ချစ်ရတဲ့ပရိသတ်တွေ အလိမ်ခံထိမှာစိုးတာကြောင့် သတိပေး စကားဆိုလာခဲ့​သော စိုင်းစိုင်းခမ်းလှိုင်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပရိသတ်အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်းလိုင် ကတော့ဆယ်စုနှစ် (၂) ခုစာ အနုပညာလောကမှာ လျှောက်လှမ်းခဲ့ပြီး ပရိသတ်အချစ်တွေကိုလည်း ရရှိနေဆဲပါ။ ယခု လက်ရှိမှာလည်း အနုပညာ ဖန်တီးမှု အသစ်တွေနဲ့ပရိသတ်တွေရဲ့
အချစ်ကို ရယူထား ဆဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ စိုင်းစိုင်းရဲ့နာမည်ကိုအသုံးပြုထားတဲ့ Page အတုတစ်ခုနဲ့ ပတ်သက်ပြီးပရိသတ်ကို ပြောပြလာခဲ့ပါတယ်။ စိုင်းစိုင်းပြောပြတာကတော့ သူ့ရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာ“Page အတုလုပ်ပါတယ်။
Video အဟောင်းတွေနဲ့ Live အတုလုပ်ပါတယ်တဲ့ဗျာ။ ဘာလိမ်မလို့လဲမသိပါဘူး။ ချစ်ပရိသတ်များ အလိမ်မခံရစေရန် အထူးသတိပြုရန်” ဆိုပြီးတော့ Page အတုရဲ့ပုံတွေနဲ့တကွ ဖော်ပြလာခဲ့တာပါ။ အနုပညာရှင် အတော်များများကတော့
Page အတုတွေကြောင့် မကြာခဏဆိုသလိုပဲ စိတ်ညစ်စရာတွေကိုကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ မြန်မာနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံးသော အနုပညာရှင်တွေထဲက တစ်ယောက်လဲဖြစ်တာကြောင့်လည်း
အခုလို Page အတုကို ပြုလုပ်ကာအသုံးချတဲ့သူ ပေါ်လာတယ်လို့ ဆိုရမှာပါ။ စိုင်းစိုင်းကတော့ ပရိသတ်တွေကို စိတ်ပူ တာကြောင့် ယခုလို အသိပေးထားတာ လည်းဖြစ်ပါတယ်။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်