မွတ္ဉာဏ္ဆုံးရႈံးၿပီး(၁၅)ႏွစ္ၾကာေလွ်ာက္သြားေနတဲ့ မိခင္ႀကီးကမွတ္ဉာဏ္မ်ားျပန္ရရွိခဲ့ၿပီး သားနဲ႔ျပန္လည္​​ေတြ႔ဆုံခဲ့

အိႏၵိယနိုင္ငံ ေဒလီၿမိဳ႕မွာေနထိုင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ (၁၅)ႏွစ္ၾကာ မွတ္ဉာဏ္ဆုံးရႈံးေနရာမွ အေကာင္းပကတိအတိုင္း ျပန္ျဖစ္လာခဲ့ၿပီး၊ ကြဲကြာေနတဲ့ မိသားစုနဲ႕ ျပန္လည္ဆုံစည္းနိုင္ခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါ အမိ်ဳးသမီးႀကီးဟာ Schizophrenia ဆိုတဲ့စိတ္ကဆင့္ကလ်ား

ေရာဂါကို ခံစားခဲ့ရတာပါ။ သူမဟာေခတ္ပညာတတ္အသိုင္းအဝိုင္းမွ ျဖစ္ၿပီး၊ ရာဇဝတ္ေရွ႕ေနအျဖစ္ အသက္ေမြးဝမ္းေၾကာင္း ျပဳပါတယ္။ ခင္ပြန္းနဲ႕ သားတစ္ေယာက္ ထြန္းကားခဲ့ၿပီး၊ လုပ္ငန္းတာဝန္အရ (၂၀၀၄)ခုႏွစ္ေလာက္ကတည္းက မိသားစုကို ကာလကတၱားမွာထားရစ္ၿပီး၊

အလုပ္လုပ္ရပါတယ္။ သူမရဲ႕အမည္ကေတာ့ Rama Devi Chowdhar ျဖစ္ပါတယ္။ သူမဟာ တစ္နယ္တစ္ေက်းမွာ အလုပ္လုပ္ရင္းခင္ပြန္းျဖစ္သူနဲ႔ ပိုၿပီး သေဘာထားကြဲလြဲမႈေတြ ျဖစ္လာခဲ့ကာ ေနာက္ဆုံးေတာ့အဆက္အသြယ္မရွိေတာ့ပါဘူး။ ဒါကလည္းအဲဒီတုန္းကတည္းက

အေျခတည္ေနတဲ့ Schizophrenia ရဲ႕အက်ိဳးဆက္ျဖစ္ၿပီး၊ ေဒလီကိုေရာက္လို႔ေနာက္တစ္ႏွစ္မွာ မွတ္ ဉာဏ္ေတြ ဆုံးရႈံးကုန္တဲ့အတြက္ သားနဲ႔ခင္ပြန္းနာမည္ေတြကိုေဖာ္မရေတာ့ပါဘူး။ ဒီလိုနဲ႔ သူမဟာ Institute of Human Behaviour and Allied Sciences မွာ၉လၾကာေဆးကုသမႈခံခဲ့ပါတယ္။

ဒီမတိုင္ခင္ (၇)ႏွစ္ေလာက္ကတည္းက သူမဟာ လုပ္ငန္းခြင္ေတြမွာ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြျဖစ္၊ စိတ္ဖိအားေတြ ခံစားခဲ့ရကာ အဲဒီကတည္းက Schizophrenia က ဒုကၡေပးေနပါၿပီ။ ေနာက္ေတာ့ သူမဟာေနတဲ့အိမ္သြားေလ့သြားထရွိတဲ့ေနရာေတြကိုေတာင္ မမွတ္မိေတာ့ဘဲ

ေျခသလုံးအိမ္တိုင္ဘဝကို ေရာက္သြားပါတယ္။ ကံေကာင္းေထာက္မစြာပဲဇြန္လရဲ႕တစ္ခုေသာညမွာ အိပ္ေနရင္း သူမ႐ုတ္တရက္ လန႔္နိုးၿပီး သားျဖစ္သူရဲနာမည္ Mitrajit Chowdhary ကို ေဖာ္နိုင္ခဲ့ပါတယ္။ သားျဖစ္သူကလည္း မိခင္ကို ေတြ႕လိုေဇာနဲ႔ ေဒလီအထိတက္ၿပီးရွာေဖြမႈေတြ

ျပဳလုပ္ခဲ့ေသာ္လည္း ေငြကုန္တာပဲအဖက္တင္ခဲ့တာပါ။ ေနာက္ဆုံးေတာ့ မိခင္ Devi ဟာ Rahab Center for Hope ေဖာင္ေဒးရွင္းရဲ႕ အကူအညီေပးမႈနဲ႔အတူ မွတ္ဉာဏ္ေတြနဲ႔အတူ သားေပ်ာက္ကို ရွာခဲ့ပါတယ္။ သူမဟာ Facebook ေကာင္းေကာင္း သုံးတတ္ခ်ိန္မွာ သားအမည္ကိုရိုက္ရွာရာ

တိုက္တိုက္ဆိုင္ဆိုင္ ေတြ႕ရွိခဲ့ပါတယ္။ ဒီလိုနဲ႕ မက္ေဆ့ပို႔ ဆက္သြယ္ခ်ိန္မွာေတာ့ သူမရဲ႕သား ျဖစ္ေနတာကို တိုက္ဆိုင္စြာ ေတြ႔ခဲ့ရတာပါ။ အခုေတာ့ သူတို႔သားအမိေတြ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျပန္ဆုံေနၾကပါၿပီ။ သားျဖစ္သူကလည္း

အေမငတ္ေနသူပီပီ မိခင္ႀကီးကို ခ်စ္မဝ ျဖစ္ေနရွာပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္ လင္းေဇာ္ကို

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

အိန္ဒိယနိုင်ငံ ဒေလီမြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ (၁၅)နှစ်ကြာ မှတ်ဉာဏ်ဆုံးရှုံးနေရာမှ အကောင်းပကတိအတိုင်း ပြန်ဖြစ်လာခဲ့ပြီး၊ ကွဲကွာနေတဲ့ မိသားစုနဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီးကြီးဟာ Schizophrenia ဆိုတဲ့စိတ်ကဆင့်ကလျား

ရောဂါကို ခံစားခဲ့ရတာပါ။ သူမဟာခေတ်ပညာတတ်အသိုင်းအဝိုင်းမှ ဖြစ်ပြီး၊ ရာဇဝတ်ရှေ့နေအဖြစ် အသက်မွေးဝမ်းကြောင်း ပြုပါတယ်။ ခင်ပွန်းနဲ့ သားတစ်ယောက် ထွန်းကားခဲ့ပြီး၊ လုပ်ငန်းတာဝန်အရ (၂၀၀၄)ခုနှစ်လောက်ကတည်းက မိသားစုကို ကာလကတ္တားမှာထားရစ်ပြီး၊

အလုပ်လုပ်ရပါတယ်။ သူမရဲ့အမည်ကတော့ Rama Devi Chowdhar ဖြစ်ပါတယ်။ သူမဟာ တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်ရင်းခင်ပွန်းဖြစ်သူနဲ့ ပိုပြီး သဘောထားကွဲလွဲမှုတွေ ဖြစ်လာခဲ့ကာ နောက်ဆုံးတော့အဆက်အသွယ်မရှိတော့ပါဘူး။ ဒါကလည်းအဲဒီတုန်းကတည်းက

အခြေတည်နေတဲ့ Schizophrenia ရဲ့အကျိုးဆက်ဖြစ်ပြီး၊ ဒေလီကိုရောက်လို့နောက်တစ်နှစ်မှာ မှတ် ဉာဏ်တွေ ဆုံးရှုံးကုန်တဲ့အတွက် သားနဲ့ခင်ပွန်းနာမည်တွေကိုဖော်မရတော့ပါဘူး။ ဒီလိုနဲ့ သူမဟာ Institute of Human Behaviour and Allied Sciences မှာ၉လကြာဆေးကုသမှုခံခဲ့ပါတယ်။

ဒီမတိုင်ခင် (၇)နှစ်လောက်ကတည်းက သူမဟာ လုပ်ငန်းခွင်တွေမှာ အလွဲလွဲအချော်ချော်တွေဖြစ်၊ စိတ်ဖိအားတွေ ခံစားခဲ့ရကာ အဲဒီကတည်းက Schizophrenia က ဒုက္ခပေးနေပါပြီ။ နောက်တော့ သူမဟာနေတဲ့အိမ်သွားလေ့သွားထရှိတဲ့နေရာတွေကိုတောင် မမှတ်မိတော့ဘဲ

ခြေသလုံးအိမ်တိုင်ဘဝကို ရောက်သွားပါတယ်။ ကံကောင်းထောက်မစွာပဲဇွန်လရဲ့တစ်ခုသောညမှာ အိပ်နေရင်း သူမရုတ်တရက် လန့်နိုးပြီး သားဖြစ်သူရဲနာမည် Mitrajit Chowdhary ကို ဖော်နိုင်ခဲ့ပါတယ်။ သားဖြစ်သူကလည်း မိခင်ကို တွေ့လိုဇောနဲ့ ဒေလီအထိတက်ပြီးရှာဖွေမှုတွေ

ပြုလုပ်ခဲ့သော်လည်း ငွေကုန်တာပဲအဖက်တင်ခဲ့တာပါ။ နောက်ဆုံးတော့ မိခင် Devi ဟာ Rahab Center for Hope ဖောင်ဒေးရှင်းရဲ့ အကူအညီပေးမှုနဲ့အတူ မှတ်ဉာဏ်တွေနဲ့အတူ သားပျောက်ကို ရှာခဲ့ပါတယ်။ သူမဟာ Facebook ကောင်းကောင်း သုံးတတ်ချိန်မှာ သားအမည်ကိုရိုက်ရှာရာ

တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ မက်ဆေ့ပို့ ဆက်သွယ်ချိန်မှာတော့ သူမရဲ့သား ဖြစ်နေတာကို တိုက်ဆိုင်စွာ တွေ့ခဲ့ရတာပါ။ အခုတော့ သူတို့သားအမိတွေ ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံနေကြပါပြီ။ သားဖြစ်သူကလည်း

အမေငတ်နေသူပီပီ မိခင်ကြီးကို ချစ်မဝ ဖြစ်နေရှာပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် လင်းဇော်ကို