ယခုကိုဗစ္ကာလမွာ က်ပ္သိန္းေပါင္း (၁.၁၆၀)ေက်ာ္​ေတာင္​ လႉဒန္းထားၿပီျဖစ္​ေသာ ခီေမာင္ႏွံ

ကိုဗစ္-၁၉ ကပ္ေဘးပထမလႈိင္းကာလမွ လက္ရွိအခ်ိန္ထိ ခီေမာင္ႏွံပရဟိတအဖြဲ႕ Free Cash Program for the Needy (FCPN) က လႉဒါန္းေငြက်ပ္သိန္း ၁,၁၆၀ ေက်ာ္ရရွိထားတယ္လို႔ သိရပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး

သ႐ုပ္ေဆာင္ ဇဏ္ခီကဒီဇင္ဘာ ၁ ရက္ကသူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚကတဆင့္ လႉဒါန္းမႈစာရင္းနဲ႔အတူ ခုလိုေရးသားမွ်ေဝထားခဲ့တာပါ။ “ဒီေန႔ အႀကိမ္ ၃၀ ေျမာက္ပို႔ျဖစ္တဲ့လူစာရင္းျဖစ္သလို FCPN Chat box မွာ

​ေလွ်ာက္ထားသမွ်သူေတြအကုန္ပဲျဖစ္ပါတယ္။ကိုဗစ္-၁၉ ပထမလႈိင္းျဖစ္ခ်ိန္မွ ယေန႔အခ်ိန္ထိ စုစုေပါင္းက်ပ္ ၁၁၆,၂၈၀,၀၀၀(သိန္းတစ္ေထာင့္တစ္ရာေျခာက္ဆယ့္ႏွစ္သိန္းနဲ႔ရွစ္ေသာင္း) လႉဒါန္းၿပီးျဖစ္ပါတယ္။ FCPN ကိုယ္စားဝမ္းသာပီတိ

ျဖစ္ရသလို ဒီအလႉႀကီးမွာ ဝင္ေရာက္လႉဒါန္းသူမ်ားအားလုံးကိုလည္း အထူးေက်းဇူးတင္ရွိပါတယ္”Free Cash Program for the Needy(FCPN) ပရဟိတအဖြဲ႔ကိုေတာ့ၿပီးခဲ့တဲ့ေမလတုန္းကဇဏ္ခီနဲ႔ ဇနီးျဖစ္သူဒါ႐ိုက္တာခရစၥတီးနားခီတို႔က

​ေငြက်ပ္သိန္း ၅၀ နဲ႔ မတည္ထားခဲ့တာျဖစ္ၿပီး ကိုဗစ္-၁၉ ေရာဂါကပ္ေဘးေၾကာင့္အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတဲ့လက္လုပ္လက္စား မေျပလည္သူေတြအတြက္ေထာက္ပံ့ကူညီႏိုင္မယ့္ အစီအစဥ္အေနနဲ႔စတင္ခဲ့တာ ျဖစ္ပါတယ္။

ဒီအစီအစဥ္မွာေငြေၾကး အကူအညီေတာင္းခံလိုသူေတြအေနနဲ႔အမည္၊ မွတ္ပုံတင္ အမွတ္၊ မွတ္ပုံတင္၊ ဒါမွမဟုတ္ ကားလိုင္စင္ကို ဓာတ္ပုံ႐ိုက္ ထားတဲ့ဓာတ္ပုံ၊ ​ေငြလႊဲေပးရမယ့္ ဖုန္းနံပါတ္ေတြကို FCPN ရဲ႕ေဖ့စ္ဘြတ္ခ္ကတဆင့္

ပို႔ေပး႐ုံနဲ႔Wave Pay နဲ႔ ေငြလႊဲေပးမယ္လို႔အဖြဲ႕ရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွာေၾကညာထားခဲ့တာ ျဖစ္ပါတယ္။ ေငြေၾကးပါဝင္လႉဒါန္းလိုတဲ့ အလႉရွင္ေတြအေနနဲ႔လည္း FCPN ရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကတဆင့္ဆက္သြယ္လႉဒါန္းႏိုင္မယ့္

လူပုဂၢိဳလ္နဲ႔ဘဏ္အေကာင့္ေတြကိုပါေဖာ္ျပထားၿပီးလႉဒါန္းႏိုင္ေၾကာင္းႏႈိးေဆာ္ထားခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့FCPN အေနနဲ႔ပရဟိတ အဖြဲ႔အစည္းေတြျဖစ္တဲ့ We Love Yangon၊ Clean Yangon၊ Braveheart Foundation၊ Y.W.C.A၊

ျမန္မာႏိုင္ငံ ကိုယ္အဂၤါမသန္စြမ္းအသင္း(မိတၳီလာ)၊ နယ္စည္းမျခားစာနာသူမ်ား We Love Yangon၊ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလး) စတဲ့အဖြဲ႔​ေတြကတဆင့္ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊

မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္းစတဲ့ေနရာအႏွံ႔က ေငြေၾကးအခက္အခဲဒုကၡေရာက္ေနသူေတြကိုေထာက္ပံ့ကူညီတာေတြ၊ စစ္ေျပးေရွာင္ေတြကို ေထာက္ပံ့ကူညီတာေတြ၊ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ ခ်က္ေဘာက္စ္ကတဆင့္ဆက္သြယ္ျပီး

​အကူအညီေတာင္းလာတဲ့ျပည္သူေတြကို ေထာက္ပံ့ကူညီခဲ့တာကို ေတြ႔ရပါတယ္။ လတ္တေလာမွာေတာ့ FCPN ရဲ႕ခ်က္ေဘာက္စ္ကို ျပန္မဖြင့္ျဖစ္ေတာ့ေပမယ့္ဝင္လာသမွ်အလႉေငြေတြကိုေတာ့ ေျမျပင္ေပၚမွာရွိတဲ့ လမ္းေၾကာင္းေတြမွာ

ဆက္လက္လႉဒါန္းသြားမွာျဖစ္ေၾကာင္းလည္း ဇဏ္ခီက အသိေပးထားခဲ့တာကို ေတြ႔ရပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ကိုဗစ်-၁၉ ကပ်ဘေးပထမလှိုင်းကာလမှ လက်ရှိအချိန်ထိ ခီမောင်နှံပရဟိတအဖွဲ့ Free Cash Program for the Needy (FCPN) က လှူဒါန်းငွေကျပ်သိန်း ၁,၁၆၀ ကျော်ရရှိထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး

သရုပ်ဆောင် ဇဏ်ခီကဒီဇင်ဘာ ၁ ရက်ကသူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် လှူဒါန်းမှုစာရင်းနဲ့အတူ ခုလိုရေးသားမျှဝေထားခဲ့တာပါ။ “ဒီနေ့ အကြိမ် ၃၀ မြောက်ပို့ဖြစ်တဲ့လူစာရင်းဖြစ်သလို FCPN Chat box မှာ

လျှောက်ထားသမျှသူတွေအကုန်ပဲဖြစ်ပါတယ်။ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်ချိန်မှ ယနေ့အချိန်ထိ စုစုပေါင်းကျပ် ၁၁၆,၂၈၀,၀၀၀(သိန်းတစ်ထောင့်တစ်ရာခြောက်ဆယ့်နှစ်သိန်းနဲ့ရှစ်သောင်း) လှူဒါန်းပြီးဖြစ်ပါတယ်။ FCPN ကိုယ်စားဝမ်းသာပီတိ

ဖြစ်ရသလို ဒီအလှူကြီးမှာ ဝင်ရောက်လှူဒါန်းသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်”Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့ကိုတော့ပြီးခဲ့တဲ့မေလတုန်းကဇဏ်ခီနဲ့ ဇနီးဖြစ်သူဒါရိုက်တာခရစ္စတီးနားခီတို့က

ငွေကျပ်သိန်း ၅၀ နဲ့ မတည်ထားခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့်အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့လက်လုပ်လက်စား မပြေလည်သူတွေအတွက်ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်အနေနဲ့စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့အမည်၊ မှတ်ပုံတင် အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက် ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေးရမယ့် ဖုန်းနံပါတ်တွေကို FCPN ရဲ့ဖေ့စ်ဘွတ်ခ်ကတဆင့်

ပို့ပေးရုံနဲ့Wave Pay နဲ့ ငွေလွှဲပေးမယ်လို့အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာကြေညာထားခဲ့တာ ဖြစ်ပါတယ်။ ငွေကြေးပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့လည်း FCPN ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့်ဆက်သွယ်လှူဒါန်းနိုင်မယ့်

လူပုဂ္ဂိုလ်နဲ့ဘဏ်အကောင့်တွေကိုပါဖော်ပြထားပြီးလှူဒါန်းနိုင်ကြောင်းနှိုးဆော်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့FCPN အနေနဲ့ပရဟိတ အဖွဲ့အစည်းတွေဖြစ်တဲ့ We Love Yangon၊ Clean Yangon၊ Braveheart Foundation၊ Y.W.C.A၊

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းအသင်း(မိတ္ထီလာ)၊ နယ်စည်းမခြားစာနာသူများ We Love Yangon၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) စတဲ့အဖွဲ့တွေကတဆင့်ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းစတဲ့နေရာအနှံ့က ငွေကြေးအခက်အခဲဒုက္ခရောက်နေသူတွေကိုထောက်ပံ့ကူညီတာတွေ၊ စစ်ပြေးရှောင်တွေကို ထောက်ပံ့ကူညီတာတွေ၊ဖေ့စ်ဘွတ်ခ်စာမျက်နှာ ချက်ဘောက်စ်ကတဆင့်ဆက်သွယ်ပြီး

အကူအညီတောင်းလာတဲ့ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ FCPN ရဲ့ချက်ဘောက်စ်ကို ပြန်မဖွင့်ဖြစ်တော့ပေမယ့်ဝင်လာသမျှအလှူငွေတွေကိုတော့ မြေပြင်ပေါ်မှာရှိတဲ့ လမ်းကြောင်းတွေမှာ

ဆက်လက်လှူဒါန်းသွားမှာဖြစ်ကြောင်းလည်း ဇဏ်ခီက အသိပေးထားခဲ့တာကို တွေ့ရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်