ေနအိမ္ေနာက္ေဖးတြင္​ အမွတ္မထင္ဘဲတူးေဖာ္ရရွိခဲ့တဲ့ ထူးဆန္းလြန္​း​ေသာပစၥည္း (၁၀) ခု

အခုတစ္ေခါက္ေျပာျပေပးသြားမယ့္အေၾကာင္းအရာကေတာ့ ေနအိမ္ေနာက္ေဖးတြင္ အမွတ္မထင္ဘဲ တူးေဖာ္ရရွိခဲ့တဲ့ ထူးဆန္းတဲ့ပစၥည္းေတြပဲျဖစ္ပါတယ္။ လူသားေတြက တစ္ေနရာကေန တစ္ေနရာကို ေျပာင္းေရြ႕အေျခခ်ေနထိုင္ေလ့ရွိၾကၿပီး ေနအိမ္အသစ္မွာမြန္းမံျပင္ဆင္မွုေတြကို

ျပဳလုပ္ေလ့ရွိၾကပါတယ္။ ဒီလိုအိမ္ျပင္ဆင္မွုေတြ ျပဳလုပ္ရာမွာ သူတို့ရဲ့ အိမ္ေနာက္ေဖးေတြကိုပါ ျပင္ဆင္ေလ့ရွိၾကၿပီး မထင္မွတ္ထားတဲ့ ထူးဆန္းတဲ့ ပစၥည္းေတြကို တူးေဖာ္ရရွိေလ့လည္း ရွိၾကပါတယ္။ ဒီလိုေနအိမ္ေနာက္ေဖးေတြမွာအမွတ္မထင္ တူးေဖာ္ရခဲ့တဲ့ထူးဆန္းတဲ့ပစၥည္းမ်ားကေတာ့

၁။ ဖရာရီကားတစ္စင္း

မိမိရဲ့ ေနအိမ္ေနာက္ေဖးမွာ အင္မတန္ေဈးႀကီးပါတယ္ဆိုတဲ့ ဖရာရီကားတစ္စင္းေတြ႔ရွိခဲ့တဲ့ အျဖစ္အပ်က္ကအင္မတန္ကို ရွားပါးလွပါတယ္။ ၁၉၇၈ ခုႏွစ္မွာအိမ္ပိုင္ရွင္ကေလးႏွစ္ေယာက္ဟာေလာ့အိန္ဂ်လိစ္က သူတို့ရဲ့ေနအိမ္ေနာက္ေဖးမွာ ေဆာ့ကစားေနၾကပါတယ္။

သူတို့ ကစားတဲ့ ကစားနည္းကေတာ့ ေျမႀကီးေတြကို တူးေဖာ္တဲ့ ကစားနည္းတစ္ခုျဖစ္ၿပီး တကယ့္ကို အမွတ္မထင္ဘဲ Ferrari Dino 246 GTS ကားတစ္စင္းကို တူးေဖာ္ ေတြ႕ရွိခဲ့တာပါ။ ဒီလို ကားတစ္စင္းေတြ႕ရွိရတဲ့အေၾကာင္းကို ရဲကို သတင္းလွမ္းေပးခဲ့ၿပီးရဲေတြကေတာ့ဒီကားဟာ

တစ္ခ်ိန္ကအခိုးခံလိုက္ရတဲ့ ကားတစ္စင္းျဖစ္နိုင္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။ ကားသူခိုးျဖစ္သူကကားကိုခိုးယူလာခဲ့ၿပီး လူေတြမသိေအာင္ေျမေအာက္မွာေျမျမႇပ္ထားခဲ့ရာကအစ

အခုလို ျပန္ေတြ႔ရျခင္းျဖစ္တယ္လို့ ေျပာဆိုခဲ့ပါတယ္။ ဒီ တူးေဖာ္ရရွိခဲ့တဲ့ ဖရာရီကားကို အာမခံကုမၸဏီဆီကို လႊဲေျပာင္းေပးလိုက္ၿပီး ေလလံတင္ကာ ေရာင္းခ်ခဲ့တာပါ။

၂။  ေဒၚလာတစ္သိန္းေက်ာ္တန္ဖိုးရွိ ေဆးေျခာက္မ်ား

ေနအိမ္ေနာက္ေဖးတြင္ အမွတ္မထင္ဘဲ တူးေဖာ္ရရွိခဲ့တဲ့ ထူးဆန္းတဲ့ပစၥည္းေတြထဲမွာ နံပတ္ (၇)ေနရာမွာ ရွိေနတဲ့ ျဖစ္ရပ္ကေတာ့ ေဒၚလာတစ္သိန္းေက်ာ္တန္ဖိုးရွိ ေဆးေျခာက္အထုတ္ကို အမွတ္မထင္ရွာေဖြေတြ႕ရွိခဲ့တဲ့ျဖစ္ရပ္ပဲျဖစ္ပါတယ္။ ၂၀၁၂ ခုႏွစ္ဒီဇင္ဘာလမွာ

​ေလာ့စ္အိန္ဂ်လိစ္က Mack Reed ဆိုတဲ့လူတစ္ေယာက္က သူ႔အိမ္ေခါင္းမိုးေပၚတက္ၿပီး ဆိုလာဘတၱရီတစ္ခု တပ္ဆင္ဖို့ တက္သြားခဲ့ပါတယ္။ အိမ္ေခါင္မိုးေပၚမွာရွိေနတဲ့ အခန္းငယ္တစ္ခုကို သူဖြင့္ၾကည့္လိုက္ခ်ိန္မွာဖန္ပုလင္းေတြ၊ စကၠဴစေတြနဲ႔ ေလလုံေအာင္စနစ္တက်ထုပ္ပိုးထားတဲ့

ေဆးေျခာက္ေတြကိုေတြ႔ရွိခဲ့ရတာပါ။ ရဲေတြရဲ႕ ကနဦးစုံစမ္းစစ္ေဆးခ်က္အရေတာ့ ေဆးေရာင္းေဆးဝယ္ျပဳလုပ္ေနတဲ့လူတစ္ေယာက္ဟာ ထြက္ေျပးလာရင္းနဲ႔သူ႔အိမ္ေခါင္မိုးေပၚမွာ ဝွက္ ထားခဲ့တဲ့အတြက္ အခုလို ေတြ႔ရွိတာပါလို့ ေျပာဆိုခဲ့ပါတယ္။ အဲဒီေဆးေျခာက္အားလုံးရဲ့

စုစုေပါင္းတန္ဖိုးကို တြက္ခ်က္ၾကည့္လိုက္ရာမွာေတာ့ အေမရိကန္ေဒၚလာ တစ္သိန္းေက်ာ္တန္ဖိုးရွိေနခဲ့ပါတယ္။ အိမ္ပိုင္ရွင္ျဖစ္သူကေတာ့ အဲဒီေဆးေျခာက္ေတြ ေတြ႔ရွိခဲ့ရတဲ့ေနရာမွာ ပစ္သြားခဲ့တဲ့ လူျပန္လာရင္ေတြ႕ေအာင္ဆိုၿပီး ငါ အိတ္တစ္အိတ္ကို ေတြ႔ခဲ့ရလို့အာဏာပိုင္ေတြကို

ေခၚခဲ့ေၾကာင္း၊ ရဲေတြက မင္းထားခဲ့တဲ့ ေဆးေျခာက္ေတြကို မူးယစ္ေဆးဝါးလို့ သတ္မွတ္ၿပီး သိမ္းယူသြားခဲ့ေၾကာင္း၊ အခု ငါ့အိမ္ကိုလည္း သူတို့ ေစာင့္ၾကည့္ေနေၾကာင္း၊ အခုလို ျပဳလုပ္လိုက္ရတဲ့အတြက္ အမွန္တကယ္စိတ္မေကာင္းေၾကာင္းကို စာေရးေပးထားခဲ့ပါတယ္။

၃။ အလည္ေခတ္ကေရွးေဟာင္းရတနာပစၥည္းမ်ား

အိမ္ေနာက္ေဖးမွာ ေရႊအိုးႀကီးတစ္လုံးေတြ႔လို့ ခ်မ္းသာသြားခဲ့တဲ့လူေတြရဲ့အေၾကာင္းေတြကို ျမန္မာပုံျပင္ဇာတ္လမ္းေတြထဲမွာမၾကာခဏ ၾကားဖူးၾကမွာပါ။ ဒီလိုမ်ိဳး အိမ္ေနာက္ေဖးမွာ ေရႊအိုးတစ္လုံး တူးေဖာ္ရရွိခဲ့တဲ့ဇာတ္လမ္းတစ္ပုဒ္က တကယ့္အျပင္မွာလည္း ရွိခဲ့ပါတယ္။

၂၀၀၇ ခုႏွစ္မွာၾသစေတးလ်နိုင္ငံကလူတစ္ေယာက္က သူ႔ရဲ့ ေနအိမ္ေနာက္ေဖးကို သန႔္ရွင္းေရးျပဳလုပ္ေနစဥ္အခ်ိန္မွာပဲ ရတနာပစၥည္းေတြကို အစုလိုက္ အျပဳံလိုက္ေတြ႔ရွိခဲ့ပါတယ္။ သူေတြ႕ရွိခဲ့တဲ့ ရတနာပစၥည္းအေရအတြက္က အခုေရ ၂၀၀ ေက်ာ္ရွိၿပီး အဲဒီထဲမွာလက္စြပ္ေတြ၊

ဆံထိုးေတြ၊ နားဆြဲေတြ၊ ခါးစည္းေတြပါ ပါဝင္ပါတယ္။ အဲဒီလူကရတနာပစၥည္းေတြကို ေသတၱာတစ္လုံးထဲထည့္ကာေျမေအာက္ခန္းမွာ သိမ္းဆည္းထားခဲ့ၿပီး ၂ ႏွစ္ၾကာတဲ့အထိ ဘယ္သူမွမသိေအာင္ လၽွို့ဝွက္ထားခဲ့ပါတယ္။ သူကိုယ္တိုင္လည္း အဲဒီရတနာပစၥည္းေတြအေၾကာင္းကို

ေမ့ေမ့ေလ်ာ့ေလ်ာ့ထားခဲ့ၿပီး ေနာက္ထပ္ ေနရာအသစ္တစ္ခုဆီ ေျပာင္းေရြ႕ဖို့ ၾကဳံလာစဥ္အခ်ိန္မွာပဲ ရတနာေတြကိုျပန္ သတိရသြားၿပီး ေရွးေဟာင္းပစၥည္းကၽြမ္းက်င္သူေတြနဲ႔ ျပသခဲ့ပါတယ္။ ပညာရွင္ေတြကေတာ့ အဲဒီရတနာေတြရဲ့ သက္တမ္းက ႏွစ္ေပါင္း ၆၅၀ေလာက္အထိ

ရွိၿပီျဖစ္ေၾကာင္း ေျပာဆိုခဲ့ၾကၿပီး အေရာင္းအဝယ္ေတြ ျပဳလုပ္ဖို့အထိပါ ကမ္းလွမ္းခဲ့ၾကပါတယ္။ အိမ္ပိုင္ရွင္လူကေတာ့ အဲဒီရတနာေတြကို လုံးဝမေရာင္းခဲ့တဲ့အျပင္ နိုင္ငံထဲမွာ ရွိေနတဲ့ ျပတိုက္တစ္ခုကိုလက္ေဆာင္အျဖစ္ လွူဒါန္းခဲ့ၿပီး တစ္နယ္တစ္ေက်းကိုေျပာင္းေရြ႕သြားခဲ့ပါတယ္။

၄။ ဥကၠာခဲ

အခုေျပာျပေပးသြားမယ့္လူကေတာ့ သူ႔ရဲ့ ေနအိမ္ေနာက္ေဖးမွာ ဘာပစၥည္းမွ ရွာေဖြခဲ့တဲ့သူေတာ့ မဟုတ္ပါဘူး။ တစ္ေန႔မွာေတာ့ေဘာ့စနီးယားနိုင္ငံက လူတစ္ေယာက္ဟာ႐ုတ္တရက္ ျမည္သံႀကီးတစ္ခုၾကားခဲ့ရၿပီးေနာက္တစ္ေန႔မနက္ခင္း ၿခံထဲကို သြားစစ္ေဆးၾကည့္ရာမွာထူးဆန္းတဲ့

ဖြဲ႔စည္းမွုပုံစံေတြရွိတဲ့ ေက်ာက္တုံးေက်ာက္ခဲ ၆ လုံးကို ေတြ႔ရွိခဲ့ရပါတယ္။ အဲဒီေက်ာက္ခဲေတြကို စစ္ေဆးၾကည့္ရာမွာ အာကာသထဲကေန က်လာတဲ့ ဥကၠာခဲေတြလို့ ထင္ျမင္ယူဆေနခဲ့ၿပီး ေဒသခံရဲေတြကိုခ်က္ခ်င္းပဲသြားေရာက္အေၾကာင္းၾကားခဲ့ပါတယ္။ ရဲေတြကအဲဒီထူးဆန္းတဲ့

ေက်ာက္ခဲေတြကို ပညာရွင္ေတြဆီ လွမ္းပို့ကာ စစ္ေဆးခဲ့ၿပီး ဘဲလ္ဂရိတ္(Belgrade) တကၠသိုလ္က ဥကၠာခဲေတြျဖစ္တယ္လို့ အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ဒီလို အတည္ျပဳခ်က္ေတြရရွိခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ပညာရွင္ေတြက အဲဒီေနအိမ္တစ္ဝိုက္မွာ သံလိုက္စက္ကြင္းေတြရွိေနမလား

စုံစမ္းစစ္ေဆးခ်က္ေတြကိုပါ တစ္ဆက္တည္းျပဳလုပ္ခဲ့ပါတယ္။ အိမ္ပိုင္ရွင္ျဖစ္သူကေတာ့ အဲဒီဥကၠာခဲေတြ ျပဳတ္က်လာမွုျဖစ္စဥ္အၿပီးမွာေတာ့ သူ႔ရဲ့ ေနအိမ္အမိုးကိုရိုးရိုးအမိုးကေန စတီးလ္အမိုးေတြေျပာင္းလဲတပ္ဆင္ခဲ့ၿပီး ေနာက္တစ္ခ်ိန္မွာဒီလိုမ်ိဳး သူ႔အိမ္ေပၚကို ဥကၠာခဲေတြျပန္ျပဳတ္က်မွုေတြမျဖစ္လာနိုင္ဘူးလို့ေျပာဆိုခဲ့ပါတယ္။

၅။ ပစၥည္းအစုံအလင္ထည့္ထားတဲ့ ဗုံးခိုက်င္း

ခရစၥစ္ နဲ႔ Colleen Otcasek တို့ညီအကိုႏွစ္ေယာက္ဟာ ကယ္လီဖိုးနီးယားျပည္နယ္မွာ အိမ္အသစ္တစ္လုံးဝယ္လိုက္စဥ္မွာ အဲဒီေနအိမ္ၿခံဝန္းထဲမွာ ဗုံးခိုက်င္းတစ္ခု ပါဝင္ေနမွန္းကို သိႏွင့္ေနခဲ့ပါတယ္။ အဲဒီဗုံးခိုက်င္းက စစ္ေဆးေခတ္ကာလက တည္ေဆာက္ထားတဲ့ဗုံးခိုက်င္းတစ္ခုျဖစ္ၿပီး

တစ္ခ်ိန္က အဲဒီအိမ္ပိုင္ရွင္ျဖစ္ခဲ့ဖူးသူအင္ဂ်င္နီယာတစ္ေယာက္က ေဆာက္လုပ္ထားခဲ့တာပဲျဖစ္ပါတယ္။ အဲဒီဗုံးခိုက်င္းကေရဒီယိုသတၳဳႂကြေဘးအႏၲရာယ္ကေနကင္းလႊတ္ေအာင္ အထူးစီမံတည္ေဆာက္ထားတဲ့ ဗုံးခိုက်င္းတစ္ခုသာျဖစ္ၿပီး စစ္ျဖစ္လာခဲ့ရင္တိမ္းေရွာင္လို့ရေအာင္

ရည္ရြယ္ၿပီးေဆာက္လုပ္ခဲ့တာပါ။ အဲဒီဗုံးခိုက်င္းရဲ့ သက္တမ္းက ႏွစ္ေပါင္း ၅၀ ေလာက္သက္တမ္းရွိေနၿပီး အထဲမွာလူတစ္ေယာက္ဟာအသက္ရွင္ေနထိုင္ဖို့အတြက္ ပစၥည္းပစၥယအစုံအလင္ထည့္သြင္းထားတာကို ျမင္ေတြ႔ခဲ့ရပါတယ္။ တစ္ခ်ိန္ကအိမ္ပိုင္ရွင္အင္ဂ်င္နီယာဟာ

သူကိုယ္တိုင္ေဆာက္လုပ္တဲ့ အဲဒီဗုံးခိုက်င္းထဲမွာ စကၠဴလိပ္ေတြ၊ ေခါင္းအုံးေတြ၊ ငါးေသတၱာဘူးေတြ၊ ေကာ္ဖီမွုန႔္ေတြပါထည့္သြင္းထားခဲ့ၿပီး စာအုပ္ေတြ၊ သတင္းစာေတြကိုပါ ထည့္သြင္းထားတာကိုအေကာင္းအတိုင္းေတြ႔ရွိခဲ့ရပါတယ္။

၆။ အင္ဒီယန္းလူတစ္ေယာက္ရဲ့ အရိုးစု

ေဆာ့လိတ္ခ္ၿမိဳ့က အသက္ ၁၄ ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္ဟာ သူ႔ရဲ့ ေနအိမ္ေနာက္ေဖးမွာ ေရကန္တစ္ခုျပဳလုပ္ဖို့ေျမတူးစဥ္မွာ ထူးဆန္းတဲ့အရာတစ္ခုကို ေတြ႔ရွိခဲ့ပါတယ္။ သူေတြ႔ရွိခဲ့ရတာက လူတစ္ေယာက္ရဲ့ အရိုးစုတစ္ခုသာျဖစ္ၿပီး အဲဒီအရိုးစုဟာႏွစ္ေပါင္းေထာင္ခ်ီ

သက္တမ္းရွိေနၿပီျဖစ္တဲ့အင္ဒီယန္းလူတစ္ေယာက္ရဲ့ အရိုးစုလို့ထိုစဥ္အခ်ိန္ကမသိရွိပါဘူး။ ေကာင္ေလးရဲ့ ဖခင္ျဖစ္သူက သူဒီလို အရိုးစုေတြ ရွာေဖြေတြ႔ရွိရျခင္းကို လွမ္းအေၾကာင္းၾကားခဲ့ၿပီး စုံစမ္းစစ္ေဆးၾကည့္ရာမွာလြန္ခဲ့တဲ့ႏွစ္ ၁၀၀၀ ေလာက္ကအသက္ရွင္သန္ေနထိုင္ခဲ့တဲ့

အေမရိကန္- အင္ဒီယန္းလူမ်ိဳးတစ္ေယက္ရဲ့ အရိုးစုဆိုတာ သိရွိသြားခဲ့ပါတယ္။ ေရွးေဟာင္းသုေတသနပညာရွင္မ်ားေတြကေတာ့ အဲဒီေနအိမ္ၿခံဝန္းအတြင္းတူးေဖာ္မွုေတြဆက္လက္ျပဳလုပ္ခဲ့ၿပီးသူတို့အိမ္တည္ေနရာကတစ္ခ်ိန္က အင္ဒီယန္းလူမ်ိဳးေတြရဲ႕ဂူသခ်ိဳင္းေနရာျဖစ္ခဲ့လိမ့္မယ္ လို့ ယုံၾကည္ခဲ့ၾကပါတယ္။

၇။ ေရႊဒဂၤါးမ်ား

၂၀၁၃ ခုႏွစ္မွာ လက္ထပ္ကာစလင္မယားႏွစ္ေယာက္က ၿခံထဲဆင္းၿပီးေခြးေက်ာင္းထြက္ရင္း ထူးဆန္းတဲ့ သံဗူးတစ္ခုကို ေတြ႕ရွိခဲ့ရပါတယ္။ အဲဒီသံဗူးက သံေခ်းအလိမ္းလိမ္းတက္ေနတဲ့ သံဗူးတစ္ခုသာျဖစ္ၿပီးအထဲကိုဖြင့္ၾကည့္လိုက္ခ်ိန္မွာ မယုံၾကည္နိုင္ေလာက္စရာေရႊဒဂၤါးေတြ

အျပည့္ျဖည့္ထားတဲ့ သံဗူးတစ္ခုျဖစ္ေနတာကို ေတြ႕ရွိခဲ့ရပါတယ္။ သူတို့လင္မယားဟာ ဆက္လက္ၿပီးရွာေဖြခဲ့ရာမွာေနာက္ထပ္ သံဗူး ၈ ခုေလာက္ကို ေတြ႕ရွိခဲ့ရၿပီး အဲဒီသံဗူးေတြထဲမွာလည္း အထဲမွာ ေရႊဒဂၤါးအျပားေတြရွိေနပါတယ္။ အဲဒီေရႊဒဂၤါးအျပားေတြဟာ ၁၈၄၇ ခုႏွစ္ကေန

၁၈၉၄ ခုႏွစ္မွာ သြန္းလုပ္ခဲ့တဲ့ဒဂၤါးျပားေတြသာျဖစ္ၿပီး ယေန႔ေခတ္တန္ဖိုးနဲ႔တြက္ခ်က္ၾကည့္လိုက္ ခ်ိန္မွာ ေဒၚလာ ၂၇၉၈၀ အထိတန္ေၾကးရွိေနခဲ့ပါတယ္။ အဲဒီဒဂၤါးျပားေတြထဲကတခ်ိဳ့က အသစ္အတိုင္းရွိေနဆဲဒဂၤါးျပားေတြျဖစ္ၿပီးတခ်ိဳ့ကေတာ့ သုံးစြဲၿပီးသား ဒဂၤါးျပားအေဟာင္းေတြသာ

ျဖစ္ပါတယ္။ အဲဒီလင္မယားႏွစ္ေယာက္ဟာ သူတို့ေတြ႕ရွိခဲ့တဲ့ဒဂၤါးေတြကိုေလလံတင္ေရာင္းခ်ခ်ခဲ့ၿပီး ဝင္ေငြမ်ားစြာရရွိခဲ့ပါတယ္။ ဘယ္လိုအေၾကာင္းေၾကာင့္ ဒီလိုေနအိမ္ေနာက္ေဖးမွာ ဒဂၤါးျပားေတြကိုရွိေနခဲ့တယ္ဆိုတာကို မသိခဲ့ရေပမယ့္ အဲဒီလင္မယားႏွစ္ေယာက္က ဒဂၤါးျပားေတြကို ေလလံတင္ေရာင္းခ်ခဲ့ရာမွာ ေဒၚလာ ၁၀ သန္းအထိရရွိခဲ့ပါတယ္။

၈။ ဒိုင္နိုေဆာအရိုး

၁၉၉၇ ခုႏွစ္မွာ ၿဗိတိန္နိုင္ငံကဂၽြန္လမ္းဘတ္ဆိုတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ သူ႔ရဲ့အိမ္မွာ ၿခံစည္းရိုးတစ္ခုကို ျပဳလုပ္ဖို့ေျမတူးခဲ့ပါတယ္။ ဒီလို ေျမတူးေနတဲ့အခ်ိန္မွာပဲ ေဂၚျပားနဲ႔ ေျမႀကီးထိမိတဲ့ အသံတစ္သံထူးဆန္းစြာထြက္ေပၚလာခဲ့ၿပီး ဆက္လက္တူးေဖာ္ခဲ့ရာမွာအလြန္ႀကီးမားတဲ့

အရိုးႀကီးတစ္ခုကို ေတြ႔ရွိခဲ့ပါတယ္။ သူက အဲဒီအရိုးႀကီးက ဘာအရိုးႀကီးျဖစ္မလဲဆိုတာကို စိတ္မဝင္စားဘဲေနအိမ္ေထာင့္တစ္ေနရာမွာပဲ ၁၆ ႏွစ္ၾကာေအာင္ပစ္ထားခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္မွာေတာ့အဲဒီအရိုးႀကီးကိုျပန္သတိရလာခဲ့ၿပီးအရိုးကၽြမ္းက်င္တဲ့သုေတသနပညာရွင္ေတြဆီကို

သြားေရာက္ျပသခဲ့ရာမွာ သူ တူးေဖာ္ခဲ့တဲ့အရိုးဟာ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း ၅၀ ကေန ၂၅၀ အၾကား ကမၻာေျမေပၚရွင္သန္ခဲ့တဲ့ ပင္လယ္ေရေနသတၱဝါတစ္ေကာင္ရဲ့ အရိုးစုျဖစ္ေနတာကို သိရွိခဲ့ပါတယ္။

၉။ ပိရိမစ္ေတြနဲ႔ ဆက္စပ္ေနတဲ့ ဥမင္လိုဏ္ေခါင္း

ေနာက္ထပ္အိမ္ေနာက္ေဖးကေနတူးေဖာ္ရရွိခဲ့တဲ့ ထူးဆန္းတဲ့အရာတစ္ခုကေတာ့ ဥမင္လိုဏ္ေခါင္းတစ္ခုပဲျဖစ္ပါတယ္။ အီဂ်စ္နိုင္ငံ ဂါဇာၿမိဳ့က ပရိမစ္ေတြက်န္ရွိေနခဲ့တဲ့ကမၻာေပၚမွာ အထူးဆန္းဆုံးေနာတစ္ေနရာျဖစ္ၿပီးအခုေတြ႔ရွိခဲ့တာေတာ့ ဂါဇာၿမိဳ့အနီးအနားကရြာတစ္ရြာမွာျဖစ္ပါတယ္။

ဂါဇာၿမိဳ့အနီးအနားမွာ ရွိတဲ့ရြာတစ္ရြာမွာ လူတစ္ေယာက္က သူ႔ရဲ့အိမ္ေနာက္ေဖးကို တူးေဖာ္ေနခဲ့စဥ္မွာအခုလိုထူးဆန္းတဲ့လိုဏ္ေခါင္းတစ္ခုကို တူးေဖာ္ေတြ႕ရွိမိသားျဖစ္ခဲ့ပါတယ္။ အဲဒီလိုဏ္ေခါင္းႀကီးက လူတစ္ေယာက္ေကာင္းေကာင္းသြားလာနိုင္တဲ့အက်ယ္အဝန္းရွိၿပီးဂါဇာမွာ

ရွိေနတဲ့ပိရိမစ္ေတြနဲ႔ ဆက္ႏြယ္မွုေတြလည္း ရွိေနခဲ့ပါတယ္။ ပညာရွင္ေတြကေတာ့ ဒီ လိုဏ္ေခါင္းႀကီးေတြက ပိရိမစ္ေတြေဆာက္လုပ္စဥ္က အသုံးျပဳခဲ့တဲ့ လမ္းေၾကာင္းတစ္ခုျဖစ္နိုင္ေခ်ရွိတယ္လို့ ေကာက္ခ်က္ခ်ခဲ့ၾကၿပီးပိရိမစ္ေတြထဲကို

ဝင္ေရာက္နိုင္တဲ့လမ္းတစ္ခုလည္းျဖစ္နိုင္ေခ်ရွိေနပါတယ္။ ဒီဥမင္လိုဏ္ေခါင္းႀကီးရဲ့ အမည္ကိုေတာ့ ေရွးေခတ္အီဂ်စ္သမိုင္းပညာရွင္တစ္ေယာက္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ Herodotus လိုဏ္ေခါင္းလို့ အမည္ေပးခဲ့ၾကပါတယ္။

၁၀။ သမိုင္းမတင္မီေခတ္က သတၱဝါတစ္ေကာင္ရဲ့ အခြံ

အာဂ်င္နီးနားနိုင္ငံက ဟိုးေဆးအန္တိုနီယို ဆိုတဲ့ လူတစ္ေယာက္ကသူ႔ရဲ့ေနအိမ္ေနာက္ေဖးမွာ ထူးဆန္းတဲ့ အရာကိုတူးေဖာ္ရရွိခဲ့ပါဘူး။ အဲဒီထူးဆန္းတဲ့ပစၥည္းႀကီးရဲ့ပုံစံကဥခြံတစ္ခုလိုျဖစ္ေနတဲ့အတြက္ဒိုင္နိုေဆာဥလို႔သူကအမည္ေပးထားခဲ့ပါတယ္။ အမွန္တကယ္ေတာ့သူေတြ႔ခဲ့တဲ့

ဥခြံႀကီးက သမိုင္းမတင္ေခတ္မွာအသက္ရွင္သန္ခဲ့တဲ့ glyptodon ဆိုတဲ့အေကာင္ႀကီးတစ္ေကာင္ရဲ့ ေက်ာဘက္ကအခြံပဲျဖစ္ပါတယ္။ အဲဒီ glyptodon အေကာင္ႀကီးရဲ့အရြယ္အစားက ေဗာက္စ္ဝက္ဂြန္ကားတစ္စီးစာေလာက္ရွိခဲ့ၿပီး ယေန႔အခ်ိန္မွာေတာ့မ်ိဳးတုန္းေပ်ာက္ကြယ္

သြားခဲ့တဲ့ ကမၻာဦးအေကာင္ႀကီးတစ္ေကာင္ပါ။ ေရွးေဟာင္းသုေတသနပညာရွင္ေတြကေတာ့ glyptodon အေကာင္ႀကီးေတြ တစ္ေကာင္နဲ႔ တစ္ေကာင္ သတ္ျဖတ္ခဲ့ၾကရာ ေသဆုံးမွုေတြျဖစ္ခဲ့ၿပီး အခုလို အခြံႀကီးက်န္ရစ္ခဲ့တယ္လို့

ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

အခုတစ်ခေါက်ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ နေအိမ်နောက်ဖေးတွင် အမှတ်မထင်ဘဲ တူးဖော်ရရှိခဲ့တဲ့ ထူးဆန်းတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။ လူသားတွေက တစ်နေရာကနေ တစ်နေရာကို ပြောင်းရွေ့အခြေချနေထိုင်လေ့ရှိကြပြီး နေအိမ်အသစ်မှာမွန်းမံပြင်ဆင်မှုတွေကို

ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုအိမ်ပြင်ဆင်မှုတွေ ပြုလုပ်ရာမှာ သူတို့ရဲ့ အိမ်နောက်ဖေးတွေကိုပါ ပြင်ဆင်လေ့ရှိကြပြီး မထင်မှတ်ထားတဲ့ ထူးဆန်းတဲ့ ပစ္စည်းတွေကို တူးဖော်ရရှိလေ့လည်း ရှိကြပါတယ်။ ဒီလိုနေအိမ်နောက်ဖေးတွေမှာအမှတ်မထင် တူးဖော်ရခဲ့တဲ့ထူးဆန်းတဲ့ပစ္စည်းများကတော့

၁။ ဖရာရီကားတစ်စင်း

မိမိရဲ့ နေအိမ်နောက်ဖေးမှာ အင်မတန်ဈေးကြီးပါတယ်ဆိုတဲ့ ဖရာရီကားတစ်စင်းတွေ့ရှိခဲ့တဲ့ အဖြစ်အပျက်ကအင်မတန်ကို ရှားပါးလှပါတယ်။ ၁၉၇၈ ခုနှစ်မှာအိမ်ပိုင်ရှင်ကလေးနှစ်ယောက်ဟာလော့အိန်ဂျလိစ်က သူတို့ရဲ့နေအိမ်နောက်ဖေးမှာ ဆော့ကစားနေကြပါတယ်။

သူတို့ ကစားတဲ့ ကစားနည်းကတော့ မြေကြီးတွေကို တူးဖော်တဲ့ ကစားနည်းတစ်ခုဖြစ်ပြီး တကယ့်ကို အမှတ်မထင်ဘဲ Ferrari Dino 246 GTS ကားတစ်စင်းကို တူးဖော် တွေ့ရှိခဲ့တာပါ။ ဒီလို ကားတစ်စင်းတွေ့ရှိရတဲ့အကြောင်းကို ရဲကို သတင်းလှမ်းပေးခဲ့ပြီးရဲတွေကတော့ဒီကားဟာ

တစ်ချိန်ကအခိုးခံလိုက်ရတဲ့ ကားတစ်စင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။ ကားသူခိုးဖြစ်သူကကားကိုခိုးယူလာခဲ့ပြီး လူတွေမသိအောင်မြေအောက်မှာမြေမြှပ်ထားခဲ့ရာကအစ

အခုလို ပြန်တွေ့ရခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီ တူးဖော်ရရှိခဲ့တဲ့ ဖရာရီကားကို အာမခံကုမ္ပဏီဆီကို လွှဲပြောင်းပေးလိုက်ပြီး လေလံတင်ကာ ရောင်းချခဲ့တာပါ။

၂။  ဒေါ်လာတစ်သိန်းကျော်တန်ဖိုးရှိ ဆေးခြောက်များ

နေအိမ်နောက်ဖေးတွင် အမှတ်မထင်ဘဲ တူးဖော်ရရှိခဲ့တဲ့ ထူးဆန်းတဲ့ပစ္စည်းတွေထဲမှာ နံပတ် (၇)နေရာမှာ ရှိနေတဲ့ ဖြစ်ရပ်ကတော့ ဒေါ်လာတစ်သိန်းကျော်တန်ဖိုးရှိ ဆေးခြောက်အထုတ်ကို အမှတ်မထင်ရှာဖွေတွေ့ရှိခဲ့တဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ဒီဇင်ဘာလမှာ

လော့စ်အိန်ဂျလိစ်က Mack Reed ဆိုတဲ့လူတစ်ယောက်က သူ့အိမ်ခေါင်းမိုးပေါ်တက်ပြီး ဆိုလာဘတ္တရီတစ်ခု တပ်ဆင်ဖို့ တက်သွားခဲ့ပါတယ်။ အိမ်ခေါင်မိုးပေါ်မှာရှိနေတဲ့ အခန်းငယ်တစ်ခုကို သူဖွင့်ကြည့်လိုက်ချိန်မှာဖန်ပုလင်းတွေ၊ စက္ကူစတွေနဲ့ လေလုံအောင်စနစ်တကျထုပ်ပိုးထားတဲ့

ဆေးခြောက်တွေကိုတွေ့ရှိခဲ့ရတာပါ။ ရဲတွေရဲ့ ကနဦးစုံစမ်းစစ်ဆေးချက်အရတော့ ဆေးရောင်းဆေးဝယ်ပြုလုပ်နေတဲ့လူတစ်ယောက်ဟာ ထွက်ပြေးလာရင်းနဲ့သူ့အိမ်ခေါင်မိုးပေါ်မှာ ဝှက် ထားခဲ့တဲ့အတွက် အခုလို တွေ့ရှိတာပါလို့ ပြောဆိုခဲ့ပါတယ်။ အဲဒီဆေးခြောက်အားလုံးရဲ့

စုစုပေါင်းတန်ဖိုးကို တွက်ချက်ကြည့်လိုက်ရာမှာတော့ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်တန်ဖိုးရှိနေခဲ့ပါတယ်။ အိမ်ပိုင်ရှင်ဖြစ်သူကတော့ အဲဒီဆေးခြောက်တွေ တွေ့ရှိခဲ့ရတဲ့နေရာမှာ ပစ်သွားခဲ့တဲ့ လူပြန်လာရင်တွေ့အောင်ဆိုပြီး ငါ အိတ်တစ်အိတ်ကို တွေ့ခဲ့ရလို့အာဏာပိုင်တွေကို

ခေါ်ခဲ့ကြောင်း၊ ရဲတွေက မင်းထားခဲ့တဲ့ ဆေးခြောက်တွေကို မူးယစ်ဆေးဝါးလို့ သတ်မှတ်ပြီး သိမ်းယူသွားခဲ့ကြောင်း၊ အခု ငါ့အိမ်ကိုလည်း သူတို့ စောင့်ကြည့်နေကြောင်း၊ အခုလို ပြုလုပ်လိုက်ရတဲ့အတွက် အမှန်တကယ်စိတ်မကောင်းကြောင်းကို စာရေးပေးထားခဲ့ပါတယ်။

၃။ အလည်ခေတ်ကရှေးဟောင်းရတနာပစ္စည်းများ

အိမ်နောက်ဖေးမှာ ရွှေအိုးကြီးတစ်လုံးတွေ့လို့ ချမ်းသာသွားခဲ့တဲ့လူတွေရဲ့အကြောင်းတွေကို မြန်မာပုံပြင်ဇာတ်လမ်းတွေထဲမှာမကြာခဏ ကြားဖူးကြမှာပါ။ ဒီလိုမျိုး အိမ်နောက်ဖေးမှာ ရွှေအိုးတစ်လုံး တူးဖော်ရရှိခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်က တကယ့်အပြင်မှာလည်း ရှိခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာသြစတေးလျနိုင်ငံကလူတစ်ယောက်က သူ့ရဲ့ နေအိမ်နောက်ဖေးကို သန့်ရှင်းရေးပြုလုပ်နေစဉ်အချိန်မှာပဲ ရတနာပစ္စည်းတွေကို အစုလိုက် အပြုံလိုက်တွေ့ရှိခဲ့ပါတယ်။ သူတွေ့ရှိခဲ့တဲ့ ရတနာပစ္စည်းအရေအတွက်က အခုရေ ၂၀၀ ကျော်ရှိပြီး အဲဒီထဲမှာလက်စွပ်တွေ၊

ဆံထိုးတွေ၊ နားဆွဲတွေ၊ ခါးစည်းတွေပါ ပါဝင်ပါတယ်။ အဲဒီလူကရတနာပစ္စည်းတွေကို သေတ္တာတစ်လုံးထဲထည့်ကာမြေအောက်ခန်းမှာ သိမ်းဆည်းထားခဲ့ပြီး ၂ နှစ်ကြာတဲ့အထိ ဘယ်သူမှမသိအောင် လျှို့ဝှက်ထားခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အဲဒီရတနာပစ္စည်းတွေအကြောင်းကို

မေ့မေ့လျော့လျော့ထားခဲ့ပြီး နောက်ထပ် နေရာအသစ်တစ်ခုဆီ ပြောင်းရွေ့ဖို့ ကြုံလာစဉ်အချိန်မှာပဲ ရတနာတွေကိုပြန် သတိရသွားပြီး ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူတွေနဲ့ ပြသခဲ့ပါတယ်။ ပညာရှင်တွေကတော့ အဲဒီရတနာတွေရဲ့ သက်တမ်းက နှစ်ပေါင်း ၆၅၀လောက်အထိ

ရှိပြီဖြစ်ကြောင်း ပြောဆိုခဲ့ကြပြီး အရောင်းအဝယ်တွေ ပြုလုပ်ဖို့အထိပါ ကမ်းလှမ်းခဲ့ကြပါတယ်။ အိမ်ပိုင်ရှင်လူကတော့ အဲဒီရတနာတွေကို လုံးဝမရောင်းခဲ့တဲ့အပြင် နိုင်ငံထဲမှာ ရှိနေတဲ့ ပြတိုက်တစ်ခုကိုလက်ဆောင်အဖြစ် လှူဒါန်းခဲ့ပြီး တစ်နယ်တစ်ကျေးကိုပြောင်းရွေ့သွားခဲ့ပါတယ်။

၄။ ဥက္ကာခဲ

အခုပြောပြပေးသွားမယ့်လူကတော့ သူ့ရဲ့ နေအိမ်နောက်ဖေးမှာ ဘာပစ္စည်းမှ ရှာဖွေခဲ့တဲ့သူတော့ မဟုတ်ပါဘူး။ တစ်နေ့မှာတော့ဘော့စနီးယားနိုင်ငံက လူတစ်ယောက်ဟာရုတ်တရက် မြည်သံကြီးတစ်ခုကြားခဲ့ရပြီးနောက်တစ်နေ့မနက်ခင်း ခြံထဲကို သွားစစ်ဆေးကြည့်ရာမှာထူးဆန်းတဲ့

ဖွဲ့စည်းမှုပုံစံတွေရှိတဲ့ ကျောက်တုံးကျောက်ခဲ ၆ လုံးကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီကျောက်ခဲတွေကို စစ်ဆေးကြည့်ရာမှာ အာကာသထဲကနေ ကျလာတဲ့ ဥက္ကာခဲတွေလို့ ထင်မြင်ယူဆနေခဲ့ပြီး ဒေသခံရဲတွေကိုချက်ချင်းပဲသွားရောက်အကြောင်းကြားခဲ့ပါတယ်။ ရဲတွေကအဲဒီထူးဆန်းတဲ့

ကျောက်ခဲတွေကို ပညာရှင်တွေဆီ လှမ်းပို့ကာ စစ်ဆေးခဲ့ပြီး ဘဲလ်ဂရိတ်(Belgrade) တက္ကသိုလ်က ဥက္ကာခဲတွေဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီလို အတည်ပြုချက်တွေရရှိခဲ့ပြီးနောက်ပိုင်းမှာတော့ပညာရှင်တွေက အဲဒီနေအိမ်တစ်ဝိုက်မှာ သံလိုက်စက်ကွင်းတွေရှိနေမလား

စုံစမ်းစစ်ဆေးချက်တွေကိုပါ တစ်ဆက်တည်းပြုလုပ်ခဲ့ပါတယ်။ အိမ်ပိုင်ရှင်ဖြစ်သူကတော့ အဲဒီဥက္ကာခဲတွေ ပြုတ်ကျလာမှုဖြစ်စဉ်အပြီးမှာတော့ သူ့ရဲ့ နေအိမ်အမိုးကိုရိုးရိုးအမိုးကနေ စတီးလ်အမိုးတွေပြောင်းလဲတပ်ဆင်ခဲ့ပြီး နောက်တစ်ချိန်မှာဒီလိုမျိုး သူ့အိမ်ပေါ်ကို ဥက္ကာခဲတွေပြန်ပြုတ်ကျမှုတွေမဖြစ်လာနိုင်ဘူးလို့ပြောဆိုခဲ့ပါတယ်။

၅။ ပစ္စည်းအစုံအလင်ထည့်ထားတဲ့ ဗုံးခိုကျင်း

ခရစ္စစ် နဲ့ Colleen Otcasek တို့ညီအကိုနှစ်ယောက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အိမ်အသစ်တစ်လုံးဝယ်လိုက်စဉ်မှာ အဲဒီနေအိမ်ခြံဝန်းထဲမှာ ဗုံးခိုကျင်းတစ်ခု ပါဝင်နေမှန်းကို သိနှင့်နေခဲ့ပါတယ်။ အဲဒီဗုံးခိုကျင်းက စစ်ဆေးခေတ်ကာလက တည်ဆောက်ထားတဲ့ဗုံးခိုကျင်းတစ်ခုဖြစ်ပြီး

တစ်ချိန်က အဲဒီအိမ်ပိုင်ရှင်ဖြစ်ခဲ့ဖူးသူအင်ဂျင်နီယာတစ်ယောက်က ဆောက်လုပ်ထားခဲ့တာပဲဖြစ်ပါတယ်။ အဲဒီဗုံးခိုကျင်းကရေဒီယိုသတ္ထုကြွဘေးအန္တရာယ်ကနေကင်းလွှတ်အောင် အထူးစီမံတည်ဆောက်ထားတဲ့ ဗုံးခိုကျင်းတစ်ခုသာဖြစ်ပြီး စစ်ဖြစ်လာခဲ့ရင်တိမ်းရှောင်လို့ရအောင်

ရည်ရွယ်ပြီးဆောက်လုပ်ခဲ့တာပါ။ အဲဒီဗုံးခိုကျင်းရဲ့ သက်တမ်းက နှစ်ပေါင်း ၅၀ လောက်သက်တမ်းရှိနေပြီး အထဲမှာလူတစ်ယောက်ဟာအသက်ရှင်နေထိုင်ဖို့အတွက် ပစ္စည်းပစ္စယအစုံအလင်ထည့်သွင်းထားတာကို မြင်တွေ့ခဲ့ရပါတယ်။ တစ်ချိန်ကအိမ်ပိုင်ရှင်အင်ဂျင်နီယာဟာ

သူကိုယ်တိုင်ဆောက်လုပ်တဲ့ အဲဒီဗုံးခိုကျင်းထဲမှာ စက္ကူလိပ်တွေ၊ ခေါင်းအုံးတွေ၊ ငါးသေတ္တာဘူးတွေ၊ ကော်ဖီမှုန့်တွေပါထည့်သွင်းထားခဲ့ပြီး စာအုပ်တွေ၊ သတင်းစာတွေကိုပါ ထည့်သွင်းထားတာကိုအကောင်းအတိုင်းတွေ့ရှိခဲ့ရပါတယ်။

၆။ အင်ဒီယန်းလူတစ်ယောက်ရဲ့ အရိုးစု

ဆော့လိတ်ခ်မြို့က အသက် ၁၄ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ နေအိမ်နောက်ဖေးမှာ ရေကန်တစ်ခုပြုလုပ်ဖို့မြေတူးစဉ်မှာ ထူးဆန်းတဲ့အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ သူတွေ့ရှိခဲ့ရတာက လူတစ်ယောက်ရဲ့ အရိုးစုတစ်ခုသာဖြစ်ပြီး အဲဒီအရိုးစုဟာနှစ်ပေါင်းထောင်ချီ

သက်တမ်းရှိနေပြီဖြစ်တဲ့အင်ဒီယန်းလူတစ်ယောက်ရဲ့ အရိုးစုလို့ထိုစဉ်အချိန်ကမသိရှိပါဘူး။ ကောင်လေးရဲ့ ဖခင်ဖြစ်သူက သူဒီလို အရိုးစုတွေ ရှာဖွေတွေ့ရှိရခြင်းကို လှမ်းအကြောင်းကြားခဲ့ပြီး စုံစမ်းစစ်ဆေးကြည့်ရာမှာလွန်ခဲ့တဲ့နှစ် ၁၀၀၀ လောက်ကအသက်ရှင်သန်နေထိုင်ခဲ့တဲ့

အမေရိကန်- အင်ဒီယန်းလူမျိုးတစ်ယေက်ရဲ့ အရိုးစုဆိုတာ သိရှိသွားခဲ့ပါတယ်။ ရှေးဟောင်းသုတေသနပညာရှင်များတွေကတော့ အဲဒီနေအိမ်ခြံဝန်းအတွင်းတူးဖော်မှုတွေဆက်လက်ပြုလုပ်ခဲ့ပြီးသူတို့အိမ်တည်နေရာကတစ်ချိန်က အင်ဒီယန်းလူမျိုးတွေရဲ့ဂူသချိုင်းနေရာဖြစ်ခဲ့လိမ့်မယ် လို့ ယုံကြည်ခဲ့ကြပါတယ်။

၇။ ရွှေဒင်္ဂါးများ

၂၀၁၃ ခုနှစ်မှာ လက်ထပ်ကာစလင်မယားနှစ်ယောက်က ခြံထဲဆင်းပြီးခွေးကျောင်းထွက်ရင်း ထူးဆန်းတဲ့ သံဗူးတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီသံဗူးက သံချေးအလိမ်းလိမ်းတက်နေတဲ့ သံဗူးတစ်ခုသာဖြစ်ပြီးအထဲကိုဖွင့်ကြည့်လိုက်ချိန်မှာ မယုံကြည်နိုင်လောက်စရာရွှေဒင်္ဂါးတွေ

အပြည့်ဖြည့်ထားတဲ့ သံဗူးတစ်ခုဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ သူတို့လင်မယားဟာ ဆက်လက်ပြီးရှာဖွေခဲ့ရာမှာနောက်ထပ် သံဗူး ၈ ခုလောက်ကို တွေ့ရှိခဲ့ရပြီး အဲဒီသံဗူးတွေထဲမှာလည်း အထဲမှာ ရွှေဒင်္ဂါးအပြားတွေရှိနေပါတယ်။ အဲဒီရွှေဒင်္ဂါးအပြားတွေဟာ ၁၈၄၇ ခုနှစ်ကနေ

၁၈၉၄ ခုနှစ်မှာ သွန်းလုပ်ခဲ့တဲ့ဒင်္ဂါးပြားတွေသာဖြစ်ပြီး ယနေ့ခေတ်တန်ဖိုးနဲ့တွက်ချက်ကြည့်လိုက် ချိန်မှာ ဒေါ်လာ ၂၇၉၈၀ အထိတန်ကြေးရှိနေခဲ့ပါတယ်။ အဲဒီဒင်္ဂါးပြားတွေထဲကတချို့က အသစ်အတိုင်းရှိနေဆဲဒင်္ဂါးပြားတွေဖြစ်ပြီးတချို့ကတော့ သုံးစွဲပြီးသား ဒင်္ဂါးပြားအဟောင်းတွေသာ

ဖြစ်ပါတယ်။ အဲဒီလင်မယားနှစ်ယောက်ဟာ သူတို့တွေ့ရှိခဲ့တဲ့ဒင်္ဂါးတွေကိုလေလံတင်ရောင်းချချခဲ့ပြီး ဝင်ငွေများစွာရရှိခဲ့ပါတယ်။ ဘယ်လိုအကြောင်းကြောင့် ဒီလိုနေအိမ်နောက်ဖေးမှာ ဒင်္ဂါးပြားတွေကိုရှိနေခဲ့တယ်ဆိုတာကို မသိခဲ့ရပေမယ့် အဲဒီလင်မယားနှစ်ယောက်က ဒင်္ဂါးပြားတွေကို လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်လာ ၁၀ သန်းအထိရရှိခဲ့ပါတယ်။

၈။ ဒိုင်နိုဆောအရိုး

၁၉၉၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံကဂျွန်လမ်းဘတ်ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့အိမ်မှာ ခြံစည်းရိုးတစ်ခုကို ပြုလုပ်ဖို့မြေတူးခဲ့ပါတယ်။ ဒီလို မြေတူးနေတဲ့အချိန်မှာပဲ ဂေါ်ပြားနဲ့ မြေကြီးထိမိတဲ့ အသံတစ်သံထူးဆန်းစွာထွက်ပေါ်လာခဲ့ပြီး ဆက်လက်တူးဖော်ခဲ့ရာမှာအလွန်ကြီးမားတဲ့

အရိုးကြီးတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ သူက အဲဒီအရိုးကြီးက ဘာအရိုးကြီးဖြစ်မလဲဆိုတာကို စိတ်မဝင်စားဘဲနေအိမ်ထောင့်တစ်နေရာမှာပဲ ၁၆ နှစ်ကြာအောင်ပစ်ထားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့အဲဒီအရိုးကြီးကိုပြန်သတိရလာခဲ့ပြီးအရိုးကျွမ်းကျင်တဲ့သုတေသနပညာရှင်တွေဆီကို

သွားရောက်ပြသခဲ့ရာမှာ သူ တူးဖော်ခဲ့တဲ့အရိုးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀ ကနေ ၂၅၀ အကြား ကမ္ဘာမြေပေါ်ရှင်သန်ခဲ့တဲ့ ပင်လယ်ရေနေသတ္တဝါတစ်ကောင်ရဲ့ အရိုးစုဖြစ်နေတာကို သိရှိခဲ့ပါတယ်။

၉။ ပိရိမစ်တွေနဲ့ ဆက်စပ်နေတဲ့ ဥမင်လိုဏ်ခေါင်း

နောက်ထပ်အိမ်နောက်ဖေးကနေတူးဖော်ရရှိခဲ့တဲ့ ထူးဆန်းတဲ့အရာတစ်ခုကတော့ ဥမင်လိုဏ်ခေါင်းတစ်ခုပဲဖြစ်ပါတယ်။ အီဂျစ်နိုင်ငံ ဂါဇာမြို့က ပရိမစ်တွေကျန်ရှိနေခဲ့တဲ့ကမ္ဘာပေါ်မှာ အထူးဆန်းဆုံးနောတစ်နေရာဖြစ်ပြီးအခုတွေ့ရှိခဲ့တာတော့ ဂါဇာမြို့အနီးအနားကရွာတစ်ရွာမှာဖြစ်ပါတယ်။

ဂါဇာမြို့အနီးအနားမှာ ရှိတဲ့ရွာတစ်ရွာမှာ လူတစ်ယောက်က သူ့ရဲ့အိမ်နောက်ဖေးကို တူးဖော်နေခဲ့စဉ်မှာအခုလိုထူးဆန်းတဲ့လိုဏ်ခေါင်းတစ်ခုကို တူးဖော်တွေ့ရှိမိသားဖြစ်ခဲ့ပါတယ်။ အဲဒီလိုဏ်ခေါင်းကြီးက လူတစ်ယောက်ကောင်းကောင်းသွားလာနိုင်တဲ့အကျယ်အဝန်းရှိပြီးဂါဇာမှာ

ရှိနေတဲ့ပိရိမစ်တွေနဲ့ ဆက်နွယ်မှုတွေလည်း ရှိနေခဲ့ပါတယ်။ ပညာရှင်တွေကတော့ ဒီ လိုဏ်ခေါင်းကြီးတွေက ပိရိမစ်တွေဆောက်လုပ်စဉ်က အသုံးပြုခဲ့တဲ့ လမ်းကြောင်းတစ်ခုဖြစ်နိုင်ချေရှိတယ်လို့ ကောက်ချက်ချခဲ့ကြပြီးပိရိမစ်တွေထဲကို

ဝင်ရောက်နိုင်တဲ့လမ်းတစ်ခုလည်းဖြစ်နိုင်ချေရှိနေပါတယ်။ ဒီဥမင်လိုဏ်ခေါင်းကြီးရဲ့ အမည်ကိုတော့ ရှေးခေတ်အီဂျစ်သမိုင်းပညာရှင်တစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ Herodotus လိုဏ်ခေါင်းလို့ အမည်ပေးခဲ့ကြပါတယ်။

၁၀။ သမိုင်းမတင်မီခေတ်က သတ္တဝါတစ်ကောင်ရဲ့ အခွံ

အာဂျင်နီးနားနိုင်ငံက ဟိုးဆေးအန်တိုနီယို ဆိုတဲ့ လူတစ်ယောက်ကသူ့ရဲ့နေအိမ်နောက်ဖေးမှာ ထူးဆန်းတဲ့ အရာကိုတူးဖော်ရရှိခဲ့ပါဘူး။ အဲဒီထူးဆန်းတဲ့ပစ္စည်းကြီးရဲ့ပုံစံကဥခွံတစ်ခုလိုဖြစ်နေတဲ့အတွက်ဒိုင်နိုဆောဥလို့သူကအမည်ပေးထားခဲ့ပါတယ်။ အမှန်တကယ်တော့သူတွေ့ခဲ့တဲ့

ဥခွံကြီးက သမိုင်းမတင်ခေတ်မှာအသက်ရှင်သန်ခဲ့တဲ့ glyptodon ဆိုတဲ့အကောင်ကြီးတစ်ကောင်ရဲ့ ကျောဘက်ကအခွံပဲဖြစ်ပါတယ်။ အဲဒီ glyptodon အကောင်ကြီးရဲ့အရွယ်အစားက ဗောက်စ်ဝက်ဂွန်ကားတစ်စီးစာလောက်ရှိခဲ့ပြီး ယနေ့အချိန်မှာတော့မျိုးတုန်းပျောက်ကွယ်

သွားခဲ့တဲ့ ကမ္ဘာဦးအကောင်ကြီးတစ်ကောင်ပါ။ ရှေးဟောင်းသုတေသနပညာရှင်တွေကတော့ glyptodon အကောင်ကြီးတွေ တစ်ကောင်နဲ့ တစ်ကောင် သတ်ဖြတ်ခဲ့ကြရာ သေဆုံးမှုတွေဖြစ်ခဲ့ပြီး အခုလို အခွံကြီးကျန်ရစ်ခဲ့တယ်လို့

ကောက်ချက်ချခဲ့ကြပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်