ျမန္မာႏုိင္​ငံမွထန္းေလၽွာ္ျဖင့္ ကမၻာ့ပထမဆုံးရက္လုပ္သည့္ ဗုဒၶ႐ုပ္ပြားေတာ္ႀကီးဟာ မၾကာခင္​ၿပီးစီး​ေတာ့မည္​ဟုသိရ

ျမန္မာႏိုင္ငံတြင္သာမက ကမာၻေပၚတြင္ပါ ပထမဆုံးျဖစ္ႏိုင္သည့္ထန္းေလွ်ာ္ျဖင့္ဗုဒၶ႐ုပ္ပြားေတာ္ကို ရက္လုပ္ေနကာ ၿပီးစီးလုအေျခအေနကို ေရာက္ေနၿပီျဖစ္ ေၾကာင္း အဆိုပါ႐ုပ္ပြားေတာ္ကို ရက္လုပ္ ပူေဇာ္ေနသူမ်ားထံက ဒီဇင္ဘာလ ၅ ရက္တြင္ သိရပါတယ္။ အဆိုပါ ႐ုပ္ပြားေတာ္ကို

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕ နယ္၊ ႐ြာတန္းရွည္ေက်း႐ြာ၊ တိုက္သစ္ ဘုန္းေတာ္ႀကီးေက်ာင္းဝန္းအတြင္း ထားရွိရက္လုပ္ေနျခင္းျဖစ္ကာ ေလာကမာရ ဇိန္ထန္းဘုရားႀကီးဟု ဘြဲ႕ေတာ္သတ္မွတ္ ထားၿပီး ဘုရား၏ ဉာဏ္ေတာ္မွာ ၂၇ ေပ ရွိကာပလႅင္ေတာ္ပါ ပါက ၃၄ ေပ

အျမင့္ရွိၿပီး ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာ အရွင္နႏၵမာလာဘိဝံသကို ေလွ်ာက္ထား ၾသဝါဒခံယူကာ တည္ထားျခင္းျဖစ္ ေၾကာင္း ေတာ္ဝင္ထန္းအဖြဲ႕၏ဥကၠ႒ ေဒၚပိုးျဖဴက ဒီဇင္ဘာလ ၅ ရက္တြင္ေျပာပါတယ္။ “႐ုပ္ပြားေတာ္မွာ ဆံေတာ္က သုံးလိုင္းေျမာက္ပဲက်န္ပါေတာ့တယ္။

အလႉက ထန္းေတာင္သူေတြပါတယ္။ နန္းေတြ ထိုးရတာကိုး။ ႐ြာသူ႐ြာသားေတြပါတယ္။ ထန္းပင္ အလႉရွင္ေတြလည္းပါတယ္။ ထိန္းသိမ္းထားတဲ့ထန္းပင္ေတြက ထန္းလက္ေတြကို အန္တီတို႔က ခုတ္တယ္။ ထန္းလက္ေတြကိုယူၿပီးေတာ့ အန္တီတို႔ကထိုးတာေပါ့ေနာ္။ ထန္းေတာင္သူေတြ

အကုန္လုံးလည္းပါတယ္။ ဒီထန္းပင္ေတြကို အုပ္စုလိုက္ခုတ္ေနတဲ့အခ်ိန္ ႀကိဳး စည္းထားတဲ့အပင္ေတြကို အန္တီတို႔က ဝယ္ၿပီး သိမ္းလိုက္တာကို။ အဲဒီအပင္က ထန္းလက္ေတြကယူၿပီးေတာ့ ဘုရားကိို ထိုးတာေပါ့” ဟု အဆိုပါဘုရားတြင္ ကိုယ္တိုင္နန္းထိုး၍လည္း ကုသိုလ္ယူခဲ့သူ

၎ကဆိုပါတယ္။ ႐ုပ္ပြားေတာ္သည္ အဆိုပါအရပ္ေဒသတြင္ရွိေသာ ထန္းေတာင္သူမ်ားကို ကိုယ္စားျပဳထားသကဲ့သို႔ သဘာဝပတ္ ဝန္းက်င္ ထိန္းသိမ္းကာကြယ္ေရးအ တြက္ ဝယ္ထားလိုက္ေသာ ထန္းပင္မ်ား က ထြက္ကုန္ပစၥည္းမ်ားကို သုံးထားျခင္း ျဖစ္ေၾကာင္း ၎ကဆိုပါတယ္။

“ဒီဆင္းတုေတာ္သည္ အဓိပၸာယ္ ေတြအမ်ားႀကီးကို ယူလာတာေပါ့ေနာ္။ သဘာဝထိန္းသိမ္းတယ္။ ေနာက္တစ္ခါ ထန္းေတာင္သူေတြအားလုံးရဲ႕အလႉေတြပါသလို သင္တန္းလုပ္ေပးတယ္။ သင္တန္းသူေတြရက္တတ္လာတယ္။ အန္တီ ထင္ပါတယ္။ ေနာက္ထပ္ ဘုရားတစ္ဆူကိုထပ္ၿပီး

ရက္လုပ္ဖို႔ဆိုတာ အင္မတန္ခက္ခဲ ပါတယ္။ ဘာလို႔လဲဆိုရင္ အားလုံးကို လက္ခ်ည္းပဲေလ။ ထန္းေလွ်ာ္ကို ခုတ္ရတာလည္း လက္နဲ႔ခုတ္ရသလို ေလွ်ာ္သပ္ရတာလည္း ထန္းေတာင္သူေတြက အရမ္းထက္တဲ့ဓားနဲ႔သပ္ေပးရတယ္” ဟု ေဒၚပိုးျဖဴက ေျပာပါတယ္။

တိုက္သစ္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ေရွးေဟာင္းဆင္းတုေတာ္ ၂၅ ဆူ လည္းတည္ရွိေနကာ အဆိုပါဘုရားသည္ ခရီးသြားမ်ားအတြက္ စိတ္ဝင္စားဖြယ္ေန ရာတစ္ခုလည္း ျဖစ္သြားမည္ျဖစ္ေၾကာင္း ၎ကဆိုပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်ပါ ပထမဆုံးဖြစ်နိုင်သည့်ထန်းလျှော်ဖြင့်ဗုဒ္ဓရုပ်ပွားတော်ကို ရက်လုပ်နေကာ ပြီးစီးလုအခြေအနေကို ရောက်နေပြီဖြစ် ကြောင်း အဆိုပါရုပ်ပွားတော်ကို ရက်လုပ် ပူဇော်နေသူများထံက ဒီဇင်ဘာလ ၅ ရက်တွင် သိရပါတယ်။ အဆိုပါ ရုပ်ပွားတော်ကို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ နယ်၊ ရွာတန်းရှည်ကျေးရွာ၊ တိုက်သစ် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ထားရှိရက်လုပ်နေခြင်းဖြစ်ကာ လောကမာရ ဇိန်ထန်းဘုရားကြီးဟု ဘွဲ့တော်သတ်မှတ် ထားပြီး ဘုရား၏ ဉာဏ်တော်မှာ ၂၇ ပေ ရှိကာပလ္လင်တော်ပါ ပါက ၃၄ ပေ

အမြင့်ရှိပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသကို လျှောက်ထား သြဝါဒခံယူကာ တည်ထားခြင်းဖြစ် ကြောင်း တော်ဝင်ထန်းအဖွဲ့၏ဥက္ကဋ္ဌ ဒေါ်ပိုးဖြူက ဒီဇင်ဘာလ ၅ ရက်တွင်ပြောပါတယ်။ “ရုပ်ပွားတော်မှာ ဆံတော်က သုံးလိုင်းမြောက်ပဲကျန်ပါတော့တယ်။

အလှူက ထန်းတောင်သူတွေပါတယ်။ နန်းတွေ ထိုးရတာကိုး။ ရွာသူရွာသားတွေပါတယ်။ ထန်းပင် အလှူရှင်တွေလည်းပါတယ်။ ထိန်းသိမ်းထားတဲ့ထန်းပင်တွေက ထန်းလက်တွေကို အန်တီတို့က ခုတ်တယ်။ ထန်းလက်တွေကိုယူပြီးတော့ အန်တီတို့ကထိုးတာပေါ့နော်။ ထန်းတောင်သူတွေ

အကုန်လုံးလည်းပါတယ်။ ဒီထန်းပင်တွေကို အုပ်စုလိုက်ခုတ်နေတဲ့အချိန် ကြိုး စည်းထားတဲ့အပင်တွေကို အန်တီတို့က ဝယ်ပြီး သိမ်းလိုက်တာကို။ အဲဒီအပင်က ထန်းလက်တွေကယူပြီးတော့ ဘုရားကို ထိုးတာပေါ့” ဟု အဆိုပါဘုရားတွင် ကိုယ်တိုင်နန်းထိုး၍လည်း ကုသိုလ်ယူခဲ့သူ

၎င်းကဆိုပါတယ်။ ရုပ်ပွားတော်သည် အဆိုပါအရပ်ဒေသတွင်ရှိသော ထန်းတောင်သူများကို ကိုယ်စားပြုထားသကဲ့သို့ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအ တွက် ဝယ်ထားလိုက်သော ထန်းပင်များ က ထွက်ကုန်ပစ္စည်းများကို သုံးထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုပါတယ်။

“ဒီဆင်းတုတော်သည် အဓိပ္ပာယ် တွေအများကြီးကို ယူလာတာပေါ့နော်။ သဘာဝထိန်းသိမ်းတယ်။ နောက်တစ်ခါ ထန်းတောင်သူတွေအားလုံးရဲ့အလှူတွေပါသလို သင်တန်းလုပ်ပေးတယ်။ သင်တန်းသူတွေရက်တတ်လာတယ်။ အန်တီ ထင်ပါတယ်။ နောက်ထပ် ဘုရားတစ်ဆူကိုထပ်ပြီး

ရက်လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲ ပါတယ်။ ဘာလို့လဲဆိုရင် အားလုံးကို လက်ချည်းပဲလေ။ ထန်းလျှော်ကို ခုတ်ရတာလည်း လက်နဲ့ခုတ်ရသလို လျှော်သပ်ရတာလည်း ထန်းတောင်သူတွေက အရမ်းထက်တဲ့ဓားနဲ့သပ်ပေးရတယ်” ဟု ဒေါ်ပိုးဖြူက ပြောပါတယ်။

တိုက်သစ်ဘုန်းတော်ကြီးကျောင်းတွင် ရှေးဟောင်းဆင်းတုတော် ၂၅ ဆူ လည်းတည်ရှိနေကာ အဆိုပါဘုရားသည် ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်နေ ရာတစ်ခုလည်း ဖြစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်