စနိုက်လာကျော်တဲ့မိန်းမတွေဆီပါသွား​သော ယောကျာ်းတွေကို ပိုစိတ်ဆိုးတယ်လို့​ပြောပြလာခဲ့​သော မကြီးစန်းရဲ့ (ရုပ်​သံ)
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပရိသတ်ကြီးရေမကြီးစန်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မိတ်ကပ်ပညာရှင်ခင်စန်းဝင်းကိုတော့ ပရိသတ်တွေအားလုံးပဲ ချစ်ခင်အားပေးကြမှာပါနော်။ မိတ်ကပ်ပညာလောကမှာ ဆယ်စုနှစ်တွေတည်းကအောင်မြင်လာသလိုသရုပ်ဆောင်ပိုင်းမှာလည်းဇာတ်ကားများရိုက်ကူးနေပြီး
ကြော်ငြာတွေလည်း ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်နော်။ ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မကြီးစန်းကချစ်သူကို စနိုက်ကျော်သွားတာ ခံလိုက်ရတဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်။ မကြီးကစနိုက်ကြော်ခံရဖူးတယ် မကြီးဆီကစနိုက်ကြော်တဲ့လူကိုစိတ်မဆိုးဘူး၊
ပါသွားတဲ့လူကိုပဲစိတ်ဆိုးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီတစ်ဦးတစ်ယောက်က ကိုယ့်ကိုချစ်တယ် မေတ္တာရှိတယ်ဆိုရင် မကြီးတို့ကတော့ချစ်ခြင်းမေတ္တာထက်ကိုသံယောဇဉ်ပိုတယ်။ သူတို့အပေါ်မှာကူညီပေးတယ် စောင့်ရှောက်ပေးတာတွေကိုထောက်ပြီးတော့ယောကျာ်းလေးနဲ့
မိန်းကလေးဆိုတာသဘာဝပဲချစ်နိုင်တယ် ကြိုက်နိုင်တယ်ဒါမကြီးလက်ခံတယ်။ သို့သော် ချစ်နိုင်ကြိုက်နိုင်တဲ့အတိုင်းအတာတစ်ခုမှာ မကြီးတို့ အနေနဲ့ Supporting လုပ်ပေးရတယ် ကူညီပေးရတယ် စောင့်ရှောက်ပေးရတယ်ဆိုတဲ့အခါကြတော့ မကြီးတို့စေတနာအပေါ်မှာ
တန်ဖိုးထားပြီးတော့လုပ်ချင်တဲ့ စိတ်ဆန္ဒရှိခဲ့ရင်တောင်မှ၊ ဪ ဒါ မကြီးစန်းကငါ့အပေါ်မှာ ချစ်တဲ့စိတ်နဲ့လုပ်ပေးခဲ့ပါလား ငါ့ရဲ့အခက်အခဲတွေကို ဖြေရှင်းပေးခဲ့ပါလား မကြီးစန်းကြောင့် ငါလှေကားထစ်တွေလိုဆက်တိုက်မြင့်တက်လာတယ် အဲ့လို ကိုယ့်ရဲ့တိုးတက်မှုအတိုင်းအတာကို
ကိုယ်ပြန်ကြည့်ပြီးတော့ ငါမလုပ်ပါဘူးလေ ဆိုပြီး ဆင်ခြင်စေချင်တာ။ ဒါပေမယ့်လည်း အတွေ့အထိတွေကသိတဲ့အတိုင်းပဲ အခုအချိန်မှာက ယောကျာ်းလေးဘက်ကပုံမှန်ဆိုပေမယ့် မိန်းကလေးဘက်က အတင်းလိုက်တာတွေများတယ် အဲ့တော့ဒီလိုဖောက်ပြန်မှုကြီးကိုမကြီးစန်းတို့
မတားနိုင်ဘူး။ အနေနီးတယ် ပြီးတော့တဖက်က ဖိတ်စာတွေဝေတာပေါ့နော် Invite တွေလုပ်တာများတဲ့အခါကြတော့လည်းသွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ ယောကျာ်းလေးတွေဆိုတော့ သဘာဝတရားလည်းရှိတဲ့အခါကြတော့ ပါကုန်တာပေါ့အဲ့လိုဆိုတော့
တော်တော်ပြောရခက်တယ်။ မကြီးက ဒီဘဝရောက်အောင် နေရာတစ်ခုမှာရောက်အောင် မနည်းကြိုးစားလာခဲ့ရတာဖြစ်တဲ့အတွက်ကိုယ့်ကိုကိုယ်တော့ ဒုက္ခရောက်အောင်မလုပ်ပါဘူး စိတ်ခံစားချက်နောက်ကိုမလိုက်ဘူး။ အခုတော့ ၁၅၀၀ အချစ်ထက်ကိုယ့်တပည့်သားမြေးတွေအပေါ်
ချစ်တဲ့ ၅၂၈ အချစ်နဲ့ပဲ ချစ်တော့မယ်လို့ တွေးထားပါတယ် ” လို့ဆိုလာခဲ့တာဖြစ်ပါတယ်။ မကြီးစန်းကတော့ ချစ်သူကို စနိုက်ကျော်သွားတာ ခံလိုက်ရတဲ့အကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်