မေကြးျမိဳ႕မွာ႐ွိ​တဲ့သူရွယ္ယာပါဝင္ထားတဲ့ ​ေကတီဗီ အဖမ္းခံရတာနဲ႔ ပက္သတ္ၿပီး ရင္ဖြင့္လာခဲ့​ေသာ ေျပဇင္

တစ္ကမၻာလံုး ျပင္းျပင္းထန္ထန္ခံစားေနရတဲ့ Covid-19 ေရာဂါက ျပည္သူေတြရဲ့ အသက္အိုးအိမ္ေတြကိုသာမက ေနာက္ဆက္တြဲမွာလည္း စီးပြားေရး၊ စားဝတ္ေနေရးေတြကိုပါ ၾကပ္တည္းလာေစခဲ့တာပဲ ျဖစ္ပါတယ္။ လုပ္ငန္းရွင္ စီးပြားေရးသမားၾကီးေတြလည္းလုပ္ငန္းေတြ

ရပ္ဆိုင္းထားျပီးထိခိုက္မႈေတြရိွသလို ဝန္ထမ္းေတြနဲ့ သာမာန္လက္လုပ္လက္စားေတြကလည္း စားဝတ္ေနေရးအတြက္ အသက္အႏၱရာယ္ၾကားထဲကေနရုန္းကန္လာေနၾကရတာပဲ ျဖစ္ပါတယ္။ အနုပညာရွင္ေတြအေနနဲ႔လည္းသူတို့ရဲ့ အနုပညာအလုပ္ေတြကိုရပ္နားထားရတာမို့

အျခားစီးပြားေရးလုပ္ငန္းေတြကို တြဲဖက္လုပ္ကိုင္လာရသလိုတခ်ိဳ့ဆိုအလုပ္မရိွပဲထုိင္ေနရတာျဖစ္ပါတယ္။ သရုပ္ေဆာင္ေျပဇင္ကလည္းအနု ပညာအလုပ္ေတြရပ္နားထားခ်ိန္မွာသူအစုရွယ္ယာပါဝင္ထားတဲ့ မေကြးျမိဳ့က KTV ေလးခိုးဖြင့္လို့ အဖမ္းခံရတာနဲ့ ပက္သတ္ျပီး​ေတာ့

ေျပာလာပါတယ္။“မေကြးမွာ ktv တစ္ခု ဒီကာလမွာခိုးဖြင့္လို႔ အဖမ္းခံရတယ္တဲ့။ အသိမိတ္ေဆြတခ်ိဳ႕က ကြၽန္ေတာ့္ကိုစိတ္ပူၿပီး သတင္းလွမ္းေမးၾကတယ္။ ကြၽန္ေတာ္ကမေကြးကသူငယ္ခ်င္းတခ်ိဳ႕နဲ႔ အစု႐ွယ္ယာ ဘားနဲ႔ KTV ေလးဖြင့္ထားတာကိုး၊ စိတ္ပူၾကမွာေပါ့။ အစု႐ွယ္ယာဆိုလို႔

အထင္လည္းသိပ္မႀကီးၾကနဲ႔ဦး။ ကြၽန္ေတာ္ပါဝင္ တဲ့႐ွယ္ယာကအနည္းဆံုးပဲ။ ​ေငြပိုေငြလ်ွံ႐ွိလို႔ ႐ွယ္ယာပါထားတာမဟုတ္ပါဘူး။ ၂၀၁၆ေလာက္က စီးေနတဲ့ကားေလးကိုေရာင္းၿပီး႐ွယ္ယာထည့္ထားတာပါ။ တကယ္ေတာ့ ဒါေတြက မေျပာျပသင့္တဲ့အေၾကာင္းတရားေတြပါ။

လူဆိုတာ ကိုယ့္အေၾကာင္းနဲ႔ကိုယ္ပဲေလ” “အက်ိဳးအျမတ္လိုခ်င္လို႔ ရင္းႏွီးျမဳပ္ႏွံတဲ့သေဘာပါ။ ၂၀၁၇မွာ ဆိုင္စတင္ေဆာက္လုပ္ ျပင္ဆင္တာဟာ ၂၀၁၈ႏွစ္ကုန္မွစဖြင့္ႏိုင္ခဲ့ပါတယ္။ ဆိုင္စဖြင့္တဲ့အခ်ိန္မွာ ktv မဖြင့္ႏိုင္ေသးပါဘူး။ Bar သာ စဖြင့္ရင္း ရလာတဲ့ေငြအနည္းငယ္နဲ႔

ျဖည္းျဖည္းခ်င္း ktv အခန္းေလးေတြ တိုးခ်ဲ့ခဲ့ရတယ္။ ၁ခန္းမွ ၂ခန္း ၂ခန္းမွ၈ခန္းထိျဖစ္ဖို႔ အခ်ိန္ တစ္ႏွစ္ေလာက္ရင္းႏွီးခဲ့ရပါတယ္။ ဒါေတြအားလံုးကို လက္႐ွိ႐ွယ္ယာအမ်ားဆံုးနဲ႔ ဦးစီးဦးေဆာင္လုပ္ေပးေနတဲ့ မေကြးကၿမိဳ႕ခံသူငယ္ခ်င္းအသိဆံုးပါ။ ဆိုေတာ့ကြၽန္ေတာ္တို႔ရဲ႕ barနဲ႔ktv ကို

၂၀၁၉ႏွစ္ကုန္မွ အလံုးစံုအေခ်ာသတ္ဖြင့္ႏိုင္ခဲ့ပါတယ္“ကြၽန္ေတာ္တို႔ ktv ေလးက family ktv ပါ။ အက်ိဳးအျမတ္လိုခ်င္လို႔ စီးပြားေရးလုပ္တယ္ဆိုေပမယ့္ မသမာတဲ့နည္းလမ္းတစ္ခုမွ မသံုးခဲ့ပါဘူး။ အစိုးရကခ်မွတ္တဲ့ စည္းကမ္းစံခ်ိန္စံၫႊန္းေတြနဲ႔ အညီ လိုင္စင္ကအစအခြန္ပါမက်န္

လစ္ဟင္းမႈမ႐ွိေအာင္ သူငယ္ခ်င္းျဖစ္သူ မေကြးသားက စြမ္းစြမ္းတမံေဆာင္ရြက္ခဲ့တာပါ။ ဆိုင္ဖြင့္ဖြင့္ခ်င္းမွာ ေႂကြးလိုက္ရတဲ့ FOC ဆိုတာ မနည္းမေနာ။ FOC ဆိုတာကိုနားလည္ခဲ့လို႔ကိုယ္ကိုယ္တိုင္ FOC မျဖစ္ေအာင္ ေနထိုင္က်င့္ၾကံခဲ့ပါတယ္။” “ဒီကာလဆိုးႀကီးမွာကိုယ့္ထက္

ဒုကၡေရာက္ေနသူေတြ ဒုနဲ႔ေဒးပါ။ ဒါကိုကိုယ့္ဒုကၡမွဒုကၡလို႔သတ္မွတ္ရင္ မတရားရာက်လိမ့္မယ္။ဘယ္သူ႔ကိုအျပစ္တင္ရမွန္းမသိတဲ့ေရာဂါကပ္ဆိုးႀကီးကို ၾကံဳေနရတဲ့အခ်ိန္မွာ ဘယ္သူ႔ကိုမွအျပစ္မတင္ခ်င္ဘူး။ ဒါ ကြၽန္ေတာ့္ရင္တြင္းစကားပါ။ ေန႔စဥ္ကူးစက္မႈမ်ားေနတာကိုေန႔စဥ္အျပင္

ထြက္ေနတဲ့သူေတြကို အျပစ္တင္လို႔မရဘူး။ တေန႔လုပ္တေန႔စားေတြ စားဝတ္ေနေရးအရမ္းခက္ခဲေနၾကပါတယ္။ စည္းကမ္းခ်က္ေတြထုတ္ ထားေပမယ့္ ဥပေဒနဲ႔အညီေဆာင္ရြက္ႏိုင္ျခင္းမ႐ွိတဲ့ အစိုးရကိုလည္းအျပစ္မတင္ရက္ပါဘူး။ အစိုးရကိုယ္တိုင္ကိုင္တြယ္ဖို႔ခက္ခဲတဲ့

အေျခအေနတစ္ခုပါ” “ထိုအေျခအေန အခ်ိန္ ကာလႀကီးမွာ လူတိုင္းဟာ စိတ္ဘဝင္မက်ျဖစ္ၾကရပါတယ္။ ထြက္ေပါက္ကို fbေပၚ႐ွာၾကပံုရပါတယ္။ ကြၽန္ေတာ္လည္း ထြက္ေပါက္တစ္ခုကို fb ​ေပၚ႐ွာပါရေစ။ ကြၽန္ေတာ္တို႔ရဲ႕ barနဲ႔ktv ေလးဟာဆယ္တန္းစာေမးပြဲစေျဖတဲ့အခ်ိန္ထဲက

စီမံခ်က္ဆိုတဲ့ အသံုးအႏႈန္းတစ္ခုေၾကာင့္ ခဏပိတ္ေပးရပါတယ္။ စာေမးပြဲေတြၿပီးေတာ့ ကိုဗစ္စတင္လာလို႔ ဆက္လက္ပိတ္ေပးရပါတယ္။ ကိုဗစ္ပထမလိႈင္းၿပီးေတာ့ ခဏျပန္ဖြင့္ခြင့္ရပါတယ္။ လုပ္ငန္းစတင္ျပန္လည္ပတ္ဖို႔ အားယူတုန္း ဒုတိယလိႈင္းေၾကာင့္ ျပန္ပိတ္ထားရတာ

ဒီေန႔အထိပါပဲ။ ဘယ္ေတာ့ျပန္ဖြင့္ခြင့္ရမယ္ဆိုတာ မေသခ်ာေသးပါဘူး။ ပါဆယ္ေရာင္းတာ ဘယ္လိုမွမကိုက္ပါဘူး။ ​ေကတီဗီကိုလည္း ဘယ္သူမွပါဆယ္မဆိုၾကပါဘူး။ ကြၽန္ေတာ္တို႔ ဆိုင္ကို ျဖဳတ္ လိုက္ဖို႔ဆိုတာ ကြၽန္ေတာ္တို႔အတြက္မျဖစ္ႏိုင္ပါဘူး။ ကိုယ့္ဒုကၡနဲ႔ကိုယ္ၾကံ့ၾကံ့ခံၾက

ရပါတယ္။“လက္႐ွိအခ်ိန္မွာဆိုင္ကရတဲ့ဝင္ေငြ လံုးဝမ႐ွိပါဘူး။ ​ေ႐ွ႕မွာ႐ွိခဲ့လားဆိုေတာ့လည္း မ႐ွိခဲ့ပါဘူး။ ဝင္ေငြဆိုတာအျမတ္ေငြကိုေျပာတာမဟုတ္ပါ။ ရင္းထားတဲ့အရင္းႏွီးကိုေမ့ၿပီးဆိုင္ကိုေကာင္းသထက္ေကာင္းေအာင္ ႀကိဳးစားလုပ္ကိုင္ေနၾကတဲ့အတြက္အရင္းျပန္မရရင္ေတာင္

ဝင္လာတဲ့ဝင္ေငြကို ဆက္လက္ရင္းႏွီးေနၾကတာပါ။ ကြၽန္ေတာ္အလုပ္မ႐ွိတာတစ္ႏွစ္႐ွိပါၿပီ။ ဆိုေတာ့က Ktv ေတြ Barေတြ စားေသာက္ဆိုင္ေတြ ခိုးဖြင့္ၾကတာကို အျပစ္မျမင္ၾကေစခ်င္ဘူး။ ခိုးဖြင့္လို႔ ဖမ္းခံရရင္လည္းဝမ္းမသာၾကေစခ်င္ဘူး။ ခ်မွတ္ထားတဲ့စည္းကမ္းေတြကိုမလိုက္နာပဲ

ခိုးလုပ္ေနၾကသူေတြဟာ ကိုယ့္ကိုကိုယ္အသိဆံုးပါ။ အဆိုးဆံုးကေတာ့ ” ခိုး”ဆိုတဲ့အသံုးအႏႈန္းကို မသံုးၾကပါနဲ႔ဗ်ာ။” “ကြၽန္ေတာ္တို႔ မခိုးၾကပါဘူး။ သူ႔စီးပြား ကိုယ့္စီးပြားကိုယ္ခ်င္းစာေပးၾကပါ။ ​ေခတ္ေကာင္းေကာင္းမေကာင္းေကာင္း ႐ူးခ်င္ေယာင္ေဆာင္ေနၾကသူေတြအမ်ားႀကီးပါ။

အ႐ူးကြက္ေတြနင္းၿပီး “ခိုးဖြင့္တာအဖမ္းခံရတာေတာင္နဲေသး ဆိုင္ကိုရာသက္ပန္ပိတ္ျပစ္”၊ “လိုင္စင္သိမ္း ေထာင္ခ်”၊ “ဥပေဒမလိုက္နာတဲ့သူေတြ ၄ပဲ” တို႔ဘာတို႔ေတြ မေျပာၾကပါနဲ႔ဗ်ာ။ အဆိုးဆံုးက “က်န္းမာေရးဝန္ထမ္းေတြကို ကိုယ္ခ်င္းမစာဘူး”လို႔ မေျပာၾကပါနဲ႔ဗ်ာ။

မက်န္းမာခ်င္တဲ့လူ ကမၻာေပၚမွာတစ္ေယာက္မွမ႐ွိဘူး။ ကိုယ္ခ်င္းစာၾကပါ။ တရားဥပေဒ အမွန္အကန္စိုးမိုးတဲ့တေန႔ ကြၽန္ေတာ္ခ်မ္းသာရမယ္ လို႔ အိမ္ကဘုရားမွာထိုင္ဆုေတာင္းရင္း ကြၽန္ေတာ့္ကိုစိတ္ပူေပးၾကသူအားလံုးကို ေက်းဇူးအထူးတင္႐ွိပါသည္။ ” ဆိုျပီးေျပာလာတာပဲ

ျဖစ္ပါတယ္။ေျပဇင္ကေတာ့ မေကြးျမိဳ့မွာ သူအစုရွယ္ယာပါဝင္ထားတဲ့ KTV ေလး အဖမ္းခံရတာနဲ့ ပက္သတ္ျပီးရင္တြင္းခံစားခ်က္ကို ပြင့္ပြင့္လင္းလင္း ေျပာျပလာတာပဲ ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

တစ်ကမ္ဘာလုံး ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ Covid-19 ရောဂါက ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကိုသာမက နောက်ဆက်တွဲမှာလည်း စီးပွားရေး၊ စားဝတ်နေရေးတွေကိုပါ ကြပ်တည်းလာစေခဲ့တာပဲ ဖြစ်ပါတယ်။ လုပ်ငန်းရှင် စီးပွားရေးသမားကြီးတွေလည်းလုပ်ငန်းတွေ

ရပ်ဆိုင်းထားပြီးထိခိုက်မှုတွေရှိသလို ဝန်ထမ်းတွေနဲ့ သာမာန်လက်လုပ်လက်စားတွေကလည်း စားဝတ်နေရေးအတွက် အသက်အန္တရာယ်ကြားထဲကနေရုန်းကန်လာနေကြရတာပဲ ဖြစ်ပါတယ်။ အနုပညာရှင်တွေအနေနဲ့လည်းသူတို့ရဲ့ အနုပညာအလုပ်တွေကိုရပ်နားထားရတာမို့

အခြားစီးပွားရေးလုပ်ငန်းတွေကို တွဲဖက်လုပ်ကိုင်လာရသလိုတချို့ဆိုအလုပ်မရှိပဲထိုင်နေရတာဖြစ်ပါတယ်။ သရုပ်ဆောင်ပြေဇင်ကလည်းအနု ပညာအလုပ်တွေရပ်နားထားချိန်မှာသူအစုရှယ်ယာပါဝင်ထားတဲ့ မကွေးမြို့က KTV လေးခိုးဖွင့်လို့ အဖမ်းခံရတာနဲ့ ပက်သတ်ပြီးတော့

ပြောလာပါတယ်။“မကွေးမှာ ktv တစ်ခု ဒီကာလမှာခိုးဖွင့်လို့ အဖမ်းခံရတယ်တဲ့။ အသိမိတ်ဆွေတချို့က ကျွန်တော့်ကိုစိတ်ပူပြီး သတင်းလှမ်းမေးကြတယ်။ ကျွန်တော်ကမကွေးကသူငယ်ချင်းတချို့နဲ့ အစုရှယ်ယာ ဘားနဲ့ KTV လေးဖွင့်ထားတာကိုး၊ စိတ်ပူကြမှာပေါ့။ အစုရှယ်ယာဆိုလို့

အထင်လည်းသိပ်မကြီးကြနဲ့ဦး။ ကျွန်တော်ပါဝင် တဲ့ရှယ်ယာကအနည်းဆုံးပဲ။ ငွေပိုငွေလျှံရှိလို့ ရှယ်ယာပါထားတာမဟုတ်ပါဘူး။ ၂၀၁၆လောက်က စီးနေတဲ့ကားလေးကိုရောင်းပြီးရှယ်ယာထည့်ထားတာပါ။ တကယ်တော့ ဒါတွေက မပြောပြသင့်တဲ့အကြောင်းတရားတွေပါ။

လူဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ်ပဲလေ” “အကျိုးအမြတ်လိုချင်လို့ ရင်းနှီးမြုပ်နှံတဲ့သဘောပါ။ ၂၀၁၇မှာ ဆိုင်စတင်ဆောက်လုပ် ပြင်ဆင်တာဟာ ၂၀၁၈နှစ်ကုန်မှစဖွင့်နိုင်ခဲ့ပါတယ်။ ဆိုင်စဖွင့်တဲ့အချိန်မှာ ktv မဖွင့်နိုင်သေးပါဘူး။ Bar သာ စဖွင့်ရင်း ရလာတဲ့ငွေအနည်းငယ်နဲ့

ဖြည်းဖြည်းချင်း ktv အခန်းလေးတွေ တိုးချဲ့ခဲ့ရတယ်။ ၁ခန်းမှ ၂ခန်း ၂ခန်းမှ၈ခန်းထိဖြစ်ဖို့ အချိန် တစ်နှစ်လောက်ရင်းနှီးခဲ့ရပါတယ်။ ဒါတွေအားလုံးကို လက်ရှိရှယ်ယာအများဆုံးနဲ့ ဦးစီးဦးဆောင်လုပ်ပေးနေတဲ့ မကွေးကမြို့ခံသူငယ်ချင်းအသိဆုံးပါ။ ဆိုတော့ကျွန်တော်တို့ရဲ့ barနဲ့ktv ကို

၂၀၁၉နှစ်ကုန်မှ အလုံးစုံအချောသတ်ဖွင့်နိုင်ခဲ့ပါတယ်“ကျွန်တော်တို့ ktv လေးက family ktv ပါ။ အကျိုးအမြတ်လိုချင်လို့ စီးပွားရေးလုပ်တယ်ဆိုပေမယ့် မသမာတဲ့နည်းလမ်းတစ်ခုမှ မသုံးခဲ့ပါဘူး။ အစိုးရကချမှတ်တဲ့ စည်းကမ်းစံချိန်စံညွှန်းတွေနဲ့ အညီ လိုင်စင်ကအစအခွန်ပါမကျန်

လစ်ဟင်းမှုမရှိအောင် သူငယ်ချင်းဖြစ်သူ မကွေးသားက စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တာပါ။ ဆိုင်ဖွင့်ဖွင့်ချင်းမှာ ကြွေးလိုက်ရတဲ့ FOC ဆိုတာ မနည်းမနော။ FOC ဆိုတာကိုနားလည်ခဲ့လို့ကိုယ်ကိုယ်တိုင် FOC မဖြစ်အောင် နေထိုင်ကျင့်ကြံခဲ့ပါတယ်။” “ဒီကာလဆိုးကြီးမှာကိုယ့်ထက်

ဒုက္ခရောက်နေသူတွေ ဒုနဲ့ဒေးပါ။ ဒါကိုကိုယ့်ဒုက္ခမှဒုက္ခလို့သတ်မှတ်ရင် မတရားရာကျလိမ့်မယ်။ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိတဲ့ရောဂါကပ်ဆိုးကြီးကို ကြုံနေရတဲ့အချိန်မှာ ဘယ်သူ့ကိုမှအပြစ်မတင်ချင်ဘူး။ ဒါ ကျွန်တော့်ရင်တွင်းစကားပါ။ နေ့စဉ်ကူးစက်မှုများနေတာကိုနေ့စဉ်အပြင်

ထွက်နေတဲ့သူတွေကို အပြစ်တင်လို့မရဘူး။ တနေ့လုပ်တနေ့စားတွေ စားဝတ်နေရေးအရမ်းခက်ခဲနေကြပါတယ်။ စည်းကမ်းချက်တွေထုတ် ထားပေမယ့် ဥပဒေနဲ့အညီဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အစိုးရကိုလည်းအပြစ်မတင်ရက်ပါဘူး။ အစိုးရကိုယ်တိုင်ကိုင်တွယ်ဖို့ခက်ခဲတဲ့

အခြေအနေတစ်ခုပါ” “ထိုအခြေအနေ အချိန် ကာလကြီးမှာ လူတိုင်းဟာ စိတ်ဘဝင်မကျဖြစ်ကြရပါတယ်။ ထွက်ပေါက်ကို fbပေါ်ရှာကြပုံရပါတယ်။ ကျွန်တော်လည်း ထွက်ပေါက်တစ်ခုကို fb ပေါ်ရှာပါရစေ။ ကျွန်တော်တို့ရဲ့ barနဲ့ktv လေးဟာဆယ်တန်းစာမေးပွဲစဖြေတဲ့အချိန်ထဲက

စီမံချက်ဆိုတဲ့ အသုံးအနှုန်းတစ်ခုကြောင့် ခဏပိတ်ပေးရပါတယ်။ စာမေးပွဲတွေပြီးတော့ ကိုဗစ်စတင်လာလို့ ဆက်လက်ပိတ်ပေးရပါတယ်။ ကိုဗစ်ပထမလှိုင်းပြီးတော့ ခဏပြန်ဖွင့်ခွင့်ရပါတယ်။ လုပ်ငန်းစတင်ပြန်လည်ပတ်ဖို့ အားယူတုန်း ဒုတိယလှိုင်းကြောင့် ပြန်ပိတ်ထားရတာ

ဒီနေ့အထိပါပဲ။ ဘယ်တော့ပြန်ဖွင့်ခွင့်ရမယ်ဆိုတာ မသေချာသေးပါဘူး။ ပါဆယ်ရောင်းတာ ဘယ်လိုမှမကိုက်ပါဘူး။ ကေတီဗီကိုလည်း ဘယ်သူမှပါဆယ်မဆိုကြပါဘူး။ ကျွန်တော်တို့ ဆိုင်ကို ဖြုတ် လိုက်ဖို့ဆိုတာ ကျွန်တော်တို့အတွက်မဖြစ်နိုင်ပါဘူး။ ကိုယ့်ဒုက္ခနဲ့ကိုယ်ကြံ့ကြံ့ခံကြ

ရပါတယ်။“လက်ရှိအချိန်မှာဆိုင်ကရတဲ့ဝင်ငွေ လုံးဝမရှိပါဘူး။ ရှေ့မှာရှိခဲ့လားဆိုတော့လည်း မရှိခဲ့ပါဘူး။ ဝင်ငွေဆိုတာအမြတ်ငွေကိုပြောတာမဟုတ်ပါ။ ရင်းထားတဲ့အရင်းနှီးကိုမေ့ပြီးဆိုင်ကိုကောင်းသထက်ကောင်းအောင် ကြိုးစားလုပ်ကိုင်နေကြတဲ့အတွက်အရင်းပြန်မရရင်တောင်

ဝင်လာတဲ့ဝင်ငွေကို ဆက်လက်ရင်းနှီးနေကြတာပါ။ ကျွန်တော်အလုပ်မရှိတာတစ်နှစ်ရှိပါပြီ။ ဆိုတော့က Ktv တွေ Barတွေ စားသောက်ဆိုင်တွေ ခိုးဖွင့်ကြတာကို အပြစ်မမြင်ကြစေချင်ဘူး။ ခိုးဖွင့်လို့ ဖမ်းခံရရင်လည်းဝမ်းမသာကြစေချင်ဘူး။ ချမှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာပဲ

ခိုးလုပ်နေကြသူတွေဟာ ကိုယ့်ကိုကိုယ်အသိဆုံးပါ။ အဆိုးဆုံးကတော့ ” ခိုး”ဆိုတဲ့အသုံးအနှုန်းကို မသုံးကြပါနဲ့ဗျာ။” “ကျွန်တော်တို့ မခိုးကြပါဘူး။ သူ့စီးပွား ကိုယ့်စီးပွားကိုယ်ချင်းစာပေးကြပါ။ ခေတ်ကောင်းကောင်းမကောင်းကောင်း ရူးချင်ယောင်ဆောင်နေကြသူတွေအများကြီးပါ။

အရူးကွက်တွေနင်းပြီး “ခိုးဖွင့်တာအဖမ်းခံရတာတောင်နဲသေး ဆိုင်ကိုရာသက်ပန်ပိတ်ပြစ်”၊ “လိုင်စင်သိမ်း ထောင်ချ”၊ “ဥပဒေမလိုက်နာတဲ့သူတွေ ၄ပဲ” တို့ဘာတို့တွေ မပြောကြပါနဲ့ဗျာ။ အဆိုးဆုံးက “ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်ချင်းမစာဘူး”လို့ မပြောကြပါနဲ့ဗျာ။

မကျန်းမာချင်တဲ့လူ ကမ္ဘာပေါ်မှာတစ်ယောက်မှမရှိဘူး။ ကိုယ်ချင်းစာကြပါ။ တရားဥပဒေ အမှန်အကန်စိုးမိုးတဲ့တနေ့ ကျွန်တော်ချမ်းသာရမယ် လို့ အိမ်ကဘုရားမှာထိုင်ဆုတောင်းရင်း ကျွန်တော့်ကိုစိတ်ပူပေးကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ” ဆိုပြီးပြောလာတာပဲ

ဖြစ်ပါတယ်။ပြေဇင်ကတော့ မကွေးမြို့မှာ သူအစုရှယ်ယာပါဝင်ထားတဲ့ KTV လေး အဖမ်းခံရတာနဲ့ ပက်သတ်ပြီးရင်တွင်းခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်