ဗုဒၶဘာသာျဖစ္ေပမယ့္ သီခ်င္းဆိုရတာႏွစ္သက္​တဲ့သား Roar Roar ေလးနဲ႔ Christmas Song ေလးအတူသီဆိုခဲ့ရင္း အမွတ္တရမ်ားဖန္တီးခဲ့​ေသာ ဆုပန္ထြာ

ပရိသတ္ႀကီးေရ ေပ်ာ္ရႊင္ဖြယ္မိသားစုဘဝေလးနဲ႔အတူ ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မွုေတြကို ရရွိထားသူ မင္းသမီးပန္ထြာကို အထူးအေထြ မိတ္ဆက္ေပးစရာမလိုေအာင္ ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ထင္ပါတယ္။

ဆုပန္ထြာကေတာ့ ခင္ပြန္းဆီက အခ်စ္ေတြနဲ႔အတူ သားေခ်ာေလး တစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီး သူမခ်စ္တဲ့ အႏုပညာအလုပ္ေတြနဲ႔ အတူ အိမ္ေထာင္ရွင္မ တာဝန္ေတြကိုပါ တာဝန္ေက်ေအာင္ လုပ္ေဆာင္နိုင္သူေလးပါ။

မေန႔က ဒီဇင္ဘာလ (၄)ရက္ေန႔မွာခ်စ္တဲ့ သားေလး Roar Roar ေလးနဲ႔အတူသူမပါ Christmas song ေလး သီဆိုဖို့ လုပ္ခဲ့ပုံေလးကို “(4.12.2020)Sweet December ေရာက္ၿပီမို့ Christmas Non-Stop Song ေလး သူငယ္ခ်င္းေတြစုၿပီးဆိုျဖစ္ၾကပါတယ္။

“ဆုပန္ထြာ၊ ဆူဇီ၊ ဂူဂူး၊ ဆူးေလး၊ ဆားဆာ” သူငယ္ခ်င္း (၅) ေယာက္စုၿပီးဆိုျဖစ္ၾကပါတယ္ရွင့္။ ဒီ Group Song ေလးထဲမွာ Roar Roar နဲ႔အတူတူ Christmas Song ေလး သားအမိႏွစ္ေယာက္ဆိုျဖစ္ပါတယ္။ Roar Roar ကသီခ်င္းေလးေတြ

အျမဲလိုက္ဆိုတတ္၊ ညည္းတတ္ေပမယ့္ ဒီတစ္ခါေတာ့ Recording ေသခ်ာသြင္းရတာမို့ ဒီ Christmas Song ေလးက သူ႔ဘဝမွာ ပထမဆုံးေသခ်ာဆိုျဖစ္တဲ့သီခ်င္းေလးမို့ သူ႔ဘဝေလးအတြက္မွတ္မွတ္ယယဓါတ္ပုံေလးေတြ

ရိုက္ထားရင္းတင္ျဖစ္ပါတယ္။ ပန္ပန႔္ဘဝမွာ ခ်စ္ရေသာသူငယ္ခ်င္းမ်ားစြာမွာ ဘာသာစုံ၊ လူမ်ိဳးစုံရွိတာမို့ ဗုဒၶဘာသာျဖစ္ၿပီး Christmas Song ဆိုရသလားလို႔အျပစ္မျမင္ေစခ်င္ပါဘူးေနာ္။ Christmas Newyear ေရာက္ေတာ့မွာမို့

အားလုံးကို ေပ်ာ္ေစခ်င္တဲ့စိတ္နဲ႔ အႏုပညာအလုပ္မွန္သမၽွတန္ဖိုးထားႀကိဳးစားလုပ္ရင္းဒီ Christmas Non-stop Song ေလးကို အားလုံးႀကိဳးစားဆိုထား၊ရိုက္ထားၾက ပါတယ္။ ဘာသာတိုင္းအေပၚ Respect ေလးနဲ႔ေလးစားဦးညြတ္ရင္း

သီခ်င္းေလးကိုယ​ေန႔ညတင္မွာမို့ အားေပးၾကဖို့ေတာင္းဆိုပါတယ္ရွင့္။ Roar Roar Kyaw ကိုဒီ Christmas Song ေလးဆိုဖို့အစစအရာရာစီစဥ္ေပးၾကတဲ့ တီတီဂူးနဲ႔ တီတီ ဆားဆာ ကိုအထူးေက်းဇူးတင္ရင္း Happy New Year ႏွင္​့

Merry Christmas to you all” ဆိုၿပီး သူမရဲ့လူမွုကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္။ သီခ်င္းဆိုတာႏွစ္သက္သူ သားေလးနဲ႔အတူတူ အမွတ္တရအျဖစ္ သီခ်င္းေလး သီဆိုရလို့ ဆုပန္ထြာတစ္ေယာက္ေတာ့ ေပ်ာ္ရႊင္ေနတဲ့ပုံပါပဲ။

အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ပရိသတ်ကြီးရေ ပျော်ရွှင်ဖွယ်မိသားစုဘဝလေးနဲ့အတူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူ မင်းသမီးပန်ထွာကို အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။

ဆုပန်ထွာကတော့ ခင်ပွန်းဆီက အချစ်တွေနဲ့အတူ သားချောလေး တစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သူမချစ်တဲ့ အနုပညာအလုပ်တွေနဲ့ အတူ အိမ်ထောင်ရှင်မ တာဝန်တွေကိုပါ တာဝန်ကျေအောင် လုပ်ဆောင်နိုင်သူလေးပါ။

မနေ့က ဒီဇင်ဘာလ (၄)ရက်နေ့မှာချစ်တဲ့ သားလေး Roar Roar လေးနဲ့အတူသူမပါ Christmas song လေး သီဆိုဖို့ လုပ်ခဲ့ပုံလေးကို “(4.12.2020)Sweet December ရောက်ပြီမို့ Christmas Non-Stop Song လေး သူငယ်ချင်းတွေစုပြီးဆိုဖြစ်ကြပါတယ်။

“ဆုပန်ထွာ၊ ဆူဇီ၊ ဂူဂူး၊ ဆူးလေး၊ ဆားဆာ” သူငယ်ချင်း (၅) ယောက်စုပြီးဆိုဖြစ်ကြပါတယ်ရှင့်။ ဒီ Group Song လေးထဲမှာ Roar Roar နဲ့အတူတူ Christmas Song လေး သားအမိနှစ်ယောက်ဆိုဖြစ်ပါတယ်။ Roar Roar ကသီချင်းလေးတွေ

အမြဲလိုက်ဆိုတတ်၊ ညည်းတတ်ပေမယ့် ဒီတစ်ခါတော့ Recording သေချာသွင်းရတာမို့ ဒီ Christmas Song လေးက သူ့ဘဝမှာ ပထမဆုံးသေချာဆိုဖြစ်တဲ့သီချင်းလေးမို့ သူ့ဘဝလေးအတွက်မှတ်မှတ်ယယဓါတ်ပုံလေးတွေ

ရိုက်ထားရင်းတင်ဖြစ်ပါတယ်။ ပန်ပန့်ဘဝမှာ ချစ်ရသောသူငယ်ချင်းများစွာမှာ ဘာသာစုံ၊ လူမျိုးစုံရှိတာမို့ ဗုဒ္ဓဘာသာဖြစ်ပြီး Christmas Song ဆိုရသလားလို့အပြစ်မမြင်စေချင်ပါဘူးနော်။ Christmas Newyear ရောက်တော့မှာမို့

အားလုံးကို ပျော်စေချင်တဲ့စိတ်နဲ့ အနုပညာအလုပ်မှန်သမျှတန်ဖိုးထားကြိုးစားလုပ်ရင်းဒီ Christmas Non-stop Song လေးကို အားလုံးကြိုးစားဆိုထား၊ရိုက်ထားကြ ပါတယ်။ ဘာသာတိုင်းအပေါ် Respect လေးနဲ့လေးစားဦးညွတ်ရင်း

သီချင်းလေးကိုယနေ့ညတင်မှာမို့ အားပေးကြဖို့တောင်းဆိုပါတယ်ရှင့်။ Roar Roar Kyaw ကိုဒီ Christmas Song လေးဆိုဖို့အစစအရာရာစီစဉ်ပေးကြတဲ့ တီတီဂူးနဲ့ တီတီ ဆားဆာ ကိုအထူးကျေးဇူးတင်ရင်း Happy New Year နှင့်

Merry Christmas to you all” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ သီချင်းဆိုတာနှစ်သက်သူ သားလေးနဲ့အတူတူ အမှတ်တရအဖြစ် သီချင်းလေး သီဆိုရလို့ ဆုပန်ထွာတစ်ယောက်တော့ ပျော်ရွှင်နေတဲ့ပုံပါပဲ။

အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်