ကိုယ်ကသာလူတိုင်းကို မောင်နှမလို သဘောထားဆက်​ဆံခဲ့ပေမယ့် မျက်နှာကြီးရာဟင်းဖတ်ပါတဲ့အဖြစ်နဲ့ ကြုံဆုံခဲ့ရတယ်ဆိုတဲ့ အိမ့်ချစ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
နိုင်ငံကျော် တေးသံရှင်တစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်ကတော့ သီချင်းဆိုကောင်းသလို ချစ်စရာလည်းကောင်းတာကြောင့် ပရိသတ်တွေကြားမှာသာမက အနုပညာရှင်အသိုင်းအဝိုင်းမှာလည်း လူချစ်လူခင်ပေါများသူတစ်ယောက် ဖြစ်ပါတယ်။
အိမ့်ချစ်ကတော့အခုဆိုရင်အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်နေပြီဆိုပေမယ့်သူမမြတ်နိုးတဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ကလည်း သူမရဲ့ အိမ်ထောင်ရေးကို သာယာအေးချမ်းဖွယ်ဖြစ်အောင်
တည်ဆောက်ထားသလို အနုပညာအလုပ်တွေကိုလည်း သင့်တင့်မျှတအောင် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းနေတတ်သလို စိတ် ထဲမှာဖြစ်နေတာကိုလည်း ဖုံးကွယ်မထားတတ်တဲ့ အိမ့်ချစ်ကဒီကနေ့မှာတော့
မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့အဖြစ်နဲ့ ကြုံဆုံခဲ့ရကြောင်း ပြောလာပါတယ်။ အိမ့်ချစ်က “နောက်နောင် ငါ့အစ်ကိုကြီးတို့ ဘာတို့ဆိုတဲ့ သံယောဇဉ်တွေလည်း မထားတော့ဘူး။ ငါကသာ မောင်နှမတွေလို့ စိတ်ထားနေခဲ့တာ။ အကုန်လုံးက
မျက်နှာကြီးရာနောက်ပဲ ပါကြတာပါအေ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် My Day ကနေ ရင်ဖွင့်ပြောလာခဲ့ပါတယ်။ အိမ့်ချစ်ကတော့ လူတိုင်းကို ဆွေမျိုးသားချင်းတစ်ယောက်လို လိုအပ်တာမှန်သမျှ ကူညီပေးတတ်သလို ချစ်ခင်စွာနဲ့လည်း
ရင်းရင်းနှီးနှီးနေတတ်သူတစ်ယောက် ဖြစ်ပါတယ်။ အခုတော့ အိမ့်ချစ်က ဘယ်လိုလူမျိုးနဲ့ ဆုံခဲ့ရလို့ အခုလိုရင်ဖွင့်သလဲဆိုတာ စဉ်းစားစရာပါပဲနော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်