ကွယ်လွန်သွားတာကြာပြီဖြစ်​​သော သူငယ်ချင်း “ရှက်တယ်” နဲ့ပတ်သတ်ပြီး​တော့ ထူးခြားဖြစ်စဉ်တစ်ခုကို ပြောပြလာတဲ့ လန်ဒန်ရဲ့ (ရုပ်​သံ)
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လူရွှင်တော် လန်ဒန်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူကတော့ ပရိသတ်တွေရဲ့
ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပါယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ လန်ဒန်ကကွယ်လွန်သွားတဲ့ သူငယ်ချင်း “ရှက်တယ်” နဲ့ ပတ်သတ်ပြီး ထူးခြားဖြစ်စဉ်တစ်ခုကို ပြောပြလာခဲ့တာဖြစ်ပါတယ်ရှက်တယ်ကို လုံးဝစွဲလမ်းခြင်းမရှိပဲနဲ့သူသေတာ ၆ နှစ်ကျော်ပြီ
တခါမှ အိပ်မက်မက်ပဲနဲ့ ၄ ကြိမ်ဆက်တိုက် အိမ်မက်တစ်ခုထဲကို အိပ်မက်မက်ခဲ့တယ် ဆံချတဲ့အချိန်တစ်ခါ သတိထားကြည့်မိတယ် ဖြန်းခနဲဆို ကြက်သီးထသွားတာ နောက်မှာရောက်နေသလိုမျိုး ကျွန်တော်အဲ့ဒီမှာမေတ္တာပို့တယ်သူငယ်ချင်းချမ်းသာပါစေကျန်းမာပါစေမေတ္တာပို့ပေးတယ်။
ကျွန်တော် သင်္ဃန်းလည်းစီးပြီးရော သူ့နာမည်အရင်းက လင်းခမ်းရာလေ လင်းခမ်းရာ(ခ) ရှက်တယ်ပေါ့ အဲ့လိုနာမည်အပြည့်အစုံခေါ်ပြီးတော့မှရှက်တယ်ကို မြင်ပါစေ ကြားပါစေဆိုပြီးတော့ သာဓုခေါ်ပေးတယ် အဲ့ဒီညကစပြီး အိပ်မက်ပေးတာတွေ မရှိတော့ဘူးအိပ်မက်လည်းမလာတော့ဘူး။
ကျွန်တော်နဲ့သူနဲ့ကဇာတ်ထဲမှာတခြင်ထောင်တည်း အိပ်တဲ့အထိအရမ်းချစ်ခဲ့ကြတာ ကျွန်တော့ အမနဲ့ အိမ်ထောင်ကွဲတော့လည်း သူနဲ့ကျွန်တော် အခင်အမင်မပျက်ဘူး ညီအကို သူငယ်ချင်းယောက်ဖလို့ ပြောရင်လည်းမမှားဘူး ဦးမန်းဝင်းဇာတ်ထဲမှာလည်း နှစ်ယောက်အတူတူပဲ။
သူကကျွန်တော့ထက်နှစ်ကြီးတယ် အနုပညာသက်ပေါ့နော် ကျွန်တော်ကအဲ့ဒီတုန်းက လုပ်နေရင်းကြားထဲမှာကို နှစ်နှစ်လောက်ကင်းကွာသွားသေးတယ် နောက်ပိုင်း ပြန်လာပြီးတော့ ပြန်လာပြီးမှ မလုပ်တော့ဘူးဆိုပြီးတော့ ဒီတိုင်းနေလိုက်တာ သူပြန်တိုက်တွန်းလို့အနုပညာလောကထဲ
ပန်ရောက်ပြီးတော့ ခုထိလုပ်ဖြစ်တာပါ” လို့ဆိုလာခဲ့တာဖြစ်ပါတယ်လန်ဒန်ကတော့ ကွယ်လွန်သွားတဲ့ သူငယ်ချင်း “ရှက်တယ်” နဲ့ ပတ်သတ်တဲ့ ထူးခြားဖြစ်စဉ်လေးကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ် ရှက်တယ်တစ်ယောက်ကောင်းရာမွန်ရာ
ရောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်