အိမ်မှာနေရင်းထိုင်ရင်းဖြင့် လက်ဆောင်ဘူးရလို့ဖွင့်ကြည့်မိကာမှ အံသြစရာတွေဖြစ်နေလို့ အရမ်းပျော်နေရှာတဲ့ အိတုန်ရဲ့ (ရုပ်သံ)
ယူနီကုဒ်ဖြင့် ဖတ်ရန်
သရုပ်ဆောင် အိတုန်ကတော့ အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးချောလေးနှစ်ယောက်ရဲ့မေမေ ဖြစ်သွားပြီပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးငယ်လေးကို မွေးဖွားခဲ့တဲ့အိတုန်က
ပြီးခဲ့တဲ့ရက်ကပဲ ဆေးရုံကနေဆင်းခဲ့တာ ဖြစ်ပါတယ်။ အခုတော့အိတုန်က သွေးနုသားနုအချိန်လေးမှာ အပြင်လုံးဝမထွက်ဘဲအိမ်ထဲမှာပဲ ချစ်ရတဲ့မိသားစုနဲ့အတူ အေးအေးဆေးဆေးလေး အနားယူနေတာ ဖြစ်ပါတယ်။ အိတုန်ရဲ့
ခင်ပွန်းကလည်း သူမနဲ့ရင်သွေးလေးကို အနီးကပ်ပြုစုစောင့်ရှောက်ပြီး ဝေယျာဝစ္စတွေကအစ ကိုယ်တိုင်ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး လူချစ်လူခင်ပေါများတဲ့ အိအိတုန်တစ်ယောက်အခုတလောမှာခဏခဏ
စပရိုက်လုပ်ခံနေရတာ ဖြစ်ပါတယ်။ အခုလည်းအိတုန်က အိမ်မှာနေရင်းထိုင်ရင်း ပိုက်ဆံငါးထောင်တန်တွေအပြည့်ပါတဲ့ဘူးကို လက်ဆောင်ရရှိခဲ့ပြန်တာ ဖြစ်ပါတယ်။ အိအိတုန်က လက်ဆောင်ရထားတဲ့ဘူးကိုဖွင့်ကြည့်တော့မှ
ပိုက်ဆံငါးထောင်တန်တွေအများကြီးပါတာတွေ့ရလို့ အရမ်းအံ့အားသင့်ခဲ့ရတာ ဖြစ်ပါတယ်။ အိတုန်က “ချစ်လီလီ တင်မိုးသူရဲ့surprise ရင်တွေခုန်အောင်လုပ်ပေးလို့ ကျေးဇူးပါ ချစ်မမတို့ရေကျေးဇူးအများကြီးတင်ပါတယ်နော်” ဆိုပြီး
တင်ထားတာ ဖြစ်ပါတယ်။ ကဲ လက်ဆောင်ဘူးကို Live လွှင့်ပြရင်း ပေးတဲ့သူကိုကျေးဇူးတင်နေတဲ့ အိအိတုန်ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်