ရုတ်တရက်လေဖြန်းသွားခဲ့တဲ့ ဟာသသရုပ်ဆောင်လူရွှင်တော် ငြိမ်းချမ်းကို သွားရောက်လှူဒါန်းခဲ့​သော လူရွှင်တော် ဦးကောင်းကျော်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပရိသတ်ကြီးရေ ငယ်ဘဝအမှတ်တရတွေထဲမှာ ရှုမ၀ အငြိမ့်ရဲ့ မျက်ရည်ကျအောင်ရယ် ခဲ့ရတဲ့ အမှတ်တရတွေလည်း ပါဝင်နေမယ်ထင်ပါတယ်နော်။ ရှုမဝအငြိမ့်အဖွဲ့မှာ ငြိမ်းချမ်း၊ ကောင်းကျော်၊ ထက်ထက်၊ ဝိုင်းချစ်နဲ့ရှဲဒိုးတို့လူရွှင်တော်တွေ
စုဝေးထားတာဖြစ်ပြီးတစ်ခေတ် တစ်ခါကပရိသတ်တွေကို ဝါးလုံးကွဲရယ်မောပျော်ရွှင်စေခဲ့တဲ့ ဟာသပညာရှင်တွေ ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့စိတ်မကောင်းစရာသတင်းတစ်ခုအနေနဲ့ လူရွှင်တော်ငြိမ်းချမ်းဟာလေတစ်ခြမ်းဖြန်း
သွားခဲ့တယ်လို့သိရပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့လပြည့်နေ့က ရွှေတိဂုံဘုရားသွားကောင်းမှု ကုသိုလ်လုပ်ပီးပြန်လာတဲ့ အချိန်မှာထင်မှတ်ဘဲ မျက်နှာတခြမ်းလေဖြန်းသွားခဲ့ပြီး ညာဘက်မျက်လုံးနဲ့ပါးတခြမ်းထိသွားတယ်လို့သိရပါတယ်။
ဒီနေ့မှာတော့လေဖြန်းသွားတဲ့ရုပ်ရှင်နဲ့ဗီဒီယိုဟာသသရုပ်ဆောင် ကိုငြိမ်းချမ်းအတွက် ဟာသလူရွှင်တော် ကိုမေတ္တာရဲ့မိတ်ဆွေ Royal Club ကုမ္မဏီ မှ MD ဦးခင်မောင် လေးမှကူညီထောက်ပံ့ငွေ၅၀၀၀၀ငါးသောင်ကျပ်တိတိကို
အလှူရှင်ကိုယ်စားလူရွှင်တော် ဦးကောင်းကျော်က သွားရောက်ပေးအပ်ထောက်ပံ့ကူညီပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။ နှစ်ပေါင်းများစွာလက်တွဲလာတဲ့လူရွှင်တော်အနုပညာ
ညီအစ်ကိုတွေဖြစ်တဲ့အတွက် အမြန်ဆုံးသက် သာပျောက်ကင်းပါစေအကိုရေလို့လည်း ဦးကောင်းကျော်က စိတ်မကောင်းစွာနဲ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ တစ်ချိန်က ဒီလူရွှင်တော်ကြီးရဲ့ဟာသတွေနဲ့ရယ်မောပျော်ရွှင်ဘူးတဲ့
ပရိသတ်တွေတိုင်းကလည်း ဦးငြိမ်းချမ်းအမြန်ဆုံးကျန်းမာလာဖို့ဆုမွန်ကောင်းလေးတွေ တောင်းပေးကြပါဦး။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်