ထူးဆန္းမွုေတြနဲ႔ျပည့္ႏွက္ေနတဲ့ မေသဆုံးနိုင္တဲ့ေဒသ (သုိ႔) ပုံျပင္​ဒ႑ာရီထဲမွာပါ​ေသာ ရွန္ဂရီလာအ​ေၾကာင္​း

ရွန္ဂရီလာ (သို့) ရွန္ဘဲလားေဒသဟာ စိတ္ကူးနယ္ေျမ တစ္ခုျဖစ္ၿပီး ဒီနာမည္ကို ၁၉၉၃ ခုႏွစ္တြင္ ထုတ္ေဝခဲ့တဲ့စာေရးဆရာ ဂ်ိန္းဟီလ္တန္ (James Hilton) ရဲ့ စာအုပ္မွာ စတင္ေခၚဆို ခဲ့ျခင္းျဖစ္ပါတယ္။ စာေရးသူကေတာ့ဒီေနရာေဒသကိုအမွန္တကယ္ေရာက္ရွိခဲ့ၿပီးရွန္ဂရီလာဆိုတဲ့

ဒီနာမည္ကိုေပးဖို့ စိတ္ကူးခဲ့ေၾကာင္း ေျပာထားပါတယ္။ ထိုစာအုပ္ကို ဆရာေမာင္ထြန္းသူက ရွန္ဂရီလာအမည္နဲ႔ပဲ ဘာသာျပန္ထားတာရွိပါတယ္။ ရွန္ဂရီလာလို့ဆိုလိုက္တာနဲ႔ ျမန္မာျပည္ေျမာက္ပိုင္းက ထူးဆန္းမွုေတြနဲ႔ ျပည္ႏွက္ေနတဲ့ မေသဆုံးနိုင္ေသာ ဒ႑ာရီေနရာတစ္ခုဆိုတာကို

ကၽြန္ေတာ္တို့ ေတာ္ေတာ္မ်ားမ်ား ၾကားဖူးနားဝ ရွိၾကမွာပါ ျမန္မာစာေရးဆရာေတြရဲ့ စာအုပ္ေတြ ထဲမွာလည္း မၾကာခဏ ထည့္ေရးေလ့ရွိပါတယ္။ ရွန္ဂရီလာနဲ႔ ပါတ္သက္ၿပီး သံတူေၾကာင္းပြဲ အေၾကာင္းအရာမ်ားစြာရွိေပမယ့္လည္းတူညီတဲ့ အခ်က္ေတြကေတာ့ ဟိမဝႏၲာေတာင္တန္း

တစ္ေနရာတြင္ ရွိျခင္း၊ ေအးခ်မ္းေပ်ာ္ရႊင္ဖြယ္ေဒသျဖစ္ျခင္း ျပင္ပကမၻာႏွင့္ အဆက္ အသြယ္ မရွိျခင္း စသည္တို့ ျဖစ္ပါတယ္။ တကယ္ေတာ့ရွန္ဂရီလာ(ShangriLa)သည္တိဗက္စကားလုံး Shang (တိဗက္ ေဒသတစ္ခု) Gri (ေတာင္) La (pass) တို့ ေပါင္းလိုက္ေသာအခါ Shang Mountain Pass ဟု

အဂၤလိပ္ဘာသာျဖင့္ အဓိပၸါယ္ဖြင့္နိုင္ပါတယ္။ ရွန္ဂရီလာရဲ့ပုံျပင္ဟာတိဗက္ ဗုဒၶဘာသာေရွးေဟာင္းၿမိဳ့ေတာ္ ရွန္ဘဲလာမွ ဆင္းသက္လာတဲ့ အယူအဆလည္း ျဖစ္ပါတယ္။ ဒ႑ရီဇာတ္လမ္းေတြထဲမွာေတာ့ ရွန္ဂရီလာဆိုတာမေသဆုံးနိုင္တဲ့ ျပင္ပကမၻာနဲ႔ အဆက္အစပ္မရွိတဲ့ထူးဆန္းတဲ့

လူမ်ိဳးမ်ားေနထိုင္ရာေဒသ ျဖစ္ပါတယ္။ ဒီလၽွို့ဝွက္နယ္ေျမကို အမွတ္မထင္ေရာက္ဖူးသူအခ်ိဳ့ ရွိခဲ့ပါတယ္။ ဒါေပမယ့္ အျပင္ျပန္ေရာက္လာၿပီး ဒီေနရာကို ျပန္လည္ရွာေဖြရာမွာေတာ့ဘယ္လိုမွ ရွာေဖြ မေတြ႔နိုင္ေတာ့ပဲ ဒီေနရာကေပ်ာက္ျခင္းမလွ ေပ်ာက္သြားတယ္လို့ သိရပါတယ္။

ရွန္ဂရီလာေဒသမွာ လားမားဘုန္းေတာ္ႀကီးေတြ လူေတြရဲ့အတိတ္နဲ႔ အနာဂတ္ကိုေျပာျပနိုင္တဲ့ တိဗတ္ ဘုန္းေတာ္ႀကီးေတြတရား က်င့္ႀကံ ေနထိုင္ ၾကပါတယ္။ ဒီေဒသကို ကမၻာ့အစိမ္းေရာင္ နယ္ေျမအျဖစ္ သတ္မွတ္ထားၿပီး တရားဓမၼေတြ ထြန္းကားတဲ့ နယ္ေျမလည္း ျဖစ္ပါတယ္။

ယန္းဇီးျမစ္ႀကီးစီးဝင္ရာ ရွန္ဂရီလာေဒသသည္ တကယ့္ကိုဒ႑ရီဆန္ေလာက္ေအာင္ လွပလြန္းတဲ့ ေဒသျဖစ္ၿပီးတ႐ုတ္ျပည္ယူနန္စီရင္စုရဲ့ ေတာင္ဖက္စူးစူးတြင္တည္ရွိေသာအံ့ၾသဖြယ္ရာနယ္ေျမတစ္ခုလည္း ျဖစ္ပါတယ္။ အိႏၵယေျမာက္ပိုင္းႏွင့္ တိဗက္ေဒသၾကားရွိဗုဒၶဘာသာထြန္းကားေသာ

ဟိမဝႏၲာေတာင္တန္းေဒသမ်ား သည္ ကမၻာလွည့္ခရီးသည္မ်ားအား အလြန္ဆြဲေဆာင္နိုင္ေသာ ေဒသလည္း ျဖစ္ပါတယ္။ ၂၀၀၁ ခုႏွစ္တြင္ တ႐ုတ္နိုင္ငံမွ Zhongdia ေဒသအားကမၻာလွည့္ ခရီးသြားေတြကိုဆြဲေဆာင္ရန္ရွန္ဂရီလာဟုအမည္ေပးခဲ့ပါတယ္။ တိဗက္ေဒသရွိဒ႑ာရီဆန္ေသာ

ခြန္းလြန္ေတာင္အခ်ိဳ့ေဒသမ်ားကလည္း ရွန္ဂရီလာ တည္ရွိတဲ့ေဒသဟုဆိုၾကပါတယ္။ ရွန္ဂရီလာ တည္ရွိသည္ဟု နာမည္ႀကီးထင္ရွားသည့္ ေဒသ တစ္ခုမွာ ပါကစၥတန္နိုင္ငံေျမာက္ပိုင္းရွိ Hunza ေတာင္ၾကားေဒသျဖစ္တယ္ဟုဆိုျပန္ပါတယ္။ တိဗက္နယ္စပ္ႏွင့္နီးေသာထိုေနရာေဒသအား

The Lost Horizon မထုတ္ေဝမီႏွစ္အနည္းငယ္က Hilton ဟာသြားေရာက္လည္ပတ္ခဲ့ပါတယ္။ ဟိမဝႏၲာ အေနာက္ပိုင္းရွိေတာင္မ်ား ဝန္းရံထားတဲ့စိမ္းစိုလန္းဆန္းေသာထိုနယ္ေျမ ေဒသကေတာ့ဝထၳဳပါရွန္ဂရီလာေဒသႏွင့္လည္း ပထဝီအေနအထားအရနီးနီးစပ္စပ္တူညီမွု့ရွိပါတယ္။

ထိုေဒသမွ ရွန္ဂရီလာ အပန္းေျဖ စခန္းသည္လည္း ကမၻာလွည့္ ခရီးသည္မ်ားကို ဆြဲေဆာင္နိုင္တဲ့ ေနရာ ျဖစ္ပါတယ္။ ရွန္ဂရီလာ၏ အထူးျခားဆုံး အစားအေသာက္မွာ ဆတ္သားဟင္း ျဖစ္ပါတယ္။ အလြန္ကိုေကာင္းမြန္လတ္ဆတ္ၿပီး

မည္သည့္ ေနရာတြင္မွ မရနိုင္ဟုလည္း သိရပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ရှန်ဂရီလာ (သို့) ရှန်ဘဲလားဒေသဟာ စိတ်ကူးနယ်မြေ တစ်ခုဖြစ်ပြီး ဒီနာမည်ကို ၁၉၉၃ ခုနှစ်တွင် ထုတ်ဝေခဲ့တဲ့စာရေးဆရာ ဂျိန်းဟီလ်တန် (James Hilton) ရဲ့ စာအုပ်မှာ စတင်ခေါ်ဆို ခဲ့ခြင်းဖြစ်ပါတယ်။ စာရေးသူကတော့ဒီနေရာဒေသကိုအမှန်တကယ်ရောက်ရှိခဲ့ပြီးရှန်ဂရီလာဆိုတဲ့

ဒီနာမည်ကိုပေးဖို့ စိတ်ကူးခဲ့ကြောင်း ပြောထားပါတယ်။ ထိုစာအုပ်ကို ဆရာမောင်ထွန်းသူက ရှန်ဂရီလာအမည်နဲ့ပဲ ဘာသာပြန်ထားတာရှိပါတယ်။ ရှန်ဂရီလာလို့ဆိုလိုက်တာနဲ့ မြန်မာပြည်မြောက်ပိုင်းက ထူးဆန်းမှုတွေနဲ့ ပြည်နှက်နေတဲ့ မသေဆုံးနိုင်သော ဒဏ္ဍာရီနေရာတစ်ခုဆိုတာကို

ကျွန်တော်တို့ တော်တော်များများ ကြားဖူးနားဝ ရှိကြမှာပါ မြန်မာစာရေးဆရာတွေရဲ့ စာအုပ်တွေ ထဲမှာလည်း မကြာခဏ ထည့်ရေးလေ့ရှိပါတယ်။ ရှန်ဂရီလာနဲ့ ပါတ်သက်ပြီး သံတူကြောင်းပွဲ အကြောင်းအရာများစွာရှိပေမယ့်လည်းတူညီတဲ့ အချက်တွေကတော့ ဟိမဝန္တာတောင်တန်း

တစ်နေရာတွင် ရှိခြင်း၊ အေးချမ်းပျော်ရွှင်ဖွယ်ဒေသဖြစ်ခြင်း ပြင်ပကမ္ဘာနှင့် အဆက် အသွယ် မရှိခြင်း စသည်တို့ ဖြစ်ပါတယ်။ တကယ်တော့ရှန်ဂရီလာ(ShangriLa)သည်တိဗက်စကားလုံး Shang (တိဗက် ဒေသတစ်ခု) Gri (တောင်) La (pass) တို့ ပေါင်းလိုက်သောအခါ Shang Mountain Pass ဟု

အင်္ဂလိပ်ဘာသာဖြင့် အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။ ရှန်ဂရီလာရဲ့ပုံပြင်ဟာတိဗက် ဗုဒ္ဓဘာသာရှေးဟောင်းမြို့တော် ရှန်ဘဲလာမှ ဆင်းသက်လာတဲ့ အယူအဆလည်း ဖြစ်ပါတယ်။ ဒဏ္ဍရီဇာတ်လမ်းတွေထဲမှာတော့ ရှန်ဂရီလာဆိုတာမသေဆုံးနိုင်တဲ့ ပြင်ပကမ္ဘာနဲ့ အဆက်အစပ်မရှိတဲ့ထူးဆန်းတဲ့

လူမျိုးများနေထိုင်ရာဒေသ ဖြစ်ပါတယ်။ ဒီလျှို့ဝှက်နယ်မြေကို အမှတ်မထင်ရောက်ဖူးသူအချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အပြင်ပြန်ရောက်လာပြီး ဒီနေရာကို ပြန်လည်ရှာဖွေရာမှာတော့ဘယ်လိုမှ ရှာဖွေ မတွေ့နိုင်တော့ပဲ ဒီနေရာကပျောက်ခြင်းမလှ ပျောက်သွားတယ်လို့ သိရပါတယ်။

ရှန်ဂရီလာဒေသမှာ လားမားဘုန်းတော်ကြီးတွေ လူတွေရဲ့အတိတ်နဲ့ အနာဂတ်ကိုပြောပြနိုင်တဲ့ တိဗတ် ဘုန်းတော်ကြီးတွေတရား ကျင့်ကြံ နေထိုင် ကြပါတယ်။ ဒီဒေသကို ကမ္ဘာ့အစိမ်းရောင် နယ်မြေအဖြစ် သတ်မှတ်ထားပြီး တရားဓမ္မတွေ ထွန်းကားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

ယန်းဇီးမြစ်ကြီးစီးဝင်ရာ ရှန်ဂရီလာဒေသသည် တကယ့်ကိုဒဏ္ဍရီဆန်လောက်အောင် လှပလွန်းတဲ့ ဒေသဖြစ်ပြီးတရုတ်ပြည်ယူနန်စီရင်စုရဲ့ တောင်ဖက်စူးစူးတွင်တည်ရှိသောအံ့သြဖွယ်ရာနယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။ အိန္ဒယမြောက်ပိုင်းနှင့် တိဗက်ဒေသကြားရှိဗုဒ္ဓဘာသာထွန်းကားသော

ဟိမဝန္တာတောင်တန်းဒေသများ သည် ကမ္ဘာလှည့်ခရီးသည်များအား အလွန်ဆွဲဆောင်နိုင်သော ဒေသလည်း ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံမှ Zhongdia ဒေသအားကမ္ဘာလှည့် ခရီးသွားတွေကိုဆွဲဆောင်ရန်ရှန်ဂရီလာဟုအမည်ပေးခဲ့ပါတယ်။ တိဗက်ဒေသရှိဒဏ္ဍာရီဆန်သော

ခွန်းလွန်တောင်အချို့ဒေသများကလည်း ရှန်ဂရီလာ တည်ရှိတဲ့ဒေသဟုဆိုကြပါတယ်။ ရှန်ဂရီလာ တည်ရှိသည်ဟု နာမည်ကြီးထင်ရှားသည့် ဒေသ တစ်ခုမှာ ပါကစ္စတန်နိုင်ငံမြောက်ပိုင်းရှိ Hunza တောင်ကြားဒေသဖြစ်တယ်ဟုဆိုပြန်ပါတယ်။ တိဗက်နယ်စပ်နှင့်နီးသောထိုနေရာဒေသအား

The Lost Horizon မထုတ်ဝေမီနှစ်အနည်းငယ်က Hilton ဟာသွားရောက်လည်ပတ်ခဲ့ပါတယ်။ ဟိမဝန္တာ အနောက်ပိုင်းရှိတောင်များ ဝန်းရံထားတဲ့စိမ်းစိုလန်းဆန်းသောထိုနယ်မြေ ဒေသကတော့ဝထ္ထုပါရှန်ဂရီလာဒေသနှင့်လည်း ပထဝီအနေအထားအရနီးနီးစပ်စပ်တူညီမှု့ရှိပါတယ်။

ထိုဒေသမှ ရှန်ဂရီလာ အပန်းဖြေ စခန်းသည်လည်း ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ရှန်ဂရီလာ၏ အထူးခြားဆုံး အစားအသောက်မှာ ဆတ်သားဟင်း ဖြစ်ပါတယ်။ အလွန်ကိုကောင်းမွန်လတ်ဆတ်ပြီး

မည်သည့် နေရာတွင်မှ မရနိုင်ဟုလည်း သိရပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်