ငါးေထာင္တန္အား ဖ်က္​ဆီးျပခဲ့တဲ့ လင္မယား ၂ ေယာက္ကို ဖမ္းဆီးရျခင္းရဲ႕ ေနာက္ကြယ္ကအ​ေၾကာင္​း

၅၀၀၀ တန္ ေငြစကၠဴကို အြန္လိုင္းမွာ ဖ်က္ဆီး​႔ျပလို႔ လင္မယားႏွစ္ေယာက္ေတာ့ အခ်ဳပ္ထဲ ေရာက္သြားၿပီ။ သူတို႔မသိတာက အဲဒီစကၠဴပိုက္ဆံေတြဟာ သူတို႔အပိုင္မဟုတ္ဘူးဆိုတာပါပဲ။ခင္ဗ်ားပိုက္ဆံအိတ္ထဲက ေငြစကၠဴေတြဟာ ခင္ဗ်ားမပိုင္ပါဘူး ဗဟိုဘဏ္ကေနခင္ဗ်ားကို

ခဏထုတ္ေပးထားတာပါ။ ခင္ဗ်ားပိုင္တာက အဲဒီေငြစကၠဴေတြက ေဖာ္ျပသတ္မွတ္ေပးထားတဲ့ ဖလွယ္နိုင္တဲ့ တန္ဖိုးကိုပဲပိုင္တာျဖစ္တယ္။ နိုင္ငံေတာ္ရဲ႕ေငြေၾကးစနစ္ႀကီးထဲမွာ နိုင္ငံသားေတြက ပါဝင္ဆင္ႏြဲေနၾကတယ္။ ကုန္ပစၥည္းေတြ လုပ္အားေတြ အခ်င္းခ်င္းဖလွယ္ၾကဖို႔

“ၾကားခံကိရိယာ” အျဖစ္ ေငြေၾကးကိုနိုင္ငံေတာ္ ကေနစိုက္ထုတ္ရိုက္ႏွိပ္ တန္ဖိုးသတ္မွတ္ေပးထားပါတယ္။ အဲဒီေငြစကၠဴေတြအားလုံးဟာ နိုင္ငံေတာ္အပိုင္ပါ။ ကာစီနိုေလာင္းကစား႐ုံတစ္ခုသေဘာနဲ႔ေတြးၾကည့္ပါ။ ကစားလို႔ရတဲ့ ကူပြန္ေတြကိုကာစီနို႐ုံပိုင္ရွင္ကထုတ္လုပ္ထားတယ္။

ဒီ ကူပြန္ေတြကို ခင္ဗ်ားအသုံးျပဳေနေပမဲ့ ခင္ဗ်ားမပိုင္သလိုပဲ ခင္ဗ်ားမီးခံေသတၱာထဲကေငြစကၠဴေတြ ကို ခင္ဗ်ားမပိုင္ဘူး။ သူတို႔ကေဖာ္ၫႊန္းတဲ့ ဖလွယ္နိုင္စြမ္းတန္ဖိုးကိုပဲ ခင္ဗ်ားပိုင္တာ။ ဒီ ၂ ခု မတူတာကို ျမင္ရင္သေဘာေပါက္မွာပါ။ ဒီလင္မယားကံေကာင္းသြားတာကျမန္မာျပည္မွာမို႔

ေထာင္ ၂ ႏွစ္ပဲက်နိဳင္တာ။ အေမရိကန္ မွာဆိုရင္ ၁ ေဒၚလာတန္ကို ဖ်က္ဆီးျပရင္ေတာင္ ေထာင္ ၁၀ ႏွစ္ေလာက္ခ်လို႔ရတယ္။ နိုင္ငံေတာ္က ဘာလို႔ဆတ္ဆတ္ထိမခံ ျဖစ္သလဲဆိုေတာ့ သမိုင္းေၾကာင္းရွိပါတယ္။ ဟိုအရင္ကေငြစကၠဴရယ္လို႔ မရွိခင္က ဒဂၤါးေတြနဲ႔ဖလွယ္ၾကရတာ။

တခ်ိဳ႕လူဆိုးေတြကေငြဒဂၤါးေတြကို ဖဲ့ၾကတယ္ အစအနေတြကို ျပန္စုၿပီးတစ္ခါထပ္သုံးၾကျပန္ေတာ့အစိုးရမွာ ျပႆနာတက္ခဲ့တယ္။ ဒါေၾကာင့္ ေငြေၾကးကို မဖ်က္ဆီးရ ဥပေဒကို ျပဌာန္းခဲ့ရတယ္။ေနာက္တစ္ခ်က္က ေငြစကၠဴတစ္႐ြက္တိုင္းမွာ ထုတ္လုပ္မႈစရိတ္ရွိပါတယ္။

ဥပမာ ၁ ေဒၚလာတန္ ေငြစကၠဴတစ္႐ြက္ဟာ ၅ ဆင့္ခြဲေလာက္က်ၿပီးေတာ့ ေဒၚလာ၁၀၀တန္ဟာ ၁၄ ဆင့္ေလာက္တန္ပါတယ္။ ဒါေတြကို ဖ်က္ဆီးတာဟာ တိုင္းျပည္ပိုင္ပစၥည္းကိုဖ်က္ဆီးေနတာပါပဲ။ လည္ပတ္ေနတဲ့ေငြေၾကးေတြ ဆုံးရႈံးသြားရင္ ဗဟိုဘဏ္က ျပန္ရိုက္ရတဲ့အခါမွာ

ေငြကုန္ေၾကးက်ေတြ ျဖစ္လာေစပါတယ္။ အခုနက လင္မယားဟာအိမ္ထဲမွာ၅၀၀၀မေျပာနဲ႔ ငါးသိန္းဖ်က္ဆီး​လိုက္ရင္ေတာင္လူသူမသိတာမို႔ ဘာမွ ျဖစ္မွာမဟုတ္ဘူးဒါေပမဲ့ဆိုရွယ္မီဒီယာမွာဖ်က္​ဆီးျပျခင္းဟာ “အတုျမင္အတတ္သင္” ျဖစ္ေစတယ္။ လူေတြလိုက္လုပ္ရင္ဆုံးရႈံးမႈကိုခံစားရမွာက

နိုင္ငံေတာ္ျဖစ္တယ္။ ဒါေၾကာင့္ ဒီလိုမ်ိဳး အေရးယူရပါတယ္။ နိုင္ငံေတာ္တစ္ခုမွာေနေနရတယ္ဆိုတာေမြးျမဴေရးၿခံမွာ ေနေနရသလိုပါပဲ။ ခင္ဗ်ား က အစားအစာေတြကို စားနိုင္တယ္ အစာထည့္တဲ့ ခြက္ေတြကေတာ့ ၿခံရွင္ပိုင္တဲ့

ပစၥည္းေတြ ဆိုတာ အားလုံး မေမ့ၾကဖို႔လိုပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

၅၀၀၀ တန် ငွေစက္ကူကို အွန်လိုင်းမှာ ဖျက်ဆီး့ပြလို့ လင်မယားနှစ်ယောက်တော့ အချုပ်ထဲ ရောက်သွားပြီ။ သူတို့မသိတာက အဲဒီစက္ကူပိုက်ဆံတွေဟာ သူတို့အပိုင်မဟုတ်ဘူးဆိုတာပါပဲ။ခင်ဗျားပိုက်ဆံအိတ်ထဲက ငွေစက္ကူတွေဟာ ခင်ဗျားမပိုင်ပါဘူး ဗဟိုဘဏ်ကနေခင်ဗျားကို

ခဏထုတ်ပေးထားတာပါ။ ခင်ဗျားပိုင်တာက အဲဒီငွေစက္ကူတွေက ဖော်ပြသတ်မှတ်ပေးထားတဲ့ ဖလှယ်နိုင်တဲ့ တန်ဖိုးကိုပဲပိုင်တာဖြစ်တယ်။ နိုင်ငံတော်ရဲ့ငွေကြေးစနစ်ကြီးထဲမှာ နိုင်ငံသားတွေက ပါဝင်ဆင်နွဲနေကြတယ်။ ကုန်ပစ္စည်းတွေ လုပ်အားတွေ အချင်းချင်းဖလှယ်ကြဖို့

“ကြားခံကိရိယာ” အဖြစ် ငွေကြေးကိုနိုင်ငံတော် ကနေစိုက်ထုတ်ရိုက်နှိပ် တန်ဖိုးသတ်မှတ်ပေးထားပါတယ်။ အဲဒီငွေစက္ကူတွေအားလုံးဟာ နိုင်ငံတော်အပိုင်ပါ။ ကာစီနိုလောင်းကစားရုံတစ်ခုသဘောနဲ့တွေးကြည့်ပါ။ ကစားလို့ရတဲ့ ကူပွန်တွေကိုကာစီနိုရုံပိုင်ရှင်ကထုတ်လုပ်ထားတယ်။

ဒီ ကူပွန်တွေကို ခင်ဗျားအသုံးပြုနေပေမဲ့ ခင်ဗျားမပိုင်သလိုပဲ ခင်ဗျားမီးခံသေတ္တာထဲကငွေစက္ကူတွေ ကို ခင်ဗျားမပိုင်ဘူး။ သူတို့ကဖော်ညွှန်းတဲ့ ဖလှယ်နိုင်စွမ်းတန်ဖိုးကိုပဲ ခင်ဗျားပိုင်တာ။ ဒီ ၂ ခု မတူတာကို မြင်ရင်သဘောပေါက်မှာပါ။ ဒီလင်မယားကံကောင်းသွားတာကမြန်မာပြည်မှာမို့

ထောင် ၂ နှစ်ပဲကျနိုင်တာ။ အမေရိကန် မှာဆိုရင် ၁ ဒေါ်လာတန်ကို ဖျက်ဆီးပြရင်တောင် ထောင် ၁၀ နှစ်လောက်ချလို့ရတယ်။ နိုင်ငံတော်က ဘာလို့ဆတ်ဆတ်ထိမခံ ဖြစ်သလဲဆိုတော့ သမိုင်းကြောင်းရှိပါတယ်။ ဟိုအရင်ကငွေစက္ကူရယ်လို့ မရှိခင်က ဒင်္ဂါးတွေနဲ့ဖလှယ်ကြရတာ။

တချို့လူဆိုးတွေကငွေဒင်္ဂါးတွေကို ဖဲ့ကြတယ် အစအနတွေကို ပြန်စုပြီးတစ်ခါထပ်သုံးကြပြန်တော့အစိုးရမှာ ပြဿနာတက်ခဲ့တယ်။ ဒါကြောင့် ငွေကြေးကို မဖျက်ဆီးရ ဥပဒေကို ပြဌာန်းခဲ့ရတယ်။နောက်တစ်ချက်က ငွေစက္ကူတစ်ရွက်တိုင်းမှာ ထုတ်လုပ်မှုစရိတ်ရှိပါတယ်။

ဥပမာ ၁ ဒေါ်လာတန် ငွေစက္ကူတစ်ရွက်ဟာ ၅ ဆင့်ခွဲလောက်ကျပြီးတော့ ဒေါ်လာ၁၀၀တန်ဟာ ၁၄ ဆင့်လောက်တန်ပါတယ်။ ဒါတွေကို ဖျက်ဆီးတာဟာ တိုင်းပြည်ပိုင်ပစ္စည်းကိုဖျက်ဆီးနေတာပါပဲ။ လည်ပတ်နေတဲ့ငွေကြေးတွေ ဆုံးရှုံးသွားရင် ဗဟိုဘဏ်က ပြန်ရိုက်ရတဲ့အခါမှာ

ငွေကုန်ကြေးကျတွေ ဖြစ်လာစေပါတယ်။ အခုနက လင်မယားဟာအိမ်ထဲမှာ၅၀၀၀မပြောနဲ့ ငါးသိန်းဖျက်ဆီးလိုက်ရင်တောင်လူသူမသိတာမို့ ဘာမှ ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ဆိုရှယ်မီဒီယာမှာဖျက်ဆီးပြခြင်းဟာ “အတုမြင်အတတ်သင်” ဖြစ်စေတယ်။ လူတွေလိုက်လုပ်ရင်ဆုံးရှုံးမှုကိုခံစားရမှာက

နိုင်ငံတော်ဖြစ်တယ်။ ဒါကြောင့် ဒီလိုမျိုး အရေးယူရပါတယ်။ နိုင်ငံတော်တစ်ခုမှာနေနေရတယ်ဆိုတာမွေးမြူရေးခြံမှာ နေနေရသလိုပါပဲ။ ခင်ဗျား က အစားအစာတွေကို စားနိုင်တယ် အစာထည့်တဲ့ ခွက်တွေကတော့ ခြံရှင်ပိုင်တဲ့

ပစ္စည်းတွေ ဆိုတာ အားလုံး မမေ့ကြဖို့လိုပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်