အိႏၵိယမွာအမည္မသိ ကူးစက္ေရာဂါတစ္ခုစျဖစ္ျပန္ၿပီ လူ​ေပါင္​း (၃၀၀) ​ေက်ာ္ကူးစက္ခံထားရၿပီတဲ့

လက္ရွိကပ္ေရာဂါႀကီးေၾကာင့္နာလံမထူေသးတဲ့ကမာၻႀကီးမွာေနာက္ထပ္စိုးရိမ္စရာတစ္ခုတိုးလာၿပီလို႔CNN သတင္းဌာနကဒီကေန႔ရက္စြဲနဲ႔ေဖာ္ျပလိုက္ပါတယ္။သတင္းေဆာင္းပါးရဲ႕မူလေခါင္းစဥ္ကေတာ့” Unidentified illness hospitalizes more than 300 people in India“ျဖစ္ၿပီး၊

ကမာၻတစ္ခုလုံးကိုမိနစ္အနည္းငယ္တြင္းကိုင္လႈပ္ခဲ့တဲ့သတင္းပါ။ အိႏၵိယနိုင္ငံ၊ အန္ဒါပရာဒက္ရ္ွျပည္နယ္၊ Eluru အမည္ရၿမိဳ႕ငယ္ေလးမွာဒီကူးစက္ မႈကစတင္ခဲ့တာျဖစ္ၿပီး၊သက္ဆိုင္ရာအစိုးရကေတာ့ေကာ္မရွင္ဖြဲ႕စုံစမ္းမႈေတြျပဳလုပ္ေနပါတယ္။လက္ရွိခ်ိန္ထိကူးစက္ေရာဂါအမ်ိဳးအစားကို

ထုတ္ျပန္နိုင္ျခင္းမရွိေသးပါဘူး။သတင္းမွာေဖာ္ျပခ်က္အရေသဆုံးတစ္ဦးရွိထားၿပီး(၃၀၀)ကူးစက္ ခံထားရပါသတဲ့။ ေရာဂါလကၡဏာေတြကေတာ့တက္ျခင္း၊သတိလစ္ျခင္း၊ ပ်ိဳ႕အန္ျခင္းစတဲ့လကၡဏာေတြျဖစ္ပါတယ္။ဒီအျဖစ္အပ်က္ဟာတ႐ုတ္နိုင္ငံကအိႏၵိယဟာကိုဗစ္စတင္ရာ

ျဖစ္ေၾကာင္းစြပ္စြဲၿပီးသိပ္မၾကာမီမွာတိုက္တိုက္ဆိုင္ဆိုင္ျဖစ္လာခဲ့တာပါ။ ဒီလိုပဲတ႐ုတ္ရဲ႕ဝူဟန္ ဧကရီလို႔တင္စားၾကတဲ့ေဒါက္တာရွီက်န္လီကလည္းမၾကာမီမွာဒီထက္မ်ားျပားတဲ့ကူးစက္ေရာဂါေတြလာလိမ့္မယ္လို႔သတိေပးခဲ့ပါေသးတယ္။ အိႏၵိယဟာကိုဗစ္အဆိုးဆုံးဒုတိယနိုင္ငံအျဖစ္

ရပ္တည္ေနၿပီး၊ အန္ဒါပရာဒက္ရ္ွျပည္နယ္ကလည္းအိႏၵိယမွာကိုဗစ္ကူးစက္မႈထိပ္သီးျဖစ္ေနပါတယ္။အခုျဖစ္ေနတဲ့ကူးစက္ေရာဂါအသစ္ကကိုဗစ္လကၡဏာေတြနဲ႕မတူညီဘဲ၊ထူးျခားၿပီးအဖ်ားရွိန္ကသတိလစ္ေလာက္ေအာင္အထိအလြန္ျပင္းထန္တယ္လို႔ဆိုပါတယ္။

ကူးစက္သူအသစ္ေတြကိုကိုဗစ္ရွိမရွိစစ္ေဆးတဲ့အခါမွာေတာ့ကိုဗစ္ပိုးမေတြ႕ရဘူးလို႔ခရိုင္ႀကီၾကပ္အရာရွိDolla Joshi Roy ကအတည္ျပဳခဲ့ပါတယ္။သူမရဲ႕အတည္ျပဳမႈမွာေတာ့ၿပီးခဲ့တဲ့ရက္သတၱပတ္အဆုံးေလာက္ကစတင္ခဲ့တဲ့ဒီထူးဆန္းတဲ့ကူးစက္မႈမွာလူေပါင္း(၁၈၀)ေက်ာ္ကိုေဆး႐ုံက

ဆင္းခြင့္ေပးခဲ့ၿပီျဖစ္ေၾကာင္း၊ က်န္လူမ်ားကေတာ့အေျခအေနေကာင္းပါသတဲ့။Roy ရဲ႕အေျပာအရေသဆုံးသူဟာတျခားလူေတြနဲ႔ေရာဂါလကၡဏာတူညီေသာ္လည္း၊ဘာေၾကာင့္ေသဆုံးတာလဲဆိုတာရယ္၊ႏွလုံးေဖာက္ၿပီးေသဆုံးတာမဟုတ္ဘဲတျခားအေၾကာင္းအရင္းတစ္ခုရွိရမယ္လို႔လည္း

သူမကေျပာပါတယ္။လက္ရွိအခ်ိန္မွာေတာ့ေဒသခံပညာရွင္ေတြကၿမိဳ႕ရဲ႕ေသာက္သုံးေရစနစ္ကိုေထာက္ျပေနၿပီးအိမ္ေျခ(၅၇၀၀၀)ေက်ာ္ဟာသဘာဝျမစ္ေခ်ာင္းအင္းအိုင္ေတြဆီကေနေရယူေသာက္သုံးေၾကာင္း၊ အိမ္တိုင္းဆီမွေရနမူနာေတြကိုရယူကာပါဝင္ပစၥည္းေတြဘယ္လိုရွိမလဲလို႔

ဓာတ္ခြဲစစ္ေဆးေနတယ္လို႔အတည္ျပဳထားပါတယ္။ ျပည္နယ္က်န္းမာေရးဌာနကေတာ့လူနာေတြရဲ႕ေသြးနမူနာေတြမွာမသကၤာဖြယ္ရာေတြ႕တာမ်ိဳးမရွိဘူးလို႔ထုတ္ျပန္ထားပါတယ္။မၾကာမီမွာတိက်တဲ့အေျဖသိရဖို႔ရွိပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္ လင္းေဇာ္ကို

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

လက်ရှိကပ်ရောဂါကြီးကြောင့်နာလံမထူသေးတဲ့ကမ္ဘာကြီးမှာနောက်ထပ်စိုးရိမ်စရာတစ်ခုတိုးလာပြီလို့CNN သတင်းဌာနကဒီကနေ့ရက်စွဲနဲ့ဖော်ပြလိုက်ပါတယ်။သတင်းဆောင်းပါးရဲ့မူလခေါင်းစဉ်ကတော့” Unidentified illness hospitalizes more than 300 people in India“ဖြစ်ပြီး၊

ကမ္ဘာတစ်ခုလုံးကိုမိနစ်အနည်းငယ်တွင်းကိုင်လှုပ်ခဲ့တဲ့သတင်းပါ။ အိန္ဒိယနိုင်ငံ၊ အန်ဒါပရာဒက်ရ်ှပြည်နယ်၊ Eluru အမည်ရမြို့ငယ်လေးမှာဒီကူးစက် မှုကစတင်ခဲ့တာဖြစ်ပြီး၊သက်ဆိုင်ရာအစိုးရကတော့ကော်မရှင်ဖွဲ့စုံစမ်းမှုတွေပြုလုပ်နေပါတယ်။လက်ရှိချိန်ထိကူးစက်ရောဂါအမျိုးအစားကို

ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။သတင်းမှာဖော်ပြချက်အရသေဆုံးတစ်ဦးရှိထားပြီး(၃၀၀)ကူးစက် ခံထားရပါသတဲ့။ ရောဂါလက္ခဏာတွေကတော့တက်ခြင်း၊သတိလစ်ခြင်း၊ ပျို့အန်ခြင်းစတဲ့လက္ခဏာတွေဖြစ်ပါတယ်။ဒီအဖြစ်အပျက်ဟာတရုတ်နိုင်ငံကအိန္ဒိယဟာကိုဗစ်စတင်ရာ

ဖြစ်ကြောင်းစွပ်စွဲပြီးသိပ်မကြာမီမှာတိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာခဲ့တာပါ။ ဒီလိုပဲတရုတ်ရဲ့ဝူဟန် ဧကရီလို့တင်စားကြတဲ့ဒေါက်တာရှီကျန်လီကလည်းမကြာမီမှာဒီထက်များပြားတဲ့ကူးစက်ရောဂါတွေလာလိမ့်မယ်လို့သတိပေးခဲ့ပါသေးတယ်။ အိန္ဒိယဟာကိုဗစ်အဆိုးဆုံးဒုတိယနိုင်ငံအဖြစ်

ရပ်တည်နေပြီး၊ အန်ဒါပရာဒက်ရ်ှပြည်နယ်ကလည်းအိန္ဒိယမှာကိုဗစ်ကူးစက်မှုထိပ်သီးဖြစ်နေပါတယ်။အခုဖြစ်နေတဲ့ကူးစက်ရောဂါအသစ်ကကိုဗစ်လက္ခဏာတွေနဲ့မတူညီဘဲ၊ထူးခြားပြီးအဖျားရှိန်ကသတိလစ်လောက်အောင်အထိအလွန်ပြင်းထန်တယ်လို့ဆိုပါတယ်။

ကူးစက်သူအသစ်တွေကိုကိုဗစ်ရှိမရှိစစ်ဆေးတဲ့အခါမှာတော့ကိုဗစ်ပိုးမတွေ့ရဘူးလို့ခရိုင်ကြီကြပ်အရာရှိDolla Joshi Roy ကအတည်ပြုခဲ့ပါတယ်။သူမရဲ့အတည်ပြုမှုမှာတော့ပြီးခဲ့တဲ့ရက်သတ္တပတ်အဆုံးလောက်ကစတင်ခဲ့တဲ့ဒီထူးဆန်းတဲ့ကူးစက်မှုမှာလူပေါင်း(၁၈၀)ကျော်ကိုဆေးရုံက

ဆင်းခွင့်ပေးခဲ့ပြီဖြစ်ကြောင်း၊ ကျန်လူများကတော့အခြေအနေကောင်းပါသတဲ့။Roy ရဲ့အပြောအရသေဆုံးသူဟာတခြားလူတွေနဲ့ရောဂါလက္ခဏာတူညီသော်လည်း၊ဘာကြောင့်သေဆုံးတာလဲဆိုတာရယ်၊နှလုံးဖောက်ပြီးသေဆုံးတာမဟုတ်ဘဲတခြားအကြောင်းအရင်းတစ်ခုရှိရမယ်လို့လည်း

သူမကပြောပါတယ်။လက်ရှိအချိန်မှာတော့ဒေသခံပညာရှင်တွေကမြို့ရဲ့သောက်သုံးရေစနစ်ကိုထောက်ပြနေပြီးအိမ်ခြေ(၅၇၀၀၀)ကျော်ဟာသဘာဝမြစ်ချောင်းအင်းအိုင်တွေဆီကနေရေယူသောက်သုံးကြောင်း၊ အိမ်တိုင်းဆီမှရေနမူနာတွေကိုရယူကာပါဝင်ပစ္စည်းတွေဘယ်လိုရှိမလဲလို့

ဓာတ်ခွဲစစ်ဆေးနေတယ်လို့အတည်ပြုထားပါတယ်။ ပြည်နယ်ကျန်းမာရေးဌာနကတော့လူနာတွေရဲ့သွေးနမူနာတွေမှာမသင်္ကာဖွယ်ရာတွေ့တာမျိုးမရှိဘူးလို့ထုတ်ပြန်ထားပါတယ်။မကြာမီမှာတိကျတဲ့အဖြေသိရဖို့ရှိပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် လင်းဇော်ကို