တကၠသိုလ္ဘဝကအမွတ္တရနဲ႔ ပရိသတ္ေတြမသိေသးတဲ့ သူမရဲ႕ဘဝျဖတ္သန္းမႈေတြကို ႏွစ္တစ္ရာျပည့္ေန႔​ေလးမွာ ဖြင့္ခ်လာခဲ့တဲ့ သံသာဝင္း

ပရိသတ္ႀကီးေရ အဆိုေတာ္ သံသာဝင္းကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာမလိုေအာင္ ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ထင္ပါတယ္။ အနဂၢနဲ႔ အိမ္ေထာင္က်ၿပီးသမီးေလးတစ္ဦးနဲ႔အတူ ေပ်ာ္ရႊင္ဖြယ္မိသားစုဘဝေလးကိုပိုင္ဆိုင္ထားသူ သံသာဝင္းကေတာ့အႏုပညာအလုပ္ေတြကို

လုပ္ကိုင္ျခင္းမရွိေတာ့ဘဲ ဘဝကိုေပ်ာ္ရႊင္စြာ ျဖတ္သန္ေနးသူပါ။ ႏိုဝင္ဘာလ ၃၀ ရက္ေန႔မွာေတာ့ သံသာဝင္းက “ရန္ကုန္တကၠသိုလ္ရာျပည့္ပြဲတဲ့၊ ဒီတကၠသိုလ္ႀကီး နဲ႔ ကၽြန္မ ပက္သက္မႈအေၾကာင္းေတြကို ျပန္စဥ္းစားၾကည့္မိလိုက္ေတာ့အမွတ္တရေတြကတကယ္ကိုမ်ားစြာ

နည္းနည္းေတာ့စာရွည္ပါမယ္ေနာ္။ ကၽြန္မကအဲ့ရန္ကုန္တကၠသိုလ္ (Main) ဆိုတဲ့ေက်ာင္းေတာ္ဝန္းႀကီးထဲမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္တိုင္ေအာင္ ပညာသင္ယူ အခ်ိန္မ်ားစြာကုန္လြန္ခဲ့ဖူးတယ္ဆိုရင္၊ ရန္ကုန္တကၠသိုလ္ လႈိင္နယ္ေျမ RC2 ထဲကိုကၽြန္မ စေရာက္တာ (၁၉၉၄–၉၅) ခုႏွစ္

႐ူပေဗဒအထူးျပဳနဲ႔ပထမႏွစ္ ဒုတိယႏွစ္အတန္းေတြကို ၂ ႏွစ္တာတက္ေရာက္ခဲ့ၿပီး၊ ဂုဏ္ထူးတန္းဝင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ၁၉၉၆ ပညာသင္ႏွစ္မွာကၽြန္မသိပ္သြားခ်င္တဲ့ရန္ကုန္တကၠသိုလ္ (Main) ဝန္းထဲကိုစတင္ေျခခ်ပညာသင္ခြင့္ရခဲ့တယ္။ အဲ့ဒီမွာဂုဏ္ထူးတန္းပထမႏွစ္ဒုတိယႏွစ္နဲ႔

တတိယႏွစ္ထိဆက္တိုက္တက္ပီး ၂၀၀၀ ျပည့္ႏွစ္မွာေက်ာင္းၿပီးလို႔ ၂၀၀၁ ခုႏွစ္မွာ B.Sc (Honours) ဘြဲ႔ကိုရရွိခဲ့ပါတယ္။ အဲ့ဒီကမွတဆင့္ ၂၀၀၂ ခုႏွစ္ မွာမဟာသိပၸံ Master တန္း ပထမႏွစ္နဲ႔ ဒုတိယႏွစ္ ကိုဆက္တက္ခဲ့ပါတယ္။ ၂၀၀၃ ခုႏွစ္မွာေတာ့ M.Sc (Engineering) ဘြဲ႔ကို

ထပ္မံယူခဲ့ပါတယ္၊ အဲဒါကေန မေက်နပ္ေသး သုတသနျပဳဖို႔ အမွတ္မွီလို႔မဟာသုေတသန Research တန္းကိုေနာက္ထပ္ တစ္ႏွစ္ထပ္တက္ပါတယ္။ ၂၀၀၄ ခုႏွစ္မွာေတာ့ M.Res ဘြဲ႔ကိုထပ္ရခဲ့ပါတယ္၊ ​အဲ့မွာတင္ရပ္လိုက္ဖို႔ ဆုံးျဖတ္လိုက္ေပမဲ့ မိသားစုကေကာသူငယ္ခ်င္းေတြကပါ

ပါရဂူဘြဲ႔ ဆက္ယူဖို႔အခြင့္အေရးရွိတုန္း ဆက္တက္ပါလားလို႔ အႀကံျပဳတိုက္တြန္းၾကပါတယ္၊ ေနာက္ထပ္ ၅ ႏွစ္ႀကီးမ်ားေတာင္ ထပ္တက္ရမွာကို ေတြးၾကည့္မိေတာ့ အသက္ ၅ ႏွစ္ မူႀကိဳထဲက စတက္ခဲ့ရတဲ့ေက်ာင္း ဒီအသက္အ႐ြယ္ထိသင္လို႔ပဲမကုန္ႏိုင္တက္လို႔မပီးႏိုင္ဆိုၿပီးခ်ီတုံခ်တုံနဲ႔

အခါခါစဥ္းစားခဲ့မိပါတယ္။ ေနာက္ဆုံးေတာ့ ပါရဂူႀကိဳ preliminary တန္းကို ၂၀၀၄ ကေန ၂၀၀၅ ထိ ဆက္လက္တက္ေရာက္ခဲ့ပါတယ္။ အဲ့တႏွစ္ပီးတာနဲ႔ ေနာက္ထပ္ ၄ ႏွစ္တာကာလကေတာ့ ဒီတကၠသိုလ္ႀကီးထဲမွာပဲ ဆက္လက္ ေပ်ာ္ေပ်ာ္ႀကီးပါပဲ၊ သူငယ္ခ်င္းေတြနဲ႔အတူ

ဝင္လိုက္ထြက္လိုက္နဲ႔ အတန္းေတြတက္ lab ေတြဝင္ Seminar ေတြတက္ Defense ေတြထိုင္ project ေတြလုပ္ရင္းနဲ႔ပဲ ​ေနာက္ဆုံးေတာ့ ၂၀၀၉ ခုႏွစ္မွာ ပါရဂူဘြဲ႕ Ph.Dကိုရရွိခဲ့ပါတယ္၊ အဲ့ဒီ့ေန႔ကေတာ့ ဘဝမွာ အေပ်ာ္ဆုံးေန႔ေတြထဲက တေန႔ပါပဲ၊ သူငယ္ခ်င္းေတြကိုဆိုက်မအၿမဲတမ္​း

စေနာက္ပီးေျပာေလ့ရွိပါတယ္ PhD သာတကယ္ၿပီးခဲ့ရင္ အဲ့ေန႔က်ငါတကယ္ ဂြၽမ္းထိုးမွာလို႔စာေတြထပ္သင္ ေက်ာင္းေတြထပ္သြားစရာမလိုဘူး လြတ္ပီကြၽတ္ပီဆိုၿပီးတကယ္တမ္းရခဲ့ေတာ့လည္း ဂြၽမ္းထိုးဖို႔ေမ့သြားခဲ့ပါတယ္။ အခ်ိန္ေတြၾကာလြန္းလို႔ ​ေက်ာင္းဆိုရင္အသံေတာင္မၾကားခ်င္

​ေ​တာ့ေလာက္ေအာင္တကယ္ျဖစ္ခဲ့ဖူးပါတယ္။ အခုေတာ့လည္း လြမ္းမိျပန္တာပါပဲေလ။ အထူးသျဖင့္ကၽြန္မတို႔ရဲ႕ physics ေဆာင္ေရွ႕နဲ႔သစ္ပုတ္ပင္ႀကီးဘြဲ႕ေတြအခါခါယူရလို႔ကံေကာင္းစြာနဲ႔ ခဏခဏ ဝင္ခြင့္ရခဲ့တဲ့ convocation hall copy ေတြဆြဲရလြန္းလို႔ အခါခါသြားခဲ့ရတဲ့

Library ေဘးလမ္းက copy ဆိုင္​ဒူးတုန္တုန္နဲ႔ ျဖတ္ေလွ်ာက္ခဲ့ရတဲ့ ဆရာႀကီးေဒါက္တာစိန္ထြန္း႐ုံးခန္းေရွ႕နဲ႔ Theartre အခန္း သူငယ္ခ်င္းေတြ နဲ႔ အားတိုင္း အၿမဲထိုင္ေနၾက chemistry ေဆာင္ေရွ႕ကလမင္းစားေသာက္ဆိုင္နဲ႔ သိပၸံ canteen နာမည္ႀကီးလို႔သြားေလွ်ာက္ခဲ့ဖူးတဲ့

စစ္ကိုင္းလမ္း လမ္းဘယ္ေတာ့မွဆင္းမေလွ်ာက္ျဖစ္ပဲ ကားနဲ႔သာေမာင္းျဖတ္ျဖစ္ခဲ့တဲ့ အဓိပတိလမ္းအမ်ားႀကီးပါ၊ စဥ္းစားၾကည့္ေတာ့ လႈိင္နယ္ေျမမွာ ၂ ႏွစ္ရန္ကုန္တကၠသိုလ္တခုထဲမွာတင္ ၁၃ ႏွစ္ကၽြန္မရဲ႕ တကၠသိုလ္ေက်ာင္းသူဘဝကစုစုေပါင္း ၁၅ ႏွစ္အဲ့ေတာ့အမွတ္ရစရာ

အေၾကာင္းတရားေတြလည္း မ်ားစြာ မ်ားစြာ​ေက်းဇူးတရားေတြလည္း မ်ားစြာသမိုင္းအစဥ္အလာႀကီးမားခဲ့တဲ့ဒီတကၠသိုလ္ႀကီး အခုေတာ့ ႏွစ္တရာတိုင္ခဲ့ၿပီ။ ႏွစ္ေပါင္းမ်ားစြာ ဆက္လက္တည္တံ့အဓြန႔္ရွည္ၿပီး ႏိုင္ငံကိုအက်ိဳးျပဳ ႏိုင္ငံကအားထားရမဲ့ ေနာင္မ်ိဳးဆက္ပညာတတ္

သားေကာင္းသမီးေတြ အမ်ားႀကီး ဆက္လက္ေမြးထုတ္ေပးႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္းနဲ႔ ေက်းဇူးတင္ဂါရဝျပဳလိုက္ပါတယ္ရွင္” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္.။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ပရိသတ်ကြီးရေ အဆိုတော် သံသာဝင်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ အနဂ္ဂနဲ့ အိမ်ထောင်ကျပြီးသမီးလေးတစ်ဦးနဲ့အတူ ပျော်ရွှင်ဖွယ်မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူ သံသာဝင်းကတော့အနုပညာအလုပ်တွေကို

လုပ်ကိုင်ခြင်းမရှိတော့ဘဲ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်နေးသူပါ။ နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ သံသာဝင်းက “ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲတဲ့၊ ဒီတက္ကသိုလ်ကြီး နဲ့ ကျွန်မ ပက်သက်မှုအကြောင်းတွေကို ပြန်စဉ်းစားကြည့်မိလိုက်တော့အမှတ်တရတွေကတကယ်ကိုများစွာ

နည်းနည်းတော့စာရှည်ပါမယ်နော်။ ကျွန်မကအဲ့ရန်ကုန်တက္ကသိုလ် (Main) ဆိုတဲ့ကျောင်းတော်ဝန်းကြီးထဲမှာ ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် ပညာသင်ယူ အချိန်များစွာကုန်လွန်ခဲ့ဖူးတယ်ဆိုရင်၊ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ RC2 ထဲကိုကျွန်မ စရောက်တာ (၁၉၉၄–၉၅) ခုနှစ်

ရူပဗေဒအထူးပြုနဲ့ပထမနှစ် ဒုတိယနှစ်အတန်းတွေကို ၂ နှစ်တာတက်ရောက်ခဲ့ပြီး၊ ဂုဏ်ထူးတန်းဝင်ခဲ့ပါတယ်။ အဲဒါကြောင့် ၁၉၉၆ ပညာသင်နှစ်မှာကျွန်မသိပ်သွားချင်တဲ့ရန်ကုန်တက္ကသိုလ် (Main) ဝန်းထဲကိုစတင်ခြေချပညာသင်ခွင့်ရခဲ့တယ်။ အဲ့ဒီမှာဂုဏ်ထူးတန်းပထမနှစ်ဒုတိယနှစ်နဲ့

တတိယနှစ်ထိဆက်တိုက်တက်ပီး ၂၀၀၀ ပြည့်နှစ်မှာကျောင်းပြီးလို့ ၂၀၀၁ ခုနှစ်မှာ B.Sc (Honours) ဘွဲ့ကိုရရှိခဲ့ပါတယ်။ အဲ့ဒီကမှတဆင့် ၂၀၀၂ ခုနှစ် မှာမဟာသိပ္ပံ Master တန်း ပထမနှစ်နဲ့ ဒုတိယနှစ် ကိုဆက်တက်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ M.Sc (Engineering) ဘွဲ့ကို

ထပ်မံယူခဲ့ပါတယ်၊ အဲဒါကနေ မကျေနပ်သေး သုတသနပြုဖို့ အမှတ်မှီလို့မဟာသုတေသန Research တန်းကိုနောက်ထပ် တစ်နှစ်ထပ်တက်ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ M.Res ဘွဲ့ကိုထပ်ရခဲ့ပါတယ်၊ အဲ့မှာတင်ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပေမဲ့ မိသားစုကကောသူငယ်ချင်းတွေကပါ

ပါရဂူဘွဲ့ ဆက်ယူဖို့အခွင့်အရေးရှိတုန်း ဆက်တက်ပါလားလို့ အကြံပြုတိုက်တွန်းကြပါတယ်၊ နောက်ထပ် ၅ နှစ်ကြီးများတောင် ထပ်တက်ရမှာကို တွေးကြည့်မိတော့ အသက် ၅ နှစ် မူကြိုထဲက စတက်ခဲ့ရတဲ့ကျောင်း ဒီအသက်အရွယ်ထိသင်လို့ပဲမကုန်နိုင်တက်လို့မပီးနိုင်ဆိုပြီးချီတုံချတုံနဲ့

အခါခါစဉ်းစားခဲ့မိပါတယ်။ နောက်ဆုံးတော့ ပါရဂူကြို preliminary တန်းကို ၂၀၀၄ ကနေ ၂၀၀၅ ထိ ဆက်လက်တက်ရောက်ခဲ့ပါတယ်။ အဲ့တနှစ်ပီးတာနဲ့ နောက်ထပ် ၄ နှစ်တာကာလကတော့ ဒီတက္ကသိုလ်ကြီးထဲမှာပဲ ဆက်လက် ပျော်ပျော်ကြီးပါပဲ၊ သူငယ်ချင်းတွေနဲ့အတူ

ဝင်လိုက်ထွက်လိုက်နဲ့ အတန်းတွေတက် lab တွေဝင် Seminar တွေတက် Defense တွေထိုင် project တွေလုပ်ရင်းနဲ့ပဲ နောက်ဆုံးတော့ ၂၀၀၉ ခုနှစ်မှာ ပါရဂူဘွဲ့ Ph.Dကိုရရှိခဲ့ပါတယ်၊ အဲ့ဒီ့နေ့ကတော့ ဘဝမှာ အပျော်ဆုံးနေ့တွေထဲက တနေ့ပါပဲ၊ သူငယ်ချင်းတွေကိုဆိုကျမအမြဲတမ်း

စနောက်ပီးပြောလေ့ရှိပါတယ် PhD သာတကယ်ပြီးခဲ့ရင် အဲ့နေ့ကျငါတကယ် ဂျွမ်းထိုးမှာလို့စာတွေထပ်သင် ကျောင်းတွေထပ်သွားစရာမလိုဘူး လွတ်ပီကျွတ်ပီဆိုပြီးတကယ်တမ်းရခဲ့တော့လည်း ဂျွမ်းထိုးဖို့မေ့သွားခဲ့ပါတယ်။ အချိန်တွေကြာလွန်းလို့ ကျောင်းဆိုရင်အသံတောင်မကြားချင်

တော့လောက်အောင်တကယ်ဖြစ်ခဲ့ဖူးပါတယ်။ အခုတော့လည်း လွမ်းမိပြန်တာပါပဲလေ။ အထူးသဖြင့်ကျွန်မတို့ရဲ့ physics ဆောင်ရှေ့နဲ့သစ်ပုတ်ပင်ကြီးဘွဲ့တွေအခါခါယူရလို့ကံကောင်းစွာနဲ့ ခဏခဏ ဝင်ခွင့်ရခဲ့တဲ့ convocation hall copy တွေဆွဲရလွန်းလို့ အခါခါသွားခဲ့ရတဲ့

Library ဘေးလမ်းက copy ဆိုင်ဒူးတုန်တုန်နဲ့ ဖြတ်လျှောက်ခဲ့ရတဲ့ ဆရာကြီးဒေါက်တာစိန်ထွန်းရုံးခန်းရှေ့နဲ့ Theartre အခန်း သူငယ်ချင်းတွေ နဲ့ အားတိုင်း အမြဲထိုင်နေကြ chemistry ဆောင်ရှေ့ကလမင်းစားသောက်ဆိုင်နဲ့ သိပ္ပံ canteen နာမည်ကြီးလို့သွားလျှောက်ခဲ့ဖူးတဲ့

စစ်ကိုင်းလမ်း လမ်းဘယ်တော့မှဆင်းမလျှောက်ဖြစ်ပဲ ကားနဲ့သာမောင်းဖြတ်ဖြစ်ခဲ့တဲ့ အဓိပတိလမ်းအများကြီးပါ၊ စဉ်းစားကြည့်တော့ လှိုင်နယ်မြေမှာ ၂ နှစ်ရန်ကုန်တက္ကသိုလ်တခုထဲမှာတင် ၁၃ နှစ်ကျွန်မရဲ့ တက္ကသိုလ်ကျောင်းသူဘဝကစုစုပေါင်း ၁၅ နှစ်အဲ့တော့အမှတ်ရစရာ

အကြောင်းတရားတွေလည်း များစွာ များစွာကျေးဇူးတရားတွေလည်း များစွာသမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ဒီတက္ကသိုလ်ကြီး အခုတော့ နှစ်တရာတိုင်ခဲ့ပြီ။ နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့အဓွန့်ရှည်ပြီး နိုင်ငံကိုအကျိုးပြု နိုင်ငံကအားထားရမဲ့ နောင်မျိုးဆက်ပညာတတ်

သားကောင်းသမီးတွေ အများကြီး ဆက်လက်မွေးထုတ်ပေးနိုင်ပါစေလို့ ဆုတောင်းပေးရင်းနဲ့ ကျေးဇူးတင်ဂါရဝပြုလိုက်ပါတယ်ရှင်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်