မြို့ပြနဲ့ဝေးကာစိုက်ခင်းတွေနဲ့ပဲ ​အေးချမ်းသာယာလွန်းတဲ့ရွာလေးမှာ မိခင်ကြီးနဲ့အတူ လွတ်လပ်စွာပျော်ရွှင်နေတဲ့ ဆိုတေး
ယူနီကုဒ်ဖြင့် ဖတ်ရန်
တေးရေး၊တေးဆိုတစ်ဦးဖြစ်တဲ့ အဆိုတော်ဆိုတေးကတော့ “မီးအိမ်ရှင်” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာ စတင်နေရာယူခဲ့တာ ဖြစ်ပါတယ်။ အသံချိုချိုအေးအေးလေးကို ပိုင်ဆိုင်ထားတဲ့ ဆိုတေးကအချစ်သီချင်းတွေနဲ့
အလွမ်းသီချင်းကောင်းလေးတွေကို ဖန်တီးတဲ့နေရာမှာ အင်မတန်ထူးချွန်သူ ဖြစ်ပါတယ်။ ဆိုတေးက တစ်ကိုယ်တော်အခွေသာမက သီချင်းကောင်းတွေအများအပြားထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်ပရိသတ်တွေရဲ့အားပေးမှုကိုလည်း
အပြတ်အသတ်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုချိန်အထိလည်း ဆိုတေးက သူဝါသနာပါတဲ့အလုပ်ကိုသာ အားစိုက်လုပ်ကိုင်ရင်း သီချင်းတွေဆက်လက် ဖန်တီးနေတာ ဖြစ်ပါတယ်။ ဆိုတေးရဲ့ဂီတလှုပ်ရှားမှုတွေနဲ့သီချင်းသစ်တွေကိုတော့
သူ့ရဲ့ပရိသတ်တွေက အမြဲစောင့်ကြည့်ပြီး အားပေးဝန်းရံနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆိုတေးတစ်ယောက် သူချစ်ရတဲ့မိခင်ကြီးနဲ့အတူ သာယာတဲ့နေရာလေးတစ်ခုမှာ ပျော်ပျော်ပါးပါး အနားယူနေတာ ဖြစ်ပါတယ်။ ဆိုတေးက
“မြို့ပြနဲ့ဝေးရာ သာယာသောနေရာလေးဆီသို့” ဆိုပြီး စိမ်းစိုလှပတဲ့သဘာဝရှုခင်းနဲ့ အေးချမ်းတဲ့ရွာလေးမှာပျော်နေတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဆိုတေးကတော့ရွာအနှံ့လျှောက်လည်ရင်းစိုက်ခင်းတွေ၊ သီးပင်စားပင်တွေနဲ့
ဓာတ်ပုံရိုက်ကာပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက်အဆိုတော်ဆိုတေးတို့သားအမိနှစ်ယောက်ရဲ့အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်