ခင္ပြန္းအား ငတုံးငအႀကီးလို႔ထင္ၿပီး ေဖာက္ျပန္ေနတဲ့အမ်ိဳးသမီးကုိ လင္ငယ္နဲ႔အတူတကြ ဖမ္​းဆီးရမိ

ဖီလစ္ပိုင္နိုင္ငံ၊ Mandaue ၿမိဳ႕မွာ အိမ္ေထာင္သည္ အမ်ိဳးသမီးတစ္ေယာက္ဟာ လင္ငယ္အမ်ိဳးသားတစ္ေယာက္နဲ႕ ခင္ပြန္းေနာက္ကြယ္မွာ ေဖာက္ျပန္ေနခဲ့ပါတယ္။ သတင္းမွာ အမ်ိဳးသမီးနဲ႕ေဖာက္ျပန္ေနသူကို Toyboy ဟုသုံးထားတဲ့အတြက္ အမ်ိဳးသမီးထက္အဆေပါင္းမ်ားစြာငယ္႐ြယ္တဲ့

အမ်ိဳးသားတစ္ေယာက္လို႔ယူဆရပါတယ္။ ေဖာက္ျပန္သူအမ်ိဳးသမီးရဲ႕ ခင္ပြန္းျဖစ္သူဟာ နိုင္ငံျခားတိုင္းျပည္တစ္ခုမွာ ေရနံနဲ႕သဘာဝသတၱဳ တူးေဖာ္တဲ့ လုပ္ငန္းခြင္မွာအလုပ္လုပ္သူပါ။ ယခင္ကေတာ့ သူ Mandaue ၿမိဳ႕ကို ျပန္လာတိုင္း ဇနီးျဖစ္သူဟာအၿမဲတမ္းေဖာ္ေဖာ္ေ႐ြေ႐ြ ရွိေနၿပီး၊

လိုေလေသးမရွိ ျပဳစုဆက္ဆံတယ္လို႔ဆိုပါတယ္။ ဒီတစ္ေခါက္မွာေတာ့သူမကခပ္စိမ္းစိမ္းပါတဲ့။ ဒါနဲ႔ အေတာ္ေလး မသကၤာျဖစ္ၿပီး၊ ဇနီးျဖစ္သူရဲ႕မူမမွန္တဲ့အေျခအေနကို လုံးမသိေယာင္ေဆာင္၊ ငတုံးတစ္ေယာက္လို ေနျပကာ စုံစမ္းေျခရာခံတာေတြ လုပ္ခဲ့ပါတယ္။ တစ္ရက္မွာေတာ့

ဇနီးျဖစ္သူက သူမ႐ုံးမွာ အခ်ိန္ပိုဆင္းရမွာ ျဖစ္လို႔၊ ႐ုံးမွာပဲ ျဖစ္သလိုညအိပ္မယ္လို႔ဖုန္းဆက္ပါသတဲ့။ ဒီအထိလင္ျဖစ္သူက ၿငိမ္ေနဆဲပါ။ ေနာက္တစ္ရက္က်ေတာ့ ခင္ပြန္းျဖစ္သူကသူမကိုအျပင္မွာ တစ္ခုခုစားရေအာင္ ေခၚပါတယ္။ သူမ လိုက္လာခဲ့ၿပီး၊ ႐ုတ္တရက္ ဖုန္း Misscall တစ္ခု

ဝင္လာပါတယ္။ သူမခ်က္ခ်င္းျပန္မဆက္ဘဲ အေပါ့အပါးသြားတဲ့ပုံစံနဲ႕ ထြက္သြားၿပီး အဲဒီလူဆီကို ဖုန္းျပန္ေခၚခဲ့ပါတယ္။ ဒီလိုနဲ႔သူမက႐ုံးကေန အေရးေပၚလွမ္းေခၚတာလို႔ေျပာၿပီး ထြက္သြားခဲ့ပါတယ္။ ဒီအခါမွာေတာ့ ခင္ပြန္းျဖစ္သူကခ်က္ခ်င္း ေနာက္ေယာက္ခံလိုက္ခဲ့ပါတယ္။

ခင္ပြန္းက ဘာဆက္လုပ္ရမွန္းမသိေတာ့ သူငယ္ခ်င္းေတြကို ဖုန္းဆက္ခဲ့ပါတယ္။ သူငယ္ခ်င္းေတြက ရဲကို အေၾကာင္းၾကားေပးခဲ့ၿပီး၊ သံသရွိခံရသူဇနီးသည္ ဝင္သြားတဲ့ေဟာ္တယ္ဆီကို ေျခရာခံ လိုက္ေစခဲ့ပါတယ္။ ေဟာ္တယ္ဝန္ထမ္းေတြက ေပးမဝင္ခဲ့ပါဘူး။ ေနာက္ေတာ့ရဲေတြပါ

ပါလာတဲ့အခါမွာေဟာ္တယ္ဝန္ထမ္းေတြလည္း ဘယ္လိုမွ မတက္နိုင္ေတာ့ဘဲ ေဖာက္ျပန္သူႏွစ္ဦးရွိရာ အခန္းကို ျပရပါေတာ့တယ္။ အခန္းထဲကို ဝင္ေတာ့ႏွစ္ေယာက္စလုံးမေတြ႔ရပါဘူး။ ဒါေပမယ့္ရဲေတြကမ်က္ႏွာက်က္ထပ္ခိုးမွာ သူတို႔တစ္ေတြ ရွိေနနိုင္တာ သိေနပါတယ္။

မၾကာမီမွာပဲဖိနပ္တစ္ဖက္ ျပဳတ္က်လာပါတယ္။ဒါေၾကာင့္ ရဲေတြကေလွကားနဲ႔တက္ၾကည့္ၿပီး ႏွစ္ေယာက္စလုံးကို အျမန္ဆင္းလာဖို႔ ေျပာခဲ့ပါတယ္။ အမ်ိဳးသားကဆင္းလာခဲ့ေပမယ့္ အမ်ိဳးသမီးက ရဲေမရဲ႕အကူအညီမပါဘဲ အဖမ္းမခံနိုင္ဘူးလို႔ အၾကပ္ကိုင္ပါတယ္။ ခင္ပြန္းျဖစ္သူကေတာ့

ေဖာက္ျပန္သူႏွစ္ေယာက္စလုံးကို အမႈဖြင့္တရားစြဲဆိုထားပါတယ္။ အိမ္ေထာင္ေရးေဖာက္ျပန္ေၾကာင္း ျပစ္မႈခိုင္လုံရင္ အမ်ိဳးသမီးမွာ ေထာင္(၆)ႏွစ္ က်ခံရမွာပါ။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဖီလစ်ပိုင်နိုင်ငံ၊ Mandaue မြို့မှာ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ဟာ လင်ငယ်အမျိုးသားတစ်ယောက်နဲ့ ခင်ပွန်းနောက်ကွယ်မှာ ဖောက်ပြန်နေခဲ့ပါတယ်။ သတင်းမှာ အမျိုးသမီးနဲ့ဖောက်ပြန်နေသူကို Toyboy ဟုသုံးထားတဲ့အတွက် အမျိုးသမီးထက်အဆပေါင်းများစွာငယ်ရွယ်တဲ့

အမျိုးသားတစ်ယောက်လို့ယူဆရပါတယ်။ ဖောက်ပြန်သူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ရေနံနဲ့သဘာဝသတ္တု တူးဖော်တဲ့ လုပ်ငန်းခွင်မှာအလုပ်လုပ်သူပါ။ ယခင်ကတော့ သူ Mandaue မြို့ကို ပြန်လာတိုင်း ဇနီးဖြစ်သူဟာအမြဲတမ်းဖော်ဖော်ရွေရွေ ရှိနေပြီး၊

လိုလေသေးမရှိ ပြုစုဆက်ဆံတယ်လို့ဆိုပါတယ်။ ဒီတစ်ခေါက်မှာတော့သူမကခပ်စိမ်းစိမ်းပါတဲ့။ ဒါနဲ့ အတော်လေး မသင်္ကာဖြစ်ပြီး၊ ဇနီးဖြစ်သူရဲ့မူမမှန်တဲ့အခြေအနေကို လုံးမသိယောင်ဆောင်၊ ငတုံးတစ်ယောက်လို နေပြကာ စုံစမ်းခြေရာခံတာတွေ လုပ်ခဲ့ပါတယ်။ တစ်ရက်မှာတော့

ဇနီးဖြစ်သူက သူမရုံးမှာ အချိန်ပိုဆင်းရမှာ ဖြစ်လို့၊ ရုံးမှာပဲ ဖြစ်သလိုညအိပ်မယ်လို့ဖုန်းဆက်ပါသတဲ့။ ဒီအထိလင်ဖြစ်သူက ငြိမ်နေဆဲပါ။ နောက်တစ်ရက်ကျတော့ ခင်ပွန်းဖြစ်သူကသူမကိုအပြင်မှာ တစ်ခုခုစားရအောင် ခေါ်ပါတယ်။ သူမ လိုက်လာခဲ့ပြီး၊ ရုတ်တရက် ဖုန်း Misscall တစ်ခု

ဝင်လာပါတယ်။ သူမချက်ချင်းပြန်မဆက်ဘဲ အပေါ့အပါးသွားတဲ့ပုံစံနဲ့ ထွက်သွားပြီး အဲဒီလူဆီကို ဖုန်းပြန်ခေါ်ခဲ့ပါတယ်။ ဒီလိုနဲ့သူမကရုံးကနေ အရေးပေါ်လှမ်းခေါ်တာလို့ပြောပြီး ထွက်သွားခဲ့ပါတယ်။ ဒီအခါမှာတော့ ခင်ပွန်းဖြစ်သူကချက်ချင်း နောက်ယောက်ခံလိုက်ခဲ့ပါတယ်။

ခင်ပွန်းက ဘာဆက်လုပ်ရမှန်းမသိတော့ သူငယ်ချင်းတွေကို ဖုန်းဆက်ခဲ့ပါတယ်။ သူငယ်ချင်းတွေက ရဲကို အကြောင်းကြားပေးခဲ့ပြီး၊ သံသရှိခံရသူဇနီးသည် ဝင်သွားတဲ့ဟော်တယ်ဆီကို ခြေရာခံ လိုက်စေခဲ့ပါတယ်။ ဟော်တယ်ဝန်ထမ်းတွေက ပေးမဝင်ခဲ့ပါဘူး။ နောက်တော့ရဲတွေပါ

ပါလာတဲ့အခါမှာဟော်တယ်ဝန်ထမ်းတွေလည်း ဘယ်လိုမှ မတက်နိုင်တော့ဘဲ ဖောက်ပြန်သူနှစ်ဦးရှိရာ အခန်းကို ပြရပါတော့တယ်။ အခန်းထဲကို ဝင်တော့နှစ်ယောက်စလုံးမတွေ့ရပါဘူး။ ဒါပေမယ့်ရဲတွေကမျက်နှာကျက်ထပ်ခိုးမှာ သူတို့တစ်တွေ ရှိနေနိုင်တာ သိနေပါတယ်။

မကြာမီမှာပဲဖိနပ်တစ်ဖက် ပြုတ်ကျလာပါတယ်။ဒါကြောင့် ရဲတွေကလှေကားနဲ့တက်ကြည့်ပြီး နှစ်ယောက်စလုံးကို အမြန်ဆင်းလာဖို့ ပြောခဲ့ပါတယ်။ အမျိုးသားကဆင်းလာခဲ့ပေမယ့် အမျိုးသမီးက ရဲမေရဲ့အကူအညီမပါဘဲ အဖမ်းမခံနိုင်ဘူးလို့ အကြပ်ကိုင်ပါတယ်။ ခင်ပွန်းဖြစ်သူကတော့

ဖောက်ပြန်သူနှစ်ယောက်စလုံးကို အမှုဖွင့်တရားစွဲဆိုထားပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်ကြောင်း ပြစ်မှုခိုင်လုံရင် အမျိုးသမီးမှာ ထောင်(၆)နှစ် ကျခံရမှာပါ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်