေလာက္အထိ ရၿပီးေက်ာင္းစရိတ္ကို ဝင္ေငြက မမွ်တဲ့အတြက္သားျဖစ္သူေက်ာင္းနားခဲ့ရတဲ့ ႏွစ္ေတြလည္း ရွိခဲ့ပါတယ္လို႔ေျပာပါတယ္။

အျခားသူေတြ ၄ ႏွစ္နဲ႔ ဘြဲ႕ရခဲ့ေပမဲ့ သူမရဲ႕ သားကေတာ့ ၆ ႏွစ္ေနမွဘြဲ႕ကိုရရွိခဲ့တာပါ။ အခုေတာ့ သူမရဲ႕ ႀကိဳးစားအား ထုတ္မႈေတြက အရာထင္ခဲ့ပါၿပီ ေအာင္ျမင္ခဲ့ပါၿပီ။ သူမျဖစ္ေစခ်င္သလို သားျဖစ္သူလည္း ေဆးေက်ာင္းက ဘြဲ႔ရလို႔ ဆရာဝန္ႀကီးေတာင္ ျဖစ္ေနပါၿပီ။ သို႔ေပမယ့္သူမမွာ

ႏွလုံးေရာဂါရွိတာေၾကာင့္ အခုဆို သားျဖစ္သူက အလုပ္ေပးမလုပ္ေတာ့ဘဲ သူမကိုျပန္လည္ ျပဳစုေစာင့္ေရွာက္ေနပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုဖော်ပြပေးမှာကတော့ Single mom ဖြစ်ပေမယ့် အားမလျော့ပဲ ဆရာဝန်ဖြစ်ချင်တဲ့ သားအတွက် ငါးရောင်းပြီး ရှာဖွေပေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကိုဖော်ပြပေးမှာဖြစ်ပါတယ်။Nanita Ronquillo ဆိုတဲ့ အမျိုးသမီးဟာ အသက်၅၅နှစ်ရှိပြီးဈေးထဲမှာငါးရောင်းတဲ့

အလုပ်ကိုလုပ်ကိုင်နေတဲ့ Single Mom တစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်ရေးကံမကောင်းခဲ့ပေမယ့် သူမမှာ သားတစ်ယောက်ရှိခဲ့ပြီး သူ့မရဲ့ဆန္ဒကတော့ သားဖြစ်သူကို ဆေးကျောင်းထားနိုင်ရမယ်ဆိုတာပါ။ သူမဈေးရောင်းရတဲ့တစ်နေ့စာ ဝင်ငွေကသားဖြစ်သူကိုဆေးကျောင်းထားဖို့

ဘယ်လိုမှမဖြစ်နိုင်ဘူး ဆိုတာသိပေမဲ့သူမရဲ့ ဆန္ဒကတော့ ရပ်တန့်မသွားခဲ့ပါဘူး။ သူမရဲ့သားဖြစ်သူကို ပိုကောင်းတဲ့ဘဝမှာ အောင်မြင်တဲ့သူတစ်ဦးဖြစ်စေရမယ်လို့ ယုံကြည်ထားပြီးဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူမရဲ့ ယုံကြည်ချက်ကို အပျက်မခံပဲမရမကကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။

Nanita ရဲ့ ခင်ပွန်းဖြစ်သူကသူမနဲ့ကွဲပြီး နောက်အိမ်ထောင်အသစ်နဲ့ နေနေတာဖြစ်ပြီး Nanita ကတော့ သားတစ်ယောက်နဲ့ ဘဝကို ရုန်းကန်းကြိုးစားနေ ရတာဖြစ်ပါတယ်။ ဈေးရောင်းခြင်းက အခြားသူတွေအတွက်တော့သက်သာတဲ့ အလုပ်တစ်ခုလို့ထင်ချင်ထင်ပေမဲ့သူမအတွက်တော့

မလွယ်ကူခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ခါတလေမှာငါးတွေမကုန်ရင် ညနေ ၅နာရီ ၆နာရီလောက်အထိ ထိုင်ရောင်းရပြီးမနက်ဆိုလည်း ၅နာရီလောက်ထပြီး ဈေးဗန်းခင်း အလုပ်စနေရပါပြီ။ သားဖြစ်သူကျောင်းစရိတ်အတွက် ဈေးကိုမနက်ပိုင်းတင်မဟုတ်ပဲမနက်နဲ့ရောင်းလို့မကုန်ရင်

ညနေပိုင်းတွေပါအပိုငွေရအောင်ရောင်းနေရပါတယ်။ သူမ တစ်နေ့ဈေးရောင်းရတဲ့ဝင်ငွေက တစ်နေ့ကို PHP 1000 (အမေရိကန်ဒေါ်လာ ၁၉) လောက်အထိ ရပြီးကျောင်းစရိတ်ကို ဝင်ငွေက မမျှတဲ့အတွက်သားဖြစ်သူကျောင်းနားခဲ့ရတဲ့ နှစ်တွေလည်း ရှိခဲ့ပါတယ်လို့ပြောပါတယ်။

အခြားသူတွေ ၄ နှစ်နဲ့ ဘွဲ့ရခဲ့ပေမဲ့ သူမရဲ့ သားကတော့ ၆ နှစ်နေမှဘွဲ့ကိုရရှိခဲ့တာပါ။ အခုတော့ သူမရဲ့ ကြိုးစားအား ထုတ်မှုတွေက အရာထင်ခဲ့ပါပြီ အောင်မြင်ခဲ့ပါပြီ။ သူမဖြစ်စေချင်သလို သားဖြစ်သူလည်း ဆေးကျောင်းက ဘွဲ့ရလို့ ဆရာဝန်ကြီးတောင် ဖြစ်နေပါပြီ။ သို့ပေမယ့်သူမမှာ

နှလုံးရောဂါရှိတာကြောင့် အခုဆို သားဖြစ်သူက အလုပ်ပေးမလုပ်တော့ဘဲ သူမကိုပြန်လည် ပြုစုစောင့်ရှောက်နေပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်