ဆိုင်ရှင်ဖြစ်သူနဲ့ ဓါတ်ပုံတွဲရိုက်ချင်ကြလို့ ဝယ်သူများများနေတဲ့သစ်သီးဆိုင်လေး
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဒီခေါက်ဆွဲကောင်းလွန်းလို့စားတာလား ဆိုင်ရှင်လေးချောလွန်းလို့သွားတာလားဆိုတဲ့ စိုင်းဆိုင်မောဝ်ရဲ့ သီချင်းလို ဗီယက်နမ်ကလမ်းဘေးဈေးသည်ကောင်မလေးတစ်ယောက်ဟာ အွန်လိုင်းသုံးစွဲသူတွေကြားနာမည်ကြီးလို့နေပါတယ်။
လတ်ဆတ်တဲ့သစ်သီးဖျော်ရည်တွေရောင်းချတဲ့ သူမရဲ့ဆိုင်မှာ ပုရိသအပေါင်းဟာရုန်းစုလို့နေပါတယ်။ ဖျော်ရည်သောက်ချင်တာထက် ဆိုင်ရှင်လေးနဲ့ အတူတူဓါတ်ပုံရိုက်ချင်လို့ပါတဲ့။ ဓါတ်ပုံရိုက်ပေးရင် ဖျော်ရည်ဝယ်သောက်မယ်ဆိုတဲ့
တောင်းဆိုချက်တွေလဲ ရံဖန်ရံခါပြုလုပ်တတ်ကြပါသေးတယ်။ ဆိုင်ပိုင်ရှင်မိန်းမချောလေးကတော့ ဖောက်သည်တွေနဲ့ အတူ မငြီးမညူဓါတ်ပုံရိုက်ပေးလေ့ရှိပါတယ်။ ဓါတ်ပုံရိုက်ခံရပါများလာတော့ ဘယ်လိုပို့စ်ပေးရမလဲတောင်သိနေပြီဆိုတဲ့
ဆိုင်ရှင်မိန်းမချောလေးဟာ တကယ်ပဲလှလား ပရိတ်သတ်တို့ပဲကြည့်သွားကြပါတော့နော်။ အဲဒီလိုဆိုင်မျိုး မြန်မာနိုင်ငံမှာရှိရင် သွားဝယ်ကြမှာလား။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်