သူမဟာဆယ္တန္းမေျဖႏိုင္ခဲ့လို႔ ၿပိဳင္ပြဲဝင္ေတြၾကားမွာ မ်က္ႏွာငယ္ခဲ့ရတဲ့အေၾကာင္းအား ရင္ဖြင့္လာ​ေသာ ခင္ရတနာစိုး

ခင္ရတနာစိုးဟာ ဂီတနဲ႔ ပတ္သက္ၿပီး ငယ္စဥ္ကတည္းက ဖခင္ျဖစ္သူရဲ႕ဆိုင္းပြဲေတြမွာ သီခ်င္းေတြ သီဆိုခဲ့ဖူးသူတစ္ေယာက္ပါ။ သူမဟာ ဖခင္ဆုံးပါးသြားတဲ့ေနာက္ အသက္(၁၂) ႏွစ္အ႐ြယ္မွာ ကိုယ္ပိုင္ ဆိုင္းဝိုင္းရရွိခဲ့တာျဖစ္ၿပီး ဆိုင္းတီးရာမွာလည္း ကြၽမ္းက်င္သူတစ္ေယာက္ျဖစ္တာမို႔

ေ႐ႊတံဆိပ္ဆုေတြလည္းရရွိခဲ့ဖူးတာကိုလည္းေတြ႔ရပါတယ္။ ၂၀၁၉ ခုႏွစ္တုန္းက Myanmar idol သီခ်င္းဆိုၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးတယ္လို႔ သိရပါတယ္။ယခုအခါမွာေတာ့ ခင္ရတနာစိုးဟာ The Voice Myanmar Season 3 ရဲ႕ Semi Finalist တစ္ေယာက္ျဖစ္လာခဲ့ၿပီျဖစ္ၿပီး

Winner ျဖစ္ဖို႔ေရပန္းစားေနခဲ့တာပါ ခင္ရတနာစိုးက The Voice Myanmar ၿပိဳင္ပြဲမွာယွဥ္ၿပိဳင္ရင္း ဆယ္တန္းမေျဖႏိုင္ခဲ့လို႔ၿပိဳင္ပြဲဝင္ေတြၾကားမွာမ်က္ႏွာငယ္ခဲ့ရတဲ့ အေၾကာင္း ေျပာျပခဲ့တာျဖစ္ပါတယ္။ “ညီမ ေယာက်ာ္းယူလိုက္မိလို႔ေတာ့ ေနာင္တရခဲ့တာမရွိဘူး ညီမပညာေရးအတြက္ပဲ

ညီမေနာင္တရခဲ့တာ သူတစ္ေယာက္တည္းအတြက္နဲ႔လည္း ပညာေရးကိုစြန႔္လႊတ္ရတာမဟုတ္ဘူး သူလည္းတတ္ႏိုင္သေလာက္ ပံ့ပိုးေပးခဲ့တာပဲ ဒါေပမယ့္ညီမကိုယ္ကပြဲကထြက္လို႔မရဘူး မိဘအတြကလည္းပါတယ္မိဘအတြက္နဲ႔ေယာက်ာ္းအတြက္နဲ႔ႏွစ္မ်ိဳးစလုံးေပါ့ေနာ္ဒီပညာေရးႀကီးပဲ

ဖိလုပ္လို႔ ရွိရင္လည္း အိမ္ေထာင္ေရးက အဆင္မေျပျဖစ္လာမယ္ ပညာေရးက ဆယ္တန္းဆိုတာ တစ္ႏွစ္ပတ္လုံး စာႀကိဳးစားလာရင္ေတာင္က်တတ္ေသးတာပဲနတ္ႀကီးတယ္ေလ အဲ့လိုဆိုေတာ့ပြဲကလည္းညီမကဆိုင္းတီး ဆို ၿပီးရင္ အၿငိမ့္ကထပ္တီးညီမတာဝန္ကဆိုင္းတစ္ဖြဲ႔လုံးမွာ

အရမ္းမ်ားတယ္ဆိုေတာ့ ပြဲတစ္ပြဲထြက္ရင္ ညီမကမနားရဘူး။ သူမ်ားေတြဆို ညခင္းဘက္ေလး သီခ်င္းဆို ၿပီးရင္ျပန္လာ အဲ့ဒါဆို စာလုပ္ခ်ိန္ရွိတယ္ေပါ့ ညီမမွာစာလုပ္ခ်ိန္လည္းမရွိခဲ့ဘူး အဲ့လိုမ်ိဳးေပါ့ေနာ္၊ အိမ္ေထာင္ေရးကလည္း အဲ့တုန္းက ညားခါစဆိုေတာ့ခနခနရန္ျဖစ္တယ္

အိမ္ေထာင္ေရးကလည္း သိပ္အဆင္မေျပတဲ့အခါၾကေတာ့ ပညာေရးကို စြန႔္လႊတ္ခဲ့ရတယ္ အခုဆိုရင္ ၿပိဳင္ပြဲဝင္အကုန္လုံးထဲမွာ ညီမတစ္ေယာက္ပဲဆယ္တန္းမေအာင္တာ က်န္တဲ့သူအကုန္လုံးပညာတတ္ၾကတယ္အဲ့ဒီအတြက္ေတာ့ မ်က္ႏွာငယ္ရတယ္လို႔ဆိုလာခဲ့တာျဖစ္ပါတယ္။

ခင္ရတနာစိုးကေတာ့ ဆယ္တန္းမေျဖႏိုင္ခဲ့လို႔ ၿပိဳင္ပြဲဝင္ေတြၾကားမွာ မ်က္ႏွာငယ္ခဲ့ရတဲ့ အေၾကာင္း ေျပာျပလာခဲ့တာျဖစ္ပါတယ္ေနာ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ခင်ရတနာစိုးဟာ ဂီတနဲ့ ပတ်သက်ပြီး ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ဆိုင်းပွဲတွေမှာ သီချင်းတွေ သီဆိုခဲ့ဖူးသူတစ်ယောက်ပါ။ သူမဟာ ဖခင်ဆုံးပါးသွားတဲ့နောက် အသက်(၁၂) နှစ်အရွယ်မှာ ကိုယ်ပိုင် ဆိုင်းဝိုင်းရရှိခဲ့တာဖြစ်ပြီး ဆိုင်းတီးရာမှာလည်း ကျွမ်းကျင်သူတစ်ယောက်ဖြစ်တာမို့

ရွှေတံဆိပ်ဆုတွေလည်းရရှိခဲ့ဖူးတာကိုလည်းတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက Myanmar idol သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ယခုအခါမှာတော့ ခင်ရတနာစိုးဟာ The Voice Myanmar Season 3 ရဲ့ Semi Finalist တစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ပြီး

Winner ဖြစ်ဖို့ရေပန်းစားနေခဲ့တာပါ ခင်ရတနာစိုးက The Voice Myanmar ပြိုင်ပွဲမှာယှဉ်ပြိုင်ရင်း ဆယ်တန်းမဖြေနိုင်ခဲ့လို့ပြိုင်ပွဲဝင်တွေကြားမှာမျက်နှာငယ်ခဲ့ရတဲ့ အကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။ “ညီမ ယောကျာ်းယူလိုက်မိလို့တော့ နောင်တရခဲ့တာမရှိဘူး ညီမပညာရေးအတွက်ပဲ

ညီမနောင်တရခဲ့တာ သူတစ်ယောက်တည်းအတွက်နဲ့လည်း ပညာရေးကိုစွန့်လွှတ်ရတာမဟုတ်ဘူး သူလည်းတတ်နိုင်သလောက် ပံ့ပိုးပေးခဲ့တာပဲ ဒါပေမယ့်ညီမကိုယ်ကပွဲကထွက်လို့မရဘူး မိဘအတွကလည်းပါတယ်မိဘအတွက်နဲ့ယောကျာ်းအတွက်နဲ့နှစ်မျိုးစလုံးပေါ့နော်ဒီပညာရေးကြီးပဲ

ဖိလုပ်လို့ ရှိရင်လည်း အိမ်ထောင်ရေးက အဆင်မပြေဖြစ်လာမယ် ပညာရေးက ဆယ်တန်းဆိုတာ တစ်နှစ်ပတ်လုံး စာကြိုးစားလာရင်တောင်ကျတတ်သေးတာပဲနတ်ကြီးတယ်လေ အဲ့လိုဆိုတော့ပွဲကလည်းညီမကဆိုင်းတီး ဆို ပြီးရင် အငြိမ့်ကထပ်တီးညီမတာဝန်ကဆိုင်းတစ်ဖွဲ့လုံးမှာ

အရမ်းများတယ်ဆိုတော့ ပွဲတစ်ပွဲထွက်ရင် ညီမကမနားရဘူး။ သူများတွေဆို ညခင်းဘက်လေး သီချင်းဆို ပြီးရင်ပြန်လာ အဲ့ဒါဆို စာလုပ်ချိန်ရှိတယ်ပေါ့ ညီမမှာစာလုပ်ချိန်လည်းမရှိခဲ့ဘူး အဲ့လိုမျိုးပေါ့နော်၊ အိမ်ထောင်ရေးကလည်း အဲ့တုန်းက ညားခါစဆိုတော့ခနခနရန်ဖြစ်တယ်

အိမ်ထောင်ရေးကလည်း သိပ်အဆင်မပြေတဲ့အခါကြတော့ ပညာရေးကို စွန့်လွှတ်ခဲ့ရတယ် အခုဆိုရင် ပြိုင်ပွဲဝင်အကုန်လုံးထဲမှာ ညီမတစ်ယောက်ပဲဆယ်တန်းမအောင်တာ ကျန်တဲ့သူအကုန်လုံးပညာတတ်ကြတယ်အဲ့ဒီအတွက်တော့ မျက်နှာငယ်ရတယ်လို့ဆိုလာခဲ့တာဖြစ်ပါတယ်။

ခင်ရတနာစိုးကတော့ ဆယ်တန်းမဖြေနိုင်ခဲ့လို့ ပြိုင်ပွဲဝင်တွေကြားမှာ မျက်နှာငယ်ခဲ့ရတဲ့ အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်