အဆိုေတာ္ႀကီးစိုင္းထီးဆိုင္ သီခ်င္းတခ်ိဳ႕ရဲ႕ေနာက္ကြယ္က လူမသိၾက​ေသးတဲ့နိုင္ငံေရး အဓိပၸာယ္မ်ားအ​ေၾကာင္​း

အဆိုေတာ္ စိုင္းထီးဆိုင္ သီဆိုခဲ့တဲ့ သီခ်င္းတခ်ိဳ႕ရဲ႕ ေနာက္ကြယ္က လူမသိေသးတဲ့ အဓိပၸာယ္မ်ားဖန္တရာေတေအာင္ နားေထာင္ခဲ့ဖူးတဲ့ တစ္ခ်ိဳ႕ သီခ်င္းေလးေတြက ကိုယ္ထင္သလို ခ်စ္တာ ေမတၱာအေၾကာင္းေတြမဟုတ္ဘူးတဲ့။ တိုင္းေရးျပည္ေရးအၾကပ္အတည္းေတြ

ၾကားထဲမွာလူထုရဲ႕ခံစားခ်က္ေလးေတြကို ကိုယ္စားျပဳ ေမြးဖြားလာတဲ့သီခ်င္းေလးေတြျဖစ္ပါသတဲ့၊ မေန႔ကမွ ဂ႐ုတစ္ခုမွာအစ္ကိုတစ္ေယာက္ ေျပာျပလို႔ သိရတာဆရာစိုင္းခမ္းလိတ္ေရးဖြဲ႔ခဲ့တဲ့ ဦးထီးရဲ႕ ေမၿမိဳ႕မိုး သီခ်င္းဟာေတာင္ေပၚၿမိဳ႕ေလး ျပင္ဦးလြင္ကိုမဆီမဆိုင္မႏၲေလးတိုင္းထဲ

ထည့္ခဲ့လို႔ ဆိုခဲ့တဲ့သီခ်င္းေလးပါတဲ့၊ သံလြင္ေခ်ာင္းျခားဆိုတဲ့ သီခ်င္းေလးက ျမစ္ဟိုဘက္ကမ္း ဒီဘက္ကမ္းမွာတပ္စြဲထားတဲ့ျမန္မာစစ္တပ္နဲ႔ ဗမာျပည္ကြန္ျမဴနစ္ပါတီ တို႔ရဲ႕အာဃာတကို ေရးဖြဲ႕ခဲ့တာပါတဲ့ ရွိေသးတယ္။ ကိုယ္တစ္ေယာက္ ထဲေၾကာင့္ေတာ့မဟုတ္ဘူးဆိုတာေခါင္မလုံရင္

စိုမွာပဲ အစိုးရမေကာင္းရင္ ကိုယ္ဘယ္ေလာက္လုပ္လုပ္ အရာမထင္ဘူးလို႔ ႐ြဲ႕ဆိုခဲ့တာပါ၊ ဟိုးဘက္ေခတ္က ျမန္မာႏိုင္ငံအႏွံ႔အျပားကို မီးေပးတာက ေလာပိတေရအားလွ်ပ္စစ္စက္႐ုံႀကီးေပါ့၊ ေလာပိတေရတံခြန္ႀကီးရွိေနတဲ့ ကယားျပည္နယ္ေလးကေတာ့ေမွာင္လို႔မဲလို႔ေပါ့ေလ

အဲ့ဒီ့မွာ ရန္ကုန္မွာ သာတဲ့လ ဆိုတဲ့သီခ်င္းေလး ျဖစ္လာရတာပါပဲ.သိပ္ၿပီး ပညာသားပါတဲ့ သီခ်င္းေလး ရွိေသးတယ္။ က်ေနာ္တို႔သိထားတဲ့ ဘီးနံပါတ္ OK 0122L ဆိုတဲ့ အေပါင္ဆုံး စက္ဘီးေလးအေၾကာင္းေလမင္းသခင္မေလး ချမာေလသိပ္ကိုစြဲလမ္းရွာေနျပန္ေ႐ြးလို႔ရခဲ့ရင္ ျပန္ေ႐ြးလို႔

ေပးလိုက္ခ်င္တယ္တဲ့။ ဘီးနံပါတ္ OK 0122Lဆိုတာ ေဖေဖာ္ဝါရီ 12 ျပည္ေထာင္စုေန႔က ခ်ဳပ္ဆိုခဲ့တဲ့ ပင္လုံစာခ်ဳပ္မွာ သေဘာတူခဲ့တဲ့ ဖက္ဒရယ္မူကို ရည္႐ြယ္ပါသတဲ့၊ လြတ္လပ္ေရးရၿပီးရင္ေပးမယ္ဆိုတဲ့ သူတို႔ရပိုင္ခြင့္ရွိတဲ့ဖက္ဒရယ္ေလးကို ျပန္လိုခ်င္ပါတယ္လို႔ဆိုလိုတာ

OK သေဘာတူညီခ်က္ စာခ်ဳပ္ 0 (သုည) ဆုံးရႈံးတာ မရလိုက္တာ 12 ေန႔စြဲ 2 လ L Law ဥပေဒကို ရည္ၫႊန္းပါသတဲ့ဒီအဓိပၸာယ္ေလးကို သိမွ ဒီသီခ်င္းေလး ျပန္နားေထာင္တဲ့အခါရွမ္းေတြရဲ႕ ခံစားခ်က္ကိုပိုၿပီး နားလည္လာရပါတယ္။ ဂီတအႏုပညာဆိုတာဒါပါလားဒီသီခ်င္းေတြေရးခဲ့တဲ့

ဆရာစိုင္းခမ္းလိတ္ရဲ႕ အေျမာ္အျမင္ႀကီးမႈ ဖန္တီးႏိုင္မႈဟာ ေလးစားစရာ။သီခ်င္းမဟုတ္ေတာ့တဲ့ သီခ်င္းေတြပါပဲ ကိုယ့္ဉာဏ္နဲ႔ကိုယ္ဆို ဘယ္လိုမွသိႏိုင္မွာမဟုတ္ဘူး၊ ေျပာျပတဲ့ အစ္ကိုကိုလဲ တကယ္ေက်းဇူးတင္ပါတယ္ဗ်ာ။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

အဆိုတော် စိုင်းထီးဆိုင် သီဆိုခဲ့တဲ့ သီချင်းတချို့ရဲ့ နောက်ကွယ်က လူမသိသေးတဲ့ အဓိပ္ပာယ်များဖန်တရာတေအောင် နားထောင်ခဲ့ဖူးတဲ့ တစ်ချို့ သီချင်းလေးတွေက ကိုယ်ထင်သလို ချစ်တာ မေတ္တာအကြောင်းတွေမဟုတ်ဘူးတဲ့။ တိုင်းရေးပြည်ရေးအကြပ်အတည်းတွေ

ကြားထဲမှာလူထုရဲ့ခံစားချက်လေးတွေကို ကိုယ်စားပြု မွေးဖွားလာတဲ့သီချင်းလေးတွေဖြစ်ပါသတဲ့၊ မနေ့ကမှ ဂရုတစ်ခုမှာအစ်ကိုတစ်ယောက် ပြောပြလို့ သိရတာဆရာစိုင်းခမ်းလိတ်ရေးဖွဲ့ခဲ့တဲ့ ဦးထီးရဲ့ မေမြို့မိုး သီချင်းဟာတောင်ပေါ်မြို့လေး ပြင်ဦးလွင်ကိုမဆီမဆိုင်မန္တလေးတိုင်းထဲ

ထည့်ခဲ့လို့ ဆိုခဲ့တဲ့သီချင်းလေးပါတဲ့၊ သံလွင်ချောင်းခြားဆိုတဲ့ သီချင်းလေးက မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာတပ်စွဲထားတဲ့မြန်မာစစ်တပ်နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ တို့ရဲ့အာဃာတကို ရေးဖွဲ့ခဲ့တာပါတဲ့ ရှိသေးတယ်။ ကိုယ်တစ်ယောက် ထဲကြောင့်တော့မဟုတ်ဘူးဆိုတာခေါင်မလုံရင်

စိုမှာပဲ အစိုးရမကောင်းရင် ကိုယ်ဘယ်လောက်လုပ်လုပ် အရာမထင်ဘူးလို့ ရွဲ့ဆိုခဲ့တာပါ၊ ဟိုးဘက်ခေတ်က မြန်မာနိုင်ငံအနှံ့အပြားကို မီးပေးတာက လောပိတရေအားလျှပ်စစ်စက်ရုံကြီးပေါ့၊ လောပိတရေတံခွန်ကြီးရှိနေတဲ့ ကယားပြည်နယ်လေးကတော့မှောင်လို့မဲလို့ပေါ့လေ

အဲ့ဒီ့မှာ ရန်ကုန်မှာ သာတဲ့လ ဆိုတဲ့သီချင်းလေး ဖြစ်လာရတာပါပဲ.သိပ်ပြီး ပညာသားပါတဲ့ သီချင်းလေး ရှိသေးတယ်။ ကျနော်တို့သိထားတဲ့ ဘီးနံပါတ် OK 0122L ဆိုတဲ့ အပေါင်ဆုံး စက်ဘီးလေးအကြောင်းလေမင်းသခင်မလေး ခမြာလေသိပ်ကိုစွဲလမ်းရှာနေပြန်ရွေးလို့ရခဲ့ရင် ပြန်ရွေးလို့

ပေးလိုက်ချင်တယ်တဲ့။ ဘီးနံပါတ် OK 0122Lဆိုတာ ဖေဖော်ဝါရီ 12 ပြည်ထောင်စုနေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မူကို ရည်ရွယ်ပါသတဲ့၊ လွတ်လပ်ရေးရပြီးရင်ပေးမယ်ဆိုတဲ့ သူတို့ရပိုင်ခွင့်ရှိတဲ့ဖက်ဒရယ်လေးကို ပြန်လိုချင်ပါတယ်လို့ဆိုလိုတာ

OK သဘောတူညီချက် စာချုပ် 0 (သုည) ဆုံးရှုံးတာ မရလိုက်တာ 12 နေ့စွဲ 2 လ L Law ဥပဒေကို ရည်ညွှန်းပါသတဲ့ဒီအဓိပ္ပာယ်လေးကို သိမှ ဒီသီချင်းလေး ပြန်နားထောင်တဲ့အခါရှမ်းတွေရဲ့ ခံစားချက်ကိုပိုပြီး နားလည်လာရပါတယ်။ ဂီတအနုပညာဆိုတာဒါပါလားဒီသီချင်းတွေရေးခဲ့တဲ့

ဆရာစိုင်းခမ်းလိတ်ရဲ့ အမြော်အမြင်ကြီးမှု ဖန်တီးနိုင်မှုဟာ လေးစားစရာ။သီချင်းမဟုတ်တော့တဲ့ သီချင်းတွေပါပဲ ကိုယ့်ဉာဏ်နဲ့ကိုယ်ဆို ဘယ်လိုမှသိနိုင်မှာမဟုတ်ဘူး၊ ပြောပြတဲ့ အစ်ကိုကိုလဲ တကယ်ကျေးဇူးတင်ပါတယ်ဗျာ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်